ကချင်ပြည်နယ် ငြိမ်းချမ်းရေးရပါစေ ! ! !


ကေအိုင်အို နဲ့ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ ထပ်မံတွေ့ဆုံမည်

2012-10-29
ကေအိုင်အိုနဲ့ အစိုးရ ငြိမ်းရေးဖေါ်ဆောင်ရေးအဖွဲ့တို့ အောက်တိုဘာလ ၃၀ ရက်နေ့ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ၄ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမယ်လို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေက ပြောပါတယ်။
RFA
KIO နှင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ၂၀၁၂ ခုနှစ် မတ်လဆန်းပိုင်းက တွေ့ဆုံခဲ့သည့် မှတ်တမ်းပုံ ဖြစ်ပါသည်။
ဒီတစ်ကြိမ်မှာတော့ အောက်တိုဘာလ ၃၀ ကနေ ၃၁ ရက်နေ့အထိ ၂ ရက်ကြာမြင့်မှာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက စစ်ဆင်ရေး အထူးအဖွဲ့မှူး တစ်ဦး ပါဝင်ဆွေးနွေးမယ်လို့ သိရပါတယ်။
ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလမိုင်ဂွမ်ဂျာက အခုလို ပြောပါတယ်။
“… အကြီးဆုံးက အဖွဲ့ခေါင်းဆောင်ကတော့ ဦအောင်မင်း ၊ တပ်ဖက်က အကြီးဆုံးက ကကက မှုး ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး ကျန်တာကတော့ မြောက်ပိုင်းတိုင်းတိုင်းမှုးရယ်၊ ရမခ တိုင်းမှုးရယ်ပါမယ်။ ကေအိုင်အိုဘက်ကတော့ စာရင်းအတိအကျမသိသေးဘူး လမ်းခုလတ်မှာတဲ့ သူတို့မိုင်ဂျာယန်ရောက်မှ အကြောင်းပြန်မယ်လို့ပြောတယ် ဒါပေမဲ့ သူ့ရဲ့အဖွဲ့ခေါင်းဆောင်ကတော့ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ဥက္ကဌ ဦှးဆွမ်လွတ်ဂန်ပဲ…”
အရင်က ဆွေးနွေးပွဲတွေကိုလည်း တရုတ်နိုင်ငံ ရွှေလီမြို့မှာပဲ ကျင်းပခဲ့တာပါ။ အဲဒီတုံးက တပ်ပိုင်းဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့ရာမှာ အောင်မြင်မှုမရှိခဲ့ဘဲ   ဒီတခါတော့ အစိုးရဘက်က ဆုံးဖြတ်နိုင်တဲ့ တပ်ပိုင်းဆိုင်ရာ ပုဂိုလ်တွေပါလာတဲ့အတွက် ဆွေးနွေးပွဲက အကောင်းဖက်ကို မျှော်လင့်နိုင်တယ်လို့ ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။
ဦးလမိုင်ဂွမ်ဂျာကို အာအက်ဖ်အေ ၀ိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်






ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: