21 October 2012  |By The Voice Journal 
ဒုတိယ ကမ္ဘာစစ် လက်ကျန် တိုက်လေယာဉ်များ ရှာဖွေရေးနှင့် ပက်သက်၍ သတင်းစာ
 ရှင်းလင်းပွဲ တစ်ရပ် ကို အောက်တိုဘာ လကုန်တွင် ပြုလုပ် သွားမည် 
ဖြစ်ကြောင်း ရွှေတောင်ပေါ် ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာ ဦးထူးထူးဇော် က The 
Voice Weekly သို့ ပြောကြား သည်။
ယင်း စစ်ကျန် တိုက်လေယာဉ်များ တူးဖော်မှုတွင် နိုင်ငံတော် အစိုးရ၊ 
ရွှေတောင်ပေါ် ကုမ္ပဏီ နှင့် ဗြိတိသျှ အခြေစိုက် DJC ကုမ္ပဏီတို့ ပူးပေါင်း 
လုပ်ဆောင် ကြမည် ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာ များတွင် ဖော်ပြ ထားသည်။ 
အကျိုးအမြတ် ခွဲဝေမှုကိုလည်း နိုင်ငံတော် အစိုးရက ၅ဝ ရာခိုင်နှုန်း၊ 
ရွှေတောင်ပေါ် ကုမ္ပဏီ က ၂ဝ ရာခိုင်နှုန်း နှင့် ဗြိတိသျ JDC ကုမ္ပဏီ က ၃ဝ 
ရာခိုင်နှုန်း ဖြင့် သဘော တူညီခဲ့ ကြခြင်း ဖြစ်သည်။
ယင်းလုပ်ငန်းကို ဗြိတိန်နိုင်ငံ DJC ကုမ္ပဏီနှင့် ပူးပေါင်း 
လုပ်ဆောင်မည်ဖြစ် ပြီး ရွှေတောင်ပေါ်ကုမ္ပဏီက လေယာဉ် တူးဖော်ရေး အပိုင်းကို 
လုပ်ဆောင်မည်ဖြစ်ကြောင်း၊ နိုဝင်ဘာလ ပထမပတ်တွင် လုပ်ငန်း စတင်မည်ဖြစ်ပြီး ၂
 နှစ်အတွင်း အပြီး လုပ်ဆောင်သွားမည်ဖြစ်ကာ အသေးစိတ် အချက်အလက်များကိုမူ 
ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။
ဒုတိယ ကမ္ဘာစစ် အတွင်း အစင်းရေ နှစ်သောင်းထက် မနည်း ထုတ်လုပ်ခဲ့သော် လည်း
 ယခုအခါ ကမ္ဘာ တစ်ဝန်းတွင် အစင်း ရေ ၃၅ စင်းခန့်သာ ကျန်ရှိတော့သည့် အလျား ၃၀
 ပေ၊ တောင်ပံအလျား ၃၇ ပေရှိသော ယင်း Spitfire တိုက်လေယာဉ် များသည် 
မင်္ဂလာဒုံ၊ မြစ်ကြီးနားနှင့် မိတ်္ထီလာ (သဲတော)တို့တွင်တည်ရှိပြီး လူနေအိမ် 
များနှင့် ကင်းလွတ်ရာတွင် တည်ရှိသည် ဟု မှတ်တမ်း မှတ်ရာနှင့် အထောက် 
အထားများအရ သိရှိရကြောင်း၊ ယင်းတိုက် လေယာဉ်များကို ကျွန်း သေတ္တာများ 
အတွင်း ပလတ်စတစ်ဖြင့် ထုပ်ပိုးထားရှိကြောင်း၊ ပြည်ပသို့ သယ်ဆောင်ရေး 
အပိုင်းတွင် ရေကြောင်းဖြင့် သယ်ယူရန် လျာထားခဲ့ကြောင်း ၎င်းကဆိုသည်။
Mr.David J.Cundall သည် ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ တိုက်လေယာဉ် အစင်း
 ၆၀ ခန့်ကို မြန်မာ့ မြေအောက်တွင် စနစ်တကျ ထုပ်ပိုး သိမ်းဆည်းထားသည်ဟု 
ယူဆရသော အချက်အလက်များကို စစ်ဆေး တွေ့ရှိခဲ့သဖြင့် ဗြိတိန် ၀န်ကြီးချုပ် 
ဒေးဗစ် ကင်မရွန်းကို ဆက်သွယ်ပြီး ပြည်တော်ပြန် သယ်ယူရန် အကူအညီတောင်း ရာမှ 
ယခုကိစ္စ အကောင်အထည်ပေါ်လာ ခဲ့ခြင်းဖြစ်ကြောင်း ၎င်းထံမှ သိရသည်။
ဗြိတိသျှ ၀န်ကြီးချုပ်နှင့် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်တွေ့ဆုံ 
ဆွေးနွေးခဲ့ သည့်ကိစ္စများအနက် Spitfire တိုက် လေယာဉ်များ ကိစ္စ ပါဝင်ပြီး 
အဆိုပါ တိုက်လေယာဉ်များကို ပြန်လည် တူးဖော် ကြရန် နှစ်နိုင်ငံ အကြား 
သဘောတူညီ ချက်ကို အောက်တိုဘာလ ၁၇ ရက်နေ့ တွင် နေပြည်တော်၌ လက်မှတ် ရေးထိုး 
နိုင်ခဲ့သည်။ 
စစ်ကျန် တိုက်လေယာဉ်များ တူးဖော်ရေးကိစ္စကို 
မြန်မာနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို 
ကောင်းမွန်ရန် အတွက် ရည်ရွယ် လက်မှတ်ရေးထိုးခဲ့ကြ ခြင်းဖြစ်ကြောင်း 
ပို့ဆောင်ရေး ၀န်ကြီးဌာန လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန 
ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း က ပြောကြားသည်။
ဗြိတိသျှတို့သည် ဒုတိယ ကမ္ဘာစစ် အတွင်း Spitfire တိုက်လေယာဉ်များကို 
မြန်မာ့ မြေအောက်၌ မပျက်မစီး မယိုမယွင်းဘဲ တိတ်တဆိတ် သိုဝှက်ထားခဲ့ကြောင်း၊
 ဗြိတိန်နိုင်ငံ DJC ကုမ္ပဏီ ဥက္ကဋ္ဌ အသက် ၆၂ နှစ်အရွယ် Mr.David J.Cundall သည်
 Spitfire လေယာဉ်များ ကို ရှာဖွေရန်အတွက် ၁၉၉၇ ခုနှစ်မှ စတင်ကာ 
မြန်မာနိုင်ငံသို့ ၁၂ ခေါက် ရောက်ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၁၀,၀၀၀ ကျော် 
သုံးစွဲခဲ့ကြောင်း ယင်း ကုမ္ပဏီထံမှ သိရသည်။
ရဲနိုင်ဦး၊ ဉဏ်မျိုးအောင်

No comments:
Post a Comment