အဘဆန္ဒ နောင်ဘဝမှာ ပြည့်ဝပါစေ





ဗိုလ်ကျော်ဇော
တမလွန်ရောက် အဘဟာ
တချိန်တခါက အမည်နဲ့လိုက်အောင်
ကျော်ဇော်ထင်ပေါ်ခဲ့တဲ့
ရဲဘော်သုံးကျိပ်ဝင် ရဲဘော်တစ်ဦးပေါ့။
အဘရဲ့ အရိုးခံစိတ်နဲ့ တပ်မတော်နဲ့
ပြည်သူအပေါ်ထားရှိတဲ့ ဖြူစင်တဲ့မေတ္တာဟာ
ငြိမ်းချမ်းရေးကို ရှေးရှုပါတယ်။
မသေခင် မကြွေခင်မှာဖြစ်ပေါ်လာတဲ့
ရွှေတိဂုံဘုရား ဖူးမျှော်ချင်တဲ့ အဘရဲ့ဆန္ဒ
မပြည့်ဝပေမယ့် ကျနော်ဆုတောင်းပေးပါ့မယ်
အဘဆန္ဒ နောင်ဘဝမှာ ပြည့်ဝပါစေ။
( ကိုဗလိုင် )
( အဘ....ကောင်းရာသုဂတိလာပါစေ )

No comments: