၂၀၀၉ ခုနှစ် စက်တင်ဘာလက ရေပန်းစားခဲ့တဲ့ နည်းပညာ တစ်ခု ဖြစ်ပါတယ်။ အသက် ၁၈ 
နှစ်အရွယ် နီပေါနိုင်ငံမှ သိပ္ပံကျောင်းသား Milan Karki က တီထွင်ခဲ့တဲ့ 
ဆံပင်မွေးသုံး ဆိုလာပယ်နယ် ဖြစ်ပါတယ်။ 
နေရောင်ခြည်စွမ်းအင်ဆုပ်ယူပေတဲ့
 ဆိုလာ/နေရောင်ခြည်စွမ်းအင် ဆုပ်ယူသော သတ္တုပြားများဟာ အင်မတန် 
ဈေးကြီးပါတယ်။ ယင်းအပြားက ဆုပ်ယူတဲ့ စွမ်းအင်ကို ကူးပြောင်းပေမယ့် ကြားမှာ
 ဆီလီကွန် ဝါယာကြိုး တပ်ဆ်ပေးရတာကလည်း ဈေးတော်တော်ကြီးတဲ့ အစိတ်အပိုင်း 
ဖြစ်ပါတယ်။ ဒါကြောင့် ဆိုလာပါဝါကို ယနေ့တိုင် တွင်တွင်ကျယ်ကျယ် အသုံး 
မပြုနိုင်သေးခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် ဆီလီကွန် အစားထိုးမယ့် 
ဆံပင်မွေးသုံး ဆိုလာစက်ကို နီပေါနိုင်ငံသားလေးက တီထွင်ခဲ့ပါတယ်။ 
သူနေထိုင်တဲ့ ရွာလေးမှာ တစ်ရက်ကို မီး ၁၆ နာရီ 
ပျက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လျှပ်စစ်မီးအမြဲလင်းနေဖို့ဟာ သူ့ရဲ 
့စိတ်ကူး အိပ်မက် ဖြစ်ပြီး သူငယ်ချင်းများ ညဘက်ထွက်လညချိန်မှာ 
ဖယောင်းတိုင်ထွန်းပြီး စာအုပ်များ လေ့လာခဲ့ပါတယ်။ သူ့လေ့လာတဲ့စာက ရူပဗေဒ 
ပညာရှင် စတီဖန်ဟော့ကင်း ဖြစ်ပါတယ်။ လေးစားရတဲ့ ဟီးရီုးအနေနဲ့ကတော့ 
အက်ဒီဆင်ကို စံယူထားသူ ဖြစ်ပါတယ်။ 
ဒါကြောင့် အချိန်တိုတွင်း 
လေ့လာပြီး လျှပ်စစ်မီးထုတ်ဖို့ ဆံပင်မွေးက ဘယ်လို အသုံးဝင်တယ်ဆိုတာ 
သိရှိသွားပါတယ်။ ဆံပင်မှာ အရောင်ထွက် စေတဲ့ ဆိုးဆေးများက အစ 
လျှပ်စစ်စီးဖို့အတွက် Conductor အနေနဲ့ လုပ်ဆောင်နိုင်တာကို တွေ့ရှိခဲ့ပြီး
 ဆံပင်ကို ဆိုလာပယ်နယ်က ဆီလီကွန်တွေမှာ အစားထိုးခဲ့ပါတယ်။ နောက်တော့ 
သူဖန်တီးတဲ့ လက် တစ်မစာ ဆိုလာပယ်နယ်ငယ်လေးဟာ အိမ်တွင်း တစ်ညတာ အလင်းပေးမယ့်
 ဘက်ထရီကို အားဖြည့်ပေးနိုင်တယ်ဆိုတာကို တွေ့ ရှိ သွားပါတယ်။ 
အားလုံးပေါင်း
 ကုန်ကျစရိတ်က မြန်မာကျပ်ငွေနဲ့တွက်ရင် ၃သောင်းခွဲကျော်လေးပဲ ဖြစ်ပါတယ်။ 
ဒီလောက်ငွေနည်းနည်းနဲ့ ဘက်ထရီတွေ အားဖြည့်နိုင်တယ်၊ မီးလင်းစေနိုင်တယ်ဆိုတာ
 ထူးခြားတဲ့ ဖန်တီးမှု တစ်ရပ် ဖြစ်ပါတယ်။ 
ယခုတော့ Milan ဟာ 
စကော်လာရှစ်ရလို့ လျှပ်စစ်နဲ့ ပက်သက်လို့ ပိုမို နက်နဲစွာ လေ့လာနေပြီ 
ဖြစ်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်နေတဲ့ 
နီပေါနိုင်ငံတစ်ခုလုံးကို အကုန်ကျ သက်သာစွာ မီးရရှိရေး ဖြစ်ပါတယ်။ 
ဆံပင်မွေးနဲ့ အလင်းပေးနိုင် တာ တွေ့ရှိပြီး ဒီထက်ပို လွယ်ကူ၊ အစုလိုက် 
ထုတ်လုပ်မှုအတွက် အဆင်ပြေတဲ့ နည်းပညာများ ရှာဖွေလေ့လာ ဖန်တီးနေပြီ 
ဖြစ်ပါတယ်။ 
ယခုဆိုရင် Milan ဟာ အသက် ၂၁ နှစ် ကျော်ပြီ ဖြစ်ပြီး 
ရူပဗေဒ ပညာကို ထဲထဲဝင်ဝင်လေ့လာနေပြီ ဖြစ်ပါတယ်။ BBC, Daily Mail, CNN 
တို့လို မီဒီယာများ သွားရောက် အင်တာဗျူးပြီး ကမ္ဘာက လေးစားရတဲ့ လူငယ် တစ်ဦး
 ဖြစ်လာခဲ့ကြောင်း သိရပါတယ်။ 
----
Ref:Daily Mail
Photo courtesy of Barcroft Meida. All Rights Reserved.
Aung Kham (TSJ team) 
 *************************
TechSpace ဂျာနယ်မှ ယူထားပါတယ် 

No comments:
Post a Comment