ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေးအဖြေ

 သမ္မတကြီးပြောကြားခဲ့သောပြည်သူလူထုကသာလိုလားပါက ဒုတိယသက်တမ်းကိုထမ်းဆောင်သွားမည်ဟူသောပေါ်ပြူလာနယူးစ် ၏ မေးခွန်းအပေါ်“နောက်သက်တမ်းမှာအရွေးချယ်ခံချင်တဲ့မည်သူမဆိုအားလုံးကနေမျှမျှတတအခြေခံပေါ်
ကနေ ရွေးချယ်နိုင်အောင်လို့ ကြိုးစားပေးစေချင်တယ်။ အကုန်ပြင်ရမှာပဲ။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကြီးက တရားမျှတမှုမှမရှိတာ။ တရားမမျှတတဲ့ ဥပဒေအရတော့ ခေါင်းဆောင်လုပ်ချင်စိတ်မရှိသင့်ဘူးလို့ဒီလိုပဲမြင်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်
လည်ဖြေကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် လွှတ်တော်အမတ်များပေါ်တွင်သာမူတည်ကြောင်း သမ္မတကြီး၏ပြောကြားချက်အပေါ် “တကယ် ဒီမိုကရေစီလိုလားတဲ့သူတိုင်းမှာ ဒီမိုကရေစီနဲ့မကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပုဒ်မတွေကို ပြင်ဆင်ဖို့က ကိုယ့်တာဝန်ပဲလို့မှတ်ယူရပါမယ်။ နောက်ပြီးတော့
 
 နိုင်ငံတော်သမ္မတကြီးကဖွဲ့စည်းပုံအခြေခံဥပဒေညီလာခံရဲ့ဥက္ကဋ္ဌ
မဟုတ်ဘူးလား”ဟု ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ဖြေကြားခဲ့သည်။

"နိုင်ငံရေးအရ မလိုလားတဲ့သူတွေကို ဆင်ခြေပေးပြီး ဖမ်းနိုင်သောဥပဒေ များကို ဖျက်သိမ်းရမည် ဟု ဒေါ်အောင်ဆန်းစုကြည်ဆို"

နေပြည်တော် အောက်တိုဘာ ၂၃ ရက် ယနေ့ကျင်းပသောပြည်သူ့လွှတ်တော် အစည်းအဝေးတွင်တင်သွင်းမည့် ပုသိမ်မဲဆန္ဒ နယ် မှဦးဝင်းမြင့်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)က"၁၉၇၅ခုနှစ်တွင်ပြည်သူ့လွှတ်တော်ဥပဒေအမှတ်၃အဖြစ်
 ပြဌာန်းခဲ့သော နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ပယ်ဖျက်ပေးပါရန် အဆိုတင်သွင်းမည် ဖြစ်ရာ "' အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က "လူတွေရဲ့အခွင့်အရေးတွေကို ကန့်သတ်တဲ့ ဥပဒေဆိုရင် အားလုံးဖျက်သိမ်းရမှာပဲ၊ပုဒ်မ ၁၀ တင် မဟုတ်ဘူး ပုဒ်မ ၅ လည်းရှိသေးတယ် ၊နောက်ပြီးတော့ ၁၇ ပေါ့၊ စသဖြင့် နိုင်ငံရေးအရ ကိုယ်မလိုလားတဲ့သူတွေကို ဆင်ခြေပေးပြီးတော့ ဖမ်းနိုင်တဲ့ဥပဒေ မှန်သမျှပယ်ဖျက်သင့်တယ်လို့ ယူဆ ရမှာပဲ" ဟု ယနေ့ နံနက်ပိုင်းက လွှတ်တော်အစည်းအဝေး တက်ရောက်လာစဉ် ပြောသည်။

ပေါ်ပြူလာဂျာနယ်မှ

ရခိုင်ပဋိပက္ခပြန်ဖြစ်လာသည့်ကိစ္စနှင့်ပတ်သက်၍ မေးမြန်းမှုကို “စိုးရိမ်မှုကတော့ရှိတာပေါ့။ ဒါပေမယ့် ဒီလိုဖြစ်လာမယ်ဆိုတာကတော့မှန်းလို့ရပါတယ်။အမေအမြဲပြောတယ်။ရခိုင်ပြည်နယ်ဟာအဓိကကတော့
 ပြဿနာတွေဖြစ်လို့ရှိ ရင်မြန်မြန်ဆန်ဆန် ဒီပြဿနာတွေကို ပပျောက်သွား အောင် ဥပဒေစိုးမိုးရေးရှိရမယ်လို့။ တချို့ဒီဟာကိုမကျေနပ်ကြဘူး။ ဟိုလူ့အပြစ်ပြော ဒီလူ့အပြစ်ပြော ပြောချင်ကြတယ်။ ဒီလိုအပြစ်ပြောနေလို့လည်း ဒီပဋိပက္ခတွေက ချုပ်ငြိမ်းသွားမှာမဟုတ်ဘူး။

ဘာဖြစ်လို့လည်းဆိုတော့ ဒီလိုလူမျိုးစုနှစ်စု ဘာသာမတူတဲ့သူတွေကြားထဲမှာ ပဋိပက္ခဖြစ်တယ်ဆိုတာ ဟာ နေ့ချင်းညချင်းဖြေရှင်း လို့မရပါဘူး။ လပိုင်းနဲ့လည်း မရဘူး။ ဒါကအချိန်ယူရမယ်။ ဒီကြားထဲမှာအပူချိန်လျော့သွားအောင်လို့ ဒေါသတွေလျော့သွားအောင်လို့ တစ်ယောက်နဲ့တစ်ယောက်ကြားထဲမှာ အကြမ်းဖက်မှုတွေမဖြစ်အောင်လို့ တာဆီးဖို့ပိတ်ပင် ဖို့ဆိုတာ ဒါဥပဒေထိန်းသိမ်းရေးတာာဝန်ယူထားတဲ့သူတွေက လုပ်ရမယ့်ကိစ္စပဲ။ ဒါတွေထပ်ထပ်ပြီးဖြစ်နေမယ်ဆိုရင် ဘယ်လိုလုပ်ပြေလည်အောင်လုပ်မှာလဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့ပါသည်။

တက္ကသိုလ်ဆီးနိတ်များတွင် ကျောင်းသားသမဂ္ဂပါဝင်ခွင့်ကိစ္စနှင့်ပတ်သက်၍လွှတ်တော်တွင် ကျောင်းသားသ
မဂ္ဂဖွဲ့စည်းခွင့်ရရန် ဆောင်ရွက်ရန် မည်သို့ဆောင်ရွက်ရန် အစီအစဉ်ရှိပါသလဲမေးခွန်းကို “ကျောင်းသားသမဂ္ဂဆိုတာ ရှိကို ရှိရမယ်။ တက္ကသိုလ်ဆိုတာ ဘ၀အတွက်ပြုပြင်ပေးတဲ့ဘ၀အတွက် လူငယ်တွေကိုပြင်ဆင်ပေးတဲ့နေရာ ပဲ။

အဲဒီတော့တက္ကသိုလ်ကနေထွက်သွားပြီးတော့ပိုပြီးတော့ကျယ်ဝန်းတဲ့လူ့အဖွဲ့အစည်းထဲရောက်သွားပြီဆိုရင်ဒီ
လိုသမဂ္ဂကိစ္စတွေ၊ အဖွဲ့အစည်းကိစ္စတွေနဲ့ယဉ်ပါးနေရမယ်။ ကျောင်းသားများစုဝေးရာ ကျောင်းသားသမဂ္ဂဖွဲ့တာကို ကြောက်
တယ်၊ မနှစ်မြို့ဘူးဆိုတာက ကြောက်တဲ့မနှစ်မြို့တဲ့သူတွေရဲ့ အားနည်းချက်သာဖြစ်တယ်။ ကျောင်းသားတွေရဲ့အားနည်းချက်မဟုတ်ဘူး။ အန်တီကတော့ လွှတ် တော်မှာ အမြဲတမ်းတိုက်တွန်းသွားမှာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့ပြောကြား-

Eleven media group




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: