ဗိုလ်မှုးချုပ်ဟောင်းဦးကျော်ဇောကို အကျဉ်းရုံး သဂြိုဟ်

2012-10-11
မနေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှာ ကွယ်လွန်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်းဦးကျော်ဇောရဲ့ ရုပ်ကလပ်ကို အောက်တိုဘာလ ၁၁ ရက် မနက် ၉ နာရီမှာ မိသားစုတွေက အကျဉ်းရုံး မီးသဂြိုလ်လိုက်တယ်လို့ သိရပါတယ်။
Photo: RFA
ဗိုလ်မှုးချုပ်ဟောင်းဦးကျော်ဇော
ဗိုလ်မှုးချုပ်ဟောင်းဦးကျာ်ဇော ရဲ့ ရုပ်ကလပ်ကို ကူမင်းမြို့က မီးသဂြိုလ်စက်မှာ သင်ဂြိုလ်လိုက်တဲ့အကြောင်း သားဖြစ်သူ ဦးအောင်ကျော်ဇောက ပြောပြပါတယ်။
“ဇာပနက သာမန်ပါပဲ ဒီနေ့မနက် ၉ နာရီက ကူမင်းမြို့ပြင်က အန်းနင် မီးသင်ဂြိုဟ်စက်မှာ မီးသင်ဂြိုဟ်လိုက်ပြီးတော့ အဲဒီအနားမှာရှိတဲ့တောင်ပေါ်မှာ အရိုးပြာ အပ်တဲ့နေရာမှာ အပ်ထားခဲ့တယ်။ အကျဥ်းရုံးပြီးတော့ ဖြေရှင်းတဲ့သဘောပါ သူကလဲ ရိုးရိုး သားသားပဲလုပ်စေချင်တယ်လေ ဘာမှလဲ သိပ်ပြီးတော့ ထွေလီကာလီမလုပ်ကြတော့တာ ဖေဖေကိုယ်တိုင်
ကလဲ အဲဒါမျိုးကို မလုပ်စေချင်ဘူး။ အခြေအနေပေးတဲ့နေ့မှာ ဗမာပြည်ကို မုချပြန်သွားပြီး သူ့အိမ်မှာပဲ သူ့ကိုမြှုပ်မယ်။”
ဗိုလ်မှူးချုပ်ဟောင်းဦးကျော်ဇော ကွယ်လွန်သွားတဲ့ မနေ့ကတော့ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ တရုတ်နိုင်ငံကူမင်း၊ ရွှေလီနှဲ့သူတောမခိုခင် နေထိုင်သွားခဲ့တဲ့ မြန်မာနိုင်ငံရန်ကုန်မြို့ရှိ နေအိမ်တို့
မှာ ဆွေမျိုးတော်စပ်သူတွေက သက်ပျောက်ဆွမ်းကပ်လှူခဲ့ကြတယ်လို့ သိရပါတယ်။
ဗိုလ်မှုးချုပ်ဟောင်းဦးကျော်ဇောဟာ ပဲခူးတိုင်း သာယာဝတီခရိုင် ဆိုင်းစုကျေးရွာဇာတိဖြစ်ပြီး  သူကွယ်လွန်သွားပြီးနောက်ပိုင်း သားတစ်ယောက် သမီး ၂ယောက်နဲ့ မြေး ၇ ယောက် ကျန်ရှိခဲ့ပါတယ်။
ဗိုလ်မှုးချုပ်ဟောင်းဦးကျော်ဇော ကွယ်လွန်ခဲ့အတွက် အနယ်နယ်အရပ်ရပ်က နိုင်ငံရေးမိတ်ဆွေတွေ၊ သူ့ကိုလေးစားကြည်ညိုသူတွေကလည်း  စာတွေ၊ ကဗျာတွေရေးဖွဲ့ ဂုဏ်ပြုခဲ့ကြပါတယ် ။

No comments: