ပွဲပြီး မီးသေ (ကဗျာ)

ပွဲပြီးလို့
မီးသေသွားတာလား၊
မီးသေလို့
ပွဲပြီးသွားတာလား။

ပွဲမပြီးပဲ
မီးသေသွားတဲ့အခါ
ပွဲခင်းတခုလုံး
အမှောင်ကျတတ်တယ်။

မီးသေသွားလို့
ပွဲပြီးလိုက်တဲ့အခါ
ဇာတ်သိမ်းတွေ
မလှမပ
ဖြစ်ကျန်ရစ်တတ်တယ်။

သူငယ်ချင်းရေ-
သေချာပြန်စဉ်းစား။

ခင်မမမျိုး (၂၁၊ ၁၀၊ ၂၀၁၂)




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: