ပြင်သစ်နှင့်အမေရိကန်သိပ္ပံပညာရှင်နှစ်ဦး နိုဘယ်ရူပဗေဒဆုရရှိ

(၀ဲ)ပြင်သစ်နိုင်ငံမှ ရူပဗေဒပညာရှင် ဆာ့ဂ်ဟာရိုချီ နှင့် (ယာ) အမေရိကန်ပြည်ထောင်စုမှ ရူပဗေဒ ပါမောက္ခ ဒေးဗစ်ဝိုင်းလင်း။ ဓာတ်ပုံ - အေအက်ဖ်ပီ(၀ဲ)ပြင်သစ်နိုင်ငံမှ ရူပဗေဒပညာရှင် ဆာ့ဂ်ဟာရိုချီ နှင့် (ယာ) အမေရိကန်ပြည်ထောင်စုမှ ရူပဗေဒ ပါမောက္ခ ဒေးဗစ်ဝိုင်းလင်း။ ဓာတ်ပုံ - အေအက်ဖ်ပီ

စတော့ဟုမ်း- ပြင်သစ်နိုင်ငံမှ ဆာ့ဂ်ဟာ ရိုချီနှင့် အမေရိကန်ပြည်ထောင်စုမှ ဒေးဗစ်ဝိုင်းလင်းတို့
သည် ကွမ်တမ် ရူပဗေဒတွင် ၎င်းတို့၏စွမ်းဆောင်ချက် အတွက် နိုဘယ်ဆုကို အောက်တိုဘာ
လ ၉ ရက်နေ့၌ ရရှိခဲ့သည်။
ထိုစွမ်းဆောင် ချက်သည် လုံးဝပြောင်းလဲပစ်နိုင်သော ကွန်ပျူတာများသို့ တစ်နေ့တွင် လမ်းဖွင့်
ပေးနိုင်မည်ဖြစ်သည်။
၎င်းတို့သည် သီးခြား ကွမ်တမ်စနစ် များကို တိုင်းတာခြင်းနှင့် ကျွမ်းကျင်စွာ ကိုင်တွယ်ရာ၌ အ
လင်းဆိုင်ရာ လက်တွေ့စမ်းသပ်ချက်များ တီထွင်ခဲ့ရာ ထိုတီထွင်မှုများသည် ကွမ်တမ် ရူပဗေဒ
အပေါ် အရင်းခံသည့် 'ထူးကဲမြန်' ကွန်ပျူတာအမျိုးအစားသစ် တစ်ခု တည်ဆောက်ရာတွင်
နည်းလမ်းများ အတွက် အထောက်အကူပြုနိုင်ကြောင်း နှင့် ထိုတီထွင်မှုအတွက် ၎င်းတို့ ဂုဏ်
ပြုခံရကြောင်း နိုဘယ်ရူပဗေဒ ဆုချီးမြှင့်ရေးရွေးချယ်ရေးအဖွဲ့ က ၎င်းတို့၏ သုံးသပ်အကဲဖြတ်
ချက်တွင် ဖော်ပြခဲ့သည်။
ထိုသိပ္ပံပညာရှင်နှစ်ဦးသည် ကွမ်တမ် ငြိခြင်းကို အထူးလေ့လာခဲ့သည်။ ငြိခြင်းတွင် အမှုန်များ
သည် Superposition ဟုခေါ်သော အခြေအနေသို့ရောက်ရှိ သွားပြီး မျှော်လင့်ထားသော
စူပါ ကွန်ပျူတာသို့ လမ်းပွင့်သွားစေခဲ့သည်။

လက်ရှိ ကွန်ပျူတာသည် ဒွိစုံကိန်း စနစ်ကို အသုံးပြုရာတွင် အချက် အလက်သိုမှီးရာ၌ ယူနစ်
တွင် သုည သို့မဟုတ် တစ် တစ်ခုခုဖြစ်နိုင်သည်။
သို့သော် Superposition တွင် qubit ဟုခေါ်သော ကွမ်တမ်ယူနစ်တွင် သုည၊ သို့မဟုတ် တစ်
တစ်ခုခုဖြစ်နိုင်ပြီး တစ်ချိန်တည်းတွင် နှစ်ခုစလုံး သုညနှင့် တစ်ဖြစ်နိုင်သည်။
ဟာရိုချီနှင့် ၀ိုင်းလင်းတို့၏ အောင်မြင် မှုသည် အဆိုပါ အထိမခံသော ကွမ်တမ်အခြေအနေကို
တိုင်းတာခြင်း နှင့် ထိန်းချုပ်ခြင်းဖြစ်သည်ဟု ထိုအဖွဲ့ ကပြောသည်။
ဟာရိုချီ (၆၈ နှစ်) သည် ပါရီမြို့ရှိ College de France နှင့် Ecole Normale Superieure တွင်
ပါမောက္ခ တစ်ဦးဖြစ်ပြီး ၀ိုင်းလင်း (၆၈ နှစ်) သည် National Institute of Standards and
Technology နှင့် အမေရိကန်ပြည်ထောင်စု ကော်လိုရာဒို ဘိုလ်ဒါရှိ University of Colorado
မှ အဖွဲ့ခေါင်းဆောင်ဖြစ်သည်။
 ညွန့်ညွန့်ဝင်း ဘာသာပြန်သည်။   |   Thursday, 11 October 2012မြန်မာတိုင်း(မ)
(အေအက်ဖ်ပီ)

No comments: