ကွန်ပျူတာဗိုင်းရပ်စ်

ကွန်ပျူတာဗိုင်းရပ်စ်ဆိုတာ ပုန်းခိုနေအောင် ဖန်တီးထားတဲ. ညွန်ကြားချက်တွေဘဲ။သူတို.ဟာ

programs နဲ. files တွေကို ချိတ်ဆက်ပြိး အလုပ်များစွာကို

လုပ်ဆောင်စေပါတယ်။ဆိုးကျိုးများ ဖြစ်စေရန် ကွန်ပျူတာ programmer များ
စိတ်ထဲတွင်စွဲနေသော ဗိုင်းရပ်စ်များကို ဖန်တီးခဲ.ပါတယ်။သူတို.ကို hackers
or crackers အဖျက်သမားများလို.လဲခေါ်ပါတယ်။


ကွန်ပျူတာဗိုင်းရပ်စ် ၏လုပ်ဆောင်ချက်များ


ကွန်ပျူတာဗိုင်းရပ်စ်တွေမှာ hidden program code တွေပါရှိပါတယ်။သူတို.ဟာ

တရားဝင် codeအနေနဲ.ရုပ်ဖျက်ထားပါတယ်။ download လုပ်နေချိန် ၊ဒါမှမဟုတ် run
နေတဲ.အချိန်မှာ programs တွေနဲ. file တွေမှာသူ.ကလာချိတ်ဆက်ပါတယ်။ပုန်းနေတဲ.
ဗိုင်းရပ်စ်တွေက floopy တွေ ၊ network တွေ ၊bulletin board တွေကနေ
ပျံနှံလာခဲ.တယ်။ တချို.ဗိုင်းရပ်စ်တွေကတော. ပြသာနာတွေကို
တိကျအောင်မဖန်တီးထားပါဘူး။ တချို.ဗိုင်းရပ်စ်တွေကတော.တိကျတဲ.
ပတ်ဝန်းကျင်ကို ရောက်မှဘဲ အလုပ်လုပ်ပါတယ်။
ဗိုင်းရပ်စ်တွေဟာ ကွန်ပျူတာကို အမျိုးမျိုးသော ဆိုးကျိုးတွေ
ဖြစ်ပွါးစေပါတယ်။program တွေကို နာမည်ပြောင်းခြင်း၊ ကိန်းဂဏန်း တွေကို
ပြောင်းခြင်း၊ file တွေကို ကဆင်.ကလျားဖြစ်စေခြင်း ၊power ကိုပိတ်ပစ်ခြင်း
၊command တွေကို ပြောင်းပြန်လုပ်ခြင်း တို.ကို ဗိုင်းရပ်စ်တွေက
လုပ်ဆောင်ပါတယ်။
ဗိုင်းရပ်စ်တွေရဲ.ထင်ရှားတဲ.လက္ခဏာကတော. ကွန်ပျူတာ system
တလျောက်ရွေ.လျားနိုင်အောင် သူတို.ကိုယ်တိုင် ပြုလုပ်ပါတယ်။တချို.သော virus
program များကတော. ပြသာနာတွေကို ဖြစ်ပွားစေပေမယ်. သူတို.ကိုယ်တိုင်
အလုပ်မလုပ်ပါဘူး။ နမူနာအားဖြင်. trojian horse ဆိုတဲ.program မှာ
တစုံတယောက်ရဲ. software တွေ data တွေကို ဖျက်ဆီးဖို.ပြောင်းလဲဖို.
ညွန်ကြားချက်တွေ ပါပါတယ်။သို.သော်လည်း အဲ.ဒိ program က သူ.ဘာသာသူ
ပြန်မထုတ်လုပ်နိုင်ပါဘူး။worm ဆိုတဲ. ဗိုင်းရပ်စ်ကတော. ကွန်ပျူတာ memory
ကိုဖြည်.ပေးပါတယ်။သူ.ဘာသာသူထပ်ထပ်ခါ ပြန်ရေးပါတယ် system ကိုထိပ်တုံးသဖွယ်
ခိုင်းစေ ပါတယ်။
ထင်ရှားတဲ.ဗိုင်းရပ်စ်တွေကတော. worms, Trojian horses နဲ. email virus
တွေဘဲဖြစ်ကြပါတယ်။ကွန်ပျူတာ ဗိုင်းရပ်စ်ရဲ. အဓိက အုပ်စုတွေကတော. boot
sector virus ,file infectors တွေနဲ. macro virus တွေဘဲဖြစ်ကြပါတယ်။
boot sector virus တွေဟာ ပျက်စီးလွယ်တဲ. boot program
များနဲ.ချိတ်ဆက်ထားပါတယ်။သူတို.တွေဟာ bootable floppy တွေ hard disk တွေcd
တွေထဲမှာ store လုပ်ထားခြင်း ခံရပါတယ်။floppy disk တွေကနေ
အထူးသဖြင်.ပျံနှ.ံတဲ. ဗိုင်းရပ်စ်တွေ ဖြစ်ပါတယ်။
file infectors ဗိုင်းရပ်စ်တွေက file တွေနဲ.တိုက်ရိုက်
ချိတ်ဆက်ပါတယ်။memory ကိုသူတို.ဘာသာ load လုပ်နိုင်ပြီး file တွေ program
တွေကိုရောဂါကူးစေပါတယ်။
micro virus တွေကတော. ပုံမှန်ဗိုင်းရပ်စ်တွေထက် ကို ပျက်စီးမှုများပါတယ်။

ကွန်ပျူတာဗိုင်းရပ်စ်အုပ်စုများအကြောင်း

၁။ Mal ware


Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး
ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲဒိ
Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single
computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System
ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်..
Malware တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits,
spyware, dishonest adware, crimeware and other malicious and unwanted
software တွေပါဝင်လေ့ရှိပါတယ်..

၂။worm


worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class
လို့လည်းခေါ်လို့ရပါတယ်... သူကတော့ Virus လို လူကဖြန့်မှ
ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့
အခြားကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက်လုံးဝမပါပဲနဲ့
ပျံ့နှံ့စေတာဖြစ်ပါတယ်...သူ့ပါသူ ဖြန့်နိုင်တဲ့ စွမ်းရည်ရှိတာပေါ့နော်...
အကြီးမားဆုံး အန္တရာယ်ကတော့ သူ က သူ့ပါသူ System file တစ်ခုလို
အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊
Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory
usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့
program တွေကို not responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ worm ကတော့
Blaster worm ပါ.. ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းက အသက် ၁၈နှစ်
အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လ ကျသွားခဲ့ပါတယ်.. Blaster
worm က windows စတက်တာနဲ့ Registry ကီး
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Run\windows
auto update = msblast.exe မှာ နေရာယူပါတယ် ၊ msblast.exe ဆိုတာက တော့
နာမည်တူပေးထားတာပေါ့
Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက
ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..

၃။Trojan horse


Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်..Trojan ဆိုတဲ့
မြင်းရုပ်ကြီးအကြောင်း ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာသင်ဖူးကြမှာပေါ့.. Tri
ဇာတ်ကားလည်း ကြည့်ဖူးကြမှာပါ... အဲဒိထဲကလိုပဲ
အလုပ်လုပ်တယ်လို့ပြောလို့ရပါတယ်... :P ပုံမှန်အားဖြင့် အသုံးဝင်တဲ့
Software တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့ဗျာ... Game တစ်ခုကို
Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက
ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒိ Game ကို
Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game
ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့..
နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free waterfall screen saver ပဲဖြစ်ပါတယ်..

Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်...

* Remote Access
* Data Destruction
* Downloader/dropper
* Server Trojan(Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
* Disable security software
* Denial-of-service attack (DoS)

၎။Spyware


သူကတော့ သူခိုးပေါ့နော်.. Spy တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာသိကြမှာပါ.. သူလဲအဲလိုပါပဲ...
သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့်
ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့
Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်...
Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်... ပြီးရင်
သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ
အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems
တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့်
ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား
Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့ဗျာ... တစ်ချို့ လူတွေက http
cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့်
အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့် 
Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ.
Spyware ကို ကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကို
ရှောင်တာကောင်းပါတယ်... Free Spyware Remover
တွေနဲ့လည်းကာကွယ်နိုင်ပါတယ်...

၅။Adware


Adware ဆိုတာကတော့ Advertising-supported software (သို့) software package
တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး
Download အတင်းလုပ်ခိုင်းပါတယ်... :D
အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်... ဒါကတော့ဒီလောက်ပဲ :D

၆။Crimeware


Crimeware ဆိုတာကတော့ Spyware, Adware, Malware
အမျိုးအစားတွေထဲမှာပါပါတယ်.. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime
တွေအတွက်ရည်ရွယ်ပြီးရေးကြတာများပါတယ်..
သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး
သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို
ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်
ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲဖြစ်ပါတယ်..

ကိုးကား
 ဆရာမျိုးသူရ

No comments: