Laptop အသုံးပြုသူများ သတိပြုရန် (ဗဟုသုတ)

၂၀၁၀ ကစလို့ ယနေ့တိုင် မဆုံးနိုင်သေးတဲ့ ကောလဟာလ တစ်ခုက လပ်တော့ကြောင့် အိမ်မီးလောင်တယ်ဆိုတဲ့ hoax ပဲ ဖြစ်ပါတယ်။ သို့ပေမယ့် တကယ် မဖြစ်တတ်ဘူးလို့ မထင်လိုက်ပါနဲ့။ ဖြစ်ကို ဖြစ်တတ်ပါတယ်။

လပ်တော့မှာ ပါတဲ့ Cooling Fan (လေအေးပေး ပန်ကာ) သာ ကောင်းကောင်း အလုပ်မလုပ်ဘူးဆိုရင် သို့မဟုတ် ပျက်နေခဲ့ရင် ကြိမ်းသေ ဖြစ်တတ်ပါတယ်။ လပ်တော့မှာ လည်ပတ်နေရတဲ့ ဟာ့ဒ်ဝဲ အစိတ်အပိုင်းများက အပူချိန် လွန်ကဲစွာ တတ်ပါတယ်။ ဒါကို ထိန်းဖို့အတွက်ပဲ Cooling Fan ဆိုတာ ကွန်ပျူတာတိုင်းမှာ ရှိလာရတာ ဖြစ်ပါတယ်။ သူသာ ကောင်းကောင်း အလုပ်မလုပ်ရင် လပ်တော့ မီးလောင်တာကနေ စနိုင်ပါတယ်။

လေအေးပေး ပန်ကာ ကောင်းတိုင်းလည်း ရှော့မဖြစ်နိုင်ဘူးလို့ မဆိုနိုင်ပါဘူး။ အသုံးပြုတဲ့ အချိန်အရမ်းများရင်လည်း ဖြစ်တတ်ပါတယ်။ စာရေးသူမှာ သူငယ်ချင်း တစ်ယောက်ရှိပါတယ်။ သူဆိုရင် ညဘက်မှာ လပ်တော့နဲ့ အိပ်ယာပေါ်မှာ ခွေကြည့်ရင်း အိပ်ပျော် တတ်ပါတယ်။ တစ်နေ့တော့ လပ်တော့ ဖွင့်လို့ကို မရတော့ပါဘူး။ Cooling Fan ပျက်သွားလို့ ဖြစ်ပါတယ်။ ဒါကို ကံကောင်းတယ်လို့ ဆိုရပါတယ်။ ပန်ကာပျက်ရင် အလိုအလျောက် လပ်တော့ပိတ်လို့ ဖြစ်ပါတယ်။

အကယ်၍ လပ်တော့ မပိတ်ပဲ ဆက်လက် Ran နေရင် မီးလောင်ဖို့က သေချာနေပါပြီ။ ထွက်ရှိတဲ့ ကာဘွန်မိုနောဆိုဒ်နဲ့ တင် မီးမထိရသေးပဲ သေနိုင်ပါတယ်။ ဒီတော့ လပ်တော့ဝယ်တဲ့အခါ Cooling fan နဲ့ ပက်သက်လို့ သေချာ စစ်ဆေး သင့်ပါတယ်။ တစ်ပတ်ရစ် ဈေးပေါပေါ ဝယ်သုံးသူများအဖို့ သတိထားရမယ့် အချက် ဖြစ်ပါတယ်။
 Aung Kham (TSJ team)




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: