ရခိုင်ပြည်နယ်မှာ ဒုက္ခသည်အရေအတွက် နှစ်သောင်းကျော်တိုးလာ

2012-10-28
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့ကနေ ၂၆ ရက်နေ့လောက်အထိ ရခိုင်ပြည်နယ်က မြို့နယ် တစ်ချို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မီးရှို့တိုက်ခိုက်မှုတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ဒုက္ခသည်ဖြစ်ရသူ အရေအတွက်ဟာ ၂၂၀၀၀ (နှစ်သောင်းနှစ်ထောင်) နဲ့ မီးလောင်ပျက်စီးခဲ့ရတဲ့ အိုးအိမ်အရေအတွက်ဟာ ၄၆၀၀ ကျော် ရှိမယ်လို့အစိုးရ ထုတ်ပြန်တဲ့ ကိန်းဂဏန်းကို မှီငြိမ်းပြီး ကုလသမဂ္ဂက ထုတ်ပြန်တာကို အေအက်ဖ်ပီသတင်းမှာ ဒီကနေ့ ဖေါ်ပြထားပါတယ်။

RFA
ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်များအား သက်ဆိုင်ရာမှ ကူညီစောင့်ရှောက်ထားသော ယာယီစခန်းများ ဖြစ်ပါသည်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ဇွန်လ၀န်းကျင်က ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် ဒုက္ခသည်ဖြစ်ရသူ အရေအတွက်က ၇၅၀၀၀ (ခုနှစ်သောင်းငါးထောင်) လောက်ရှိတယ်လို့ဆိုပါတယ်။
အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ ဒေသတွေကို သွားရောက် ကြည့်ရှုခဲ့တဲ့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ တာဝန်ခံ မစ္စတာ Ashok Nigam ပြောတာက ဘေးလွတ်ရာ ထွက်ပြေးရသူတွေဟာ သူတို့ပြေးရတဲ့ မြို့တွေ ကျေးရွာတွေ တ၀ိုက်မှာပဲ အများဆုံး ခိုလှုံနေကြတယ်လို့ဆိုပါတယ်။
စစ်တွေမြို့နားမှာ အရင်ရှိပြီးသား ကယ်ဆယ်ရေးစခန်းမှာ ရောက်ရှိလာသူ အရေအတွက်က ၆၀၀၀ နီးပါး လောက်ရှိတယ်လို့အေအက်ဖ်ပီသတင်းမှာ ဖေါ်ပြထားပါတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်ရသူ အများစုဟာ မူဆလင်တွေဖြစ်တယ်လို့ဆိုပါတယ်။
မင်းပြားမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ မီးရှို့မှုနောက်ဆက်တွဲ အိုးမဲ့အိမ်မဲ့ဖြစ်ရတဲ့ ဒုက္ခသည်အရေအတွက်က ၄၀၀၀ လောက်ရှိတယ်လို့ အေအက်ဖ်ပီ သတင်းက ဆိုပါတယ်။
မင်းပြားမြို့နယ်က ဒုက္ခသည်အခြေအနေတွေကို အာအက်ဖ်အေ ၀ိုင်းတော်သူ မသင်းသီရိက တင်ပြထားပါတယ်။

စုစည်းတင်ပြချက်
အသံဖိုင်ယူရန်

ကျောက်ဖြူမြို့မှာ မီးရှို့တိုက်ခိုက်မှုတွေကြောင့် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြသူတွေရဲ့ အခြေအနေကို အာအက်ဖ်အေ ၀ိုင်းတော်သား ဦးဝင်းနိုင် တင်ပြထားပါတယ်။
စုစည်းတင်ပြချက်
အသံဖိုင်ယူရန်





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: