ကျောင်းပုရဝိုတ်မှာ ဒေါင်းအလံစိုက်ကြမယ်....ဟေ့ ( ရွှေရတု မွေးနေ့အမှတ်တရ ကဗျာ)



လမ်းဟောင်းလေးထဲမှာ
အမှားဟောင်းဆက်မမှားဖို့
အငြိုးအတေးတွေ တွေးမအား
လူ့အခွင့်အရေးနဲ့ အမျိုးသားရေးကို ဦးစားပေးကာ
ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ အားမာန်နဲ့
အနာဂတ်တိုင်းပြည်ကို တည်ထောင်မယ့်
ရွှေရတုမွေးနေ့ရှင် မင်းကိုနိုင်။
သူဟာ....လိုက်ပွဲတွေနဲ့ တိုက်ပွဲပျော်ခဲ့သူ၊
သူဟာ....အမေ့ခံပုံရိပ်ကြားက လမ်းပြကြယ်စင်၊
သူဟာ....မကြောက်တရား ကျောပိုးထားပြီး
ငြိမ်းချမ်းရေးလမ်းကို ခန္ဓာတံတားခင်းပေးသူ၊
သူဟာ....ထောင်ကလွတ်လျှင်လွတ်ချင်း
မကြောက်တရားကို ဆုပ်ကိုင်ပြီး
နွေးထွေးစွာကြိုဆိုနေကြတဲ့ သူချစ်တဲ့ပြည်သူတွေကို
ရဲရဲတောက်မိန့်ခွန်းတွေ ပြောကြားခဲ့တယ်။
ပြီးတော့....ဘယ်လိုပုံစံနဲ့ မြန်မာ့နိုင်ငံရေးကို
ရှေ့ဆက်ရင် အကောင်းဆုံးဖြစ်မလဲဆိုတာ ဆုံးဖြတ်နိုင်ခဲ့တယ်။
အခုလဲကြည့်....အဲဒီ သူ့လိုလူတွေရဲ့ စွမ်းပကားကြောင့်
ပြောရဲဆိုရဲနဲ့ လူ့အဖွဲ့အစည်းဟာ ပွင့်လင်းလာသလို
မဝေးတော့တဲ့ အနာဂတ်မှာ
ရွှေရတုမွေးနေ့ရှင်ဖြစ်ချင်တဲ့ ဆန္ဒအတိုင်း
ကျောင်းပုရဝိုတ်မှာ
ငါတို့အားလုံး ဒေါင်းအလံစိုက်ကြမယ်....ဟေ့။
( ကိုဗလိုင် )
( ရွှေရတုမွေးနေ့ရှင် ကိုမင်းကိုနိုင် ဘေးရန်ရှင်းပြီး အသက်ရာကျော်ရှည်ပါစေ။ )
 





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: