ပုဂံမှာဆန္ဒပြ



မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦး မြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဟိုတယ်၊ စားသောက်ဆိုင်၊ နဲ့ ဖျော်ဖြေရေးကဇာတ်ခုံ များ တိုးချဲု့ဆောက်လုပ်လာတဲ့အပေါ် ပုဂံမြို့ခံပြည်သူတွေ ဒီကနေ့ အောက်တိုဘာလ ၂၂ရက်နေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ဒီအဆောက်အဦးတွေဟာ ပြည်ထောင်စုမြန်မာ နိုင်ငံတော်ရဲ့ ဘာသာရေးမဏ္ဍိုင် အမျိုးသားရေးပြယုတ် နဲ့ ရှေ့ဟောင်းယဉ်ကျေးမှုအမွေအနှစ်များနဲ့ သင့်တင့်လျှော်ကန်ခြင်းမရှိလို့ဆိုပြီး ဒေသခံ ပြည်သူတွေက အခုလို ကန့်ကွပ်ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ ဆန္ဒထုတ်ဖော်သူ ၁၀၀ လောက်ဟာ အဂတိမလိုက်စားဖို့ ၊ ဗူးဘုရားမျက်နှာစာရှိ ဇတ်ခုံနဲ့ ညဈေးတန်းတွေကို ဖယ်ရှားပေးဖို့ ဟိုတယ်တွေ နဲ့ ရှေ့ဟောင်းစေတီပုထိုးတွေကို ဝန်းခတ်မထားဖို့ အပါအဝင် အချက် ၁၄ ချက်ပါ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: