နိုင်ငံတော်သမ္မတဖြစ်ရင် ဘာလုပ်မလဲ


တနင်္လာနေ့၊ အောက်တိုဘာလ ၈၊ ၂၀၁၂


မန္တလေးတိုင်းဒေသကြီးသာစည် မြို့နယ်၌ ၂၀၁၂ ခုနှစ်၊ အောက်တို ဘာ ၄ ရက်နေ့က ပြုလုပ်ခဲ့သော ၈၈ မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းတွေ့ဆုံဆွေးနွေးပွဲတွင် သာစည်မြို့နယ်ပြည်သူတစ်ဦးမှ ၈၈ မျိုးဆက်ကျောင်းသားကို မင်းကိုနိုင်သည်အရပ်ဘက်လူအဖွဲ့ အစည်းများအတွက် စွမ်းစွမ်းတမံ ကြိုစားဆောင်ရွက်တဲ့ သူတစ် ယောက်ဖြစ်ပါကြောင်း ထိုစကား နောက်ဆုံးတွင် ၈၈ မျိုးဆက် ကျောင်းသားကိုမင်းကိုနိုင်အား မိမိ၏စိတ်ဆန္ဒထဲတွင် နိုင်ငံတော် သမ္မတဖြစ်စေချင်ကြောင်း ကိုမင်းကိုနိုင်မှလည်း နိုင်ငံတော် သမ္မတဖြစ်ရင်ဘာလုပ်မလဲဆိုသည့် ဥပမာလေးပြန်လည်ပြောကြား သည်။

“အဲဒီမှာ ကျွန်တ်ာအကြောက် ဆုံးကိစ္စက နိုင်ငံတော်သမ္မတကြီး အဲဒါတော်တော်ပြဿနာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့တစ်ခါတုန်းက ကိုလိုနီခေတ်ကလွတ်လပ်ရေးရ တော့မယ်ဆိုတော့ နိုင်ငံတော်မှာ ဘယ်လိုအုပ်ချုပ်မှာလဲ ဖွဲ့စည်း ပုံအခြေခံဥပဒေ ၄၇ ကိုဆွဲကြတဲ့ အချိန်မှာ ဟိုကျေးလက်ဒေသတွေ မှာ ကျွန်တော်ပြည်နယ်တွေကို မပြောချင်တော့ဘူး။ သူ့နယ်နဲ့ လူမျိုးကို ကိုယ်စားပြုသလိုဖြစ် သွားမှာစိုးလို့ပြည်နယ်တစ်ခုက တောရွာမှာလှည်းဒေါက်ကိုဘောင်း
တိဝတ်ပေးပြီးထောင်ထားရင် တောင်ယူနီဖောင်းဝတ်တွေလာပြီ ဆိုပြီးထွက်ပြေးကြတယ်။ အဲလို ကြောက်တဲ့ရွာ အထူးသဖြင့်ကာ ကီရောင်ဆိုပိုကြောက်တယ် အဲဒီ အရောင်ယူနီဖောင်းဝတ်တွေကြီး စိုးပြီး အဲဒီအရောင်ဝတ်လာပြီဆို လုပ်ချင်တာကို လုပ်လို့ရတယ်ဆို ပြီးထင်နေတဲ့ရွာအဲမှာကလေး တစ်ယောက်ကို ဆရာတော်က ရှင်းပြတယ်။ လွတ်လပ်ရေးလည်း ရတော့မယ်။ လွတ်လပ်ရေးရရင် ကိုယ့်သမ္မတနဲ့ ကိုယ်ဖြစ်တော့ မယ်။ အဲဒီအချိန်မှာ စာစီစာကုံး ရေးခိုင်းတယ်။ ခေါင်းစဉ်က သင်နိုင်ငံတော်သမ္မတဖြစ်ခဲ့လျှင် ဘာလုပ်မလဲ ကျွန်တော်နိုင်ငံ တော်သမ္မတဖြစ်ခဲ့လျှင် ဘာလုပ် မလဲရေးရတော့ ကလေးက ရေးပါတယ်။ ကျွန်တော်နိုင်ငံတော် သမ္မတဖြစ်ခဲ့လျှင် ပုလိပ်လုပ်ပါ မည်လို့ကလေးကရေးလိုက်တယ်။

ပြီးသွားပြီဆရာတော်ကိုကလေးက မေးတယ်။ နိုင်ငံတော်သမ္မတဖြစ် ရင်ဘာလုပ်လို့ရလဲ ဆိုတော့ဆရာ တော်ကလည်း ပြန်ပြောတယ်။ မင်းလုပ်ချင်တာလုပ်လိုရပြီ။ ဘာလဲ၊ ညာလဲပြောတော့အဲတော့ ကလေးကပြောပါတယ်။ ကျွန်တော် ပုလိပ်လုပ်ပါမယ်တဲ့ အဲတော့ ကျွန်တော်ကိုနိုင်ငံတော်သမ္မတဖြစ် အောင်တိုက်တွန်းတဲ့လူက ကျွန်တော်သမ္မတဖြစ်လို့ပုလိပ်လုပ် ရင်ဘယ်လိုလုပ်မလဲ အဲတာ လည်းစဉ်းစားထားပါဒါအရေးကြီး ပါတယ်။

လူဆိုတာဖောက်ပြန်တက် ပါတယ်။ ဒီနေ့နောက်ဆုံးစက္ကန့် အထိပဲ အာမခံနိုင်ပါတယ်။ ဒီခန်းမအပြင်ရောက်သွားရင် ဘာဖြစ်မလဲ ကျွန်တော်မသိပါ ဘူး။ အဲတစ်ခုကတော့ ရိုးရိုးသား ပြောပါမယ်။ ကျွန်တော်တို့ကျောင်း ထဲမှာ ဒေါင်းအလံကိုင်ပြီး၊ ထွက် လာတယ်ဆိုတာတစ်ချက်ထဲပါ သိဖို့ အရေးကြီးပါတယ်။ တစ်ချိန် အနာဂတ်မှာနိုင်ငံတော်မှာ ဦးဆောင်မယ်ဆိုတဲ့ စိတ်မျိုးမရှိခဲ့ တာအမှန်ပါ။ ဒါဆိုဘာလို့ဝင်ရှုပ် တာလဲလို့မေးရင်ခံပါမယ်။ အနိုင်ကျင့်လွန်းနေလို့မခံချင်လို့ပြန် ချတာဒီတစ်ခုထဲပါ ကျွန်တော်သိ တာပေါ့။ ကျွန်တော်ကိုယ်တိုင် ဘတ်စ်ကားနဲ့ စီးပြီးကျောင်းသွား ရတဲ့ ကျောင်းသားတစ်ဦးပါဘာ မှ အခွင့်ထူးခံမရှိပါဘူး။

သာမန် ပြည်သူထဲက မွေးလာတဲ့သားတစ် ယောက်ပါ။ ဘတ်စ်ကားစီးပြီး ကျောင်းသွား နေရတဲ့ဘ၀မှာ ရုံးချိန်ကြီးမှာ နိုင်ငံတော်ကောင်စီတစ်ယောက် ရဲ့ ၉၂၉ ကားကြီးကအတင်း ကျော်တက်ပါတယ်။ သူရုံးသွား မယ်ပေါ့။ ဘတ်စ်ကားကလည်း ရုံးသမားတွေနဲ့ ကျောက်ကုံးပေါ် ကို တက်နေတဲ့အချိန်မှာ အဲတုန်း ကလမ်းလေးတွေက ကျဉ်းကျဉ်း လေးမျက်နှာချင်းဆိုင်နှစ်စီးပဲရှောင် လို့ရတယ်။ ရုံးတက်နေတဲ့အချိန် မှာ ဘတ်စ်ကားကလည်းစစ်ခေတ်တုန်းကကျန်ခဲ့တဲ့ချက်ပလက်ကြီးအဲဒီကားကြီးဂီးဂီးလို့အော်ပြီးတက် နေတဲ့အ
ချိန်မှာ နောက်ကနိုင်ငံ တော်ကောင်စီကသူကိုလမ်းမပေး ရကောင်းလာဆိုပြီးတော့ ဟွန်း တွေတရစပ်တီးပြီးတော့။ သူပေး လို့မရဘူး။

အဲတာကိုသူမစဉ်းစားခိုင်းဘူး။ ရှောင်လိုရတဲ့အချိန်မှာ သူကကျော်တက်ပြီးတော့ ကားပေါ် ကဆင်းပြီးတော့ ကားမောင်းတဲ့ လူကိုကိုယ်ထိလက်ရောက်ကျူးလွန် တယ်။ အဲဒိသတင်းကြားတာနဲ့ ကျွန်တော်တို့ကျောင်းလွယ်အိတ် ကိုချပြီးလိုက်သွားပါတယ်။ ဒါမျိုး တော့ဘယ်လိုမှ လက်မခံနိုင်ဘူး။ သတင်းကြားလိုက်တယ်။ ကား မောင်းတဲ့လူတော်တော်လေးအရှက် အကွဲအကျိုးနည်းဖြစ်သွားတယ်။ ရုံးဝန်ထမ်းတွေလည်း နိုင်ငံဝန်ကို ထမ်းဖို့လာတယ်။ အဲတာကို သူနားမလည်ဘူးလား သူတစ် ယောက်ထဲ နိုင်ငံဝန်ကိုထမ်းဖို့လာ တာမှမဟုတ်တာ ဒီလောက်ပြော သိရောပေါ့။ အဲလို အနိုင်ကျင့်တာ တွေဟာ နေရာတကာမှာ ဒီနေရာ မှမဟုတ်ဘူး။

အခွင့်ထူးခံတယ် အနိုင်ကျင့်တယ်။ နှစ်ချက်အဲနှစ် ချက်ကို မခံချင်လို့ ကျွန်တော်တို့ တုံ့ပြန်တာ။ ကျွန်တော်တို့ အမှန်တရားအတွက်ပဲ။ ဒေါင်း အလံကိုင်ပြီးတက်လာတာကျား မှန်းသိလျက်နဲ့ ဖက်လုံးခဲ့တာပါ။ ခေါင်းကကိုက်ကိုက်ကိုယ်လုံးကပဲ စ၀ါးဝါး ဆိုပြီးတော့ပါ အဲဒီတော့ တစ်ချိန်မှာ နိုင်ငံတော်ခေါင်းဆောင် ငါဖြစ်လာတယ်ဆိုပြီး ဘာမှလေ့လာ ဆည်းပူးတာမျိုးရင့်ကျက်အောင်ပြု စုပျိုးထောင်တာမျိုးမရှိဘူး။ အခြားကျောင်းသားတွေမှာရှိလိမ့် မယ်။ ကိုယ်စီကိုယ်စီအဲနေရာမှာ ကွဲပြားသွားလိမ့်မယ်ငါသာလျှင် နိုင်ငံကိုဦးဆောင်မယ်။ ခေတ်ကို လည်း ငါတို့ဦးဆောင်မယ်ဆိုတဲ့ ကျွန်တော်တို့ မျိုးဆက်ကျောင်း သားတွေရှိပါတယ်။

သူတို့စိတ်အားထက်သန်သူတို့ရဲ့ရိုးသားမှုနဲ့သူတို့ရဲ့အရည်အချင်းတွေကိုကြည့်ပြီးတော့ ပြည်သူတွေဆုံး ဖြတ်
ပေးပါ။ လက်ရှိဦးဆောင်နေ တဲ့ သူတွေကိုလည်း ပြည်သူတွေ ပဲအဆုံးဖြတ်ပေးပါအမှတ်ပေးပါ ကျွန်တော်တစ်ဦးထဲ သဘောက တော့ရှင်းပါတယ်။ ကျွန်တော်သာပုလိပ်လုပ်ချင်ရင်အကုန်ဒုက္ခ ရောက်ကုန်မယ်ဒါရိုးရိုးစောစော စီးစီးပြောထားခဲ့တာပါ”ဟု ပြော ကြားခဲ့သည်။

အဆိုပါကဲ့သို့ကိုမင်းကိုနိုင်မှ နယ်လှည့်ကာဆွေးနွေးဟောပြော စဉ်များတွင်လည်းသက်ဆိုင်ရာမြို့ နယ်အလိုက်ပြည်သူ့ရဲများ အစိုးရ ရုံးမှတာဝန်ရှိသူများကတစ်စိတ်တစ်ပိုင်းကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။


hotnewsweekly သတင်းဂျာနယ်




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: