ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်း တနှစ်ပြည့် သတင်းစာ ရှင်းလင်းပွဲ(အသံဖိုင်) 0 Comments - 15 Nov 2011 ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း အသံဖိုင် သတင်းစာဆရာများရဲ့ မေးမြန်းမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ဖြေကြားမှု အသံဖိုင်http://burmatoday.net... More Link |
ငလျင်ဘေးကူညီကြတဲ့ ဗမာတွေရဲ့ စိတ်ဓါတ် 0 Comments - 15 Nov 2011 ဂျပန်ရောက် မြန်မာနိုင်ငံသားများ စုပေါင်းပြီး ဆူနာမီ ငလျင်ဘေးသင့်ဒေသတွင် အကြီးမားဆုံး ပျက်စီးဆုံးရှုံးခဲ့သောMIYAKI ခရိုင်၊ yamaku chi မြို့ များမှာလုပ်အားပေး အပါအဝင် ၊ အဲ့ဒီဒေသက ဒုက္ခသည်တွေကလူသားချင်းစာနာထောက်ထားပြီး မြင့်မြတ်သောစိတ်ထားဖြင့် ကုသိုလ်သွားပြုကာ အားလုံးပေါင်း 28 ယောက်လိုက်ပါခဲ့ကြပါတယ်။မြန်မာ့ဒီမိုကရေစီ အဖွဲ့ အစည်း အသီးသီးမှ လုပ်အားပေး လိုစိတ်ဖြင့်ပူးပေါင်း စီစဉ်ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်.။ မြန်မာ့အရေးကို ထောက်ပံ့ကူညီနေသော ဂျပန်လူမ... More |
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၆၊ ၂၀၁၁
ဆန္ဒပြသံဃာတော် ငါးပါး မစိုးရိမ်တိုက်ဟောင်းကျောင်းကို ရောက်ရှိ
အခုနောက်ဆုံး အခြေအနေအရတော့ ဆန္ဒပြဆရာတော် ငါးပါးဟာ မစိုးရိမ်တိုက်ဟောင်းကျောင်းကို ရောက်ရှိသွားပြီဖြစ်ပြီး အဲ့ဒီဆရာတော်တွေရဲ့ လုံခြုံရေးအတွက်ကိုတော့ ကျောင်းတိုက်ဆရာတော်တွေက ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
မန္တလေးမြို့ရဲ့ လုံခြုံရေးအခြေအနေကတော့ ထူးထူးခြားခြား လုံခြုံရေးချထားတာမျိုး မတွေ့ရပေမဲ့ လမ်းဆုံလမ်းခွ မီးပွိုင့်တွေမှာ ယာဉ်ထိန်းရဲမဟုတ်တဲ့ ရဲသားတွေနဲ့ အရပ်ဝတ်ရဲသားတွေ ချထားတာကိုတော့ တွေ့ရတယ်လို့ မန္တလေးမြို့ခံက ဆိုပါတယ်။
နေ့လယ်က ဆန္ဒပြနေတဲ့ ဗိမာန်တော်တဝိုက်ကိုတော့ လျှပ်စစ်မီးဖြတ်တောက်လိုက်တာကြောင့် ဆန္ဒပြသံဃာတော်တွေက မီးစက်နှိုးပြီး တရားဟောခဲ့ပါတယ်။ အဲဒီလို မီးစက်နှိုးဖို့အတွက် ပရိသတ်တွေက ဓါတ်ဆီ၊ ဒီဇယ်ဆီ ဝယ်ပေးကြတယ်လို့ သိရပါတယ်။
နေ့လယ်ခင်းက ဗိမာန်တော်အတွင်းသို့ ဓါတ်ဆီပုံးတွေကို အုတ်တံတိုင်းပေါ်ကနေ တင်ပေးနေတဲ့ လူငယ်ကို ဖမ်းဆီးဖို့ သူ့ရဲ့အိမ်ကို ထောက်လှမ်းရေးတွေက ညနေ ၅း၀၀ နာရီမှာ လာရောက်မေးမြန်းတဲ့အတွက် အခုဆိုရင် အဲဒီလူငယ်လေးက အိမ်မပြန်ရဲတော့ဘဲ ရှောင်တိမ်းနေရတယ်လို့ သတင်းရရှိပါတယ်။
By ဇာဏီ (BurmaVJ Media Network)
No comments:
Post a Comment