အိမ်ဦးခန်းကဖုရားစင်

အခုတလော လမ်းလျှောက်ရတာ ဖိနပ်ထဲ ခဲဝင်နေသလိုမျိုး ခိုးလို့ ခုလုနဲ့ ၊ ရာသီဥတုအပြောင်းအလွဲကြောင့်လာ ဇရာဘဲထောင်းလာလို့ လား၊ အမြင်တွေတောင် အနီးအဝေး မမှန်ချင်တော့ဘူး။
ကြာခဲ့ပါပြီ- - - -
 ပြိုလုစဲစဲ ဖုရားစင်လေးကို ပြင်ဆင်ဖို့ အဆင်မပြေလို့  ဒုတ်တချောင်းနဲ့ ထောက်ထားခဲ့ရတယ် ။
ဖြစ်ချင်တော့ အိမ်ကခွေးသရမ်းက ခလေးကိုလိုက်ကိုက်ရင်းထောက်ထားတဲ့ ဒေါက်ကိုဝင်တိုကမိလို့  ဖုရားစင်ပြိုသွားပြီ ။
ပြဿနာမရှိ ၊ အသစ်ဆောက်တော့မှာပေါ့ ။
ဒီလိုနဲ့  အိမ်ကသစ်တိုသစ်စနဲ့  ဖုရားစင်လေးတခုတော့ဖြစ်သွားတယ် ။ ဘယ်လောက်ကြာသလဲ ၂၃နှစ်ပေါ့ နေ့ စဉ်ဆွမ်းကပ်တိုင်း ဖုရားစင်ဘက်က အသံကြားပါတယ်အောင်းမေ့တယ် ၊ ဘယ်နှယ် လက်နဲ့ ကိုင်ကြည့်မှ စင်တခုလုံးခြစားပြီးပြီ ။ ဘယ်တတ်နိုင်မလဲဗျာ အဲဒီ ဖုရားစင်တခုလုံး လွှတ်ပြစ်ရတော့မှာပေါ့ ။
ဆောက်နေရတာမှကြာဦးမယ် တရုတ်ကလာတဲ့ဖုရားစင်တွေ ဈေးလဲချိုတယ် လှလဲလှတယ် ။
ကိုင်း ဒီလိုနဲ့ ဖုရားစင်လှလှလေး အိမ်ဦးခန်းမှာတင့်တယ်စွာနေရာယူသွားသည် ။
သို့ သော် - -
နေ့ စဉ် ဖုရားရှစ်ခိုးတိုင်း ခိုးလို့ ခုလုနှင့် တခုခုလိုနေသလိုလိုသတိပြုမိသည် ။
ဒီပန်းကနုတ် မန္တလေးပုံစံလည်းမဟုတ် ၊ မြန်မာလည်းမဆံ ၊
သေသေခြာခြာ ပြူးပြဲကြည့်သည် ။
ဟောဒီကတိုးနယားရုတ် ငါတို့ နဲ့ မဆိုင် ၊
ဒီမှာ ဘူးသီးကြော် ပုံစံမျိုးစာတွေ က ဘာကိုပြောနေတာလဲ ။
ကြာလာတော့ ကိုယ့် ဖု၇ားစင် ကိုယ် မယုံချင်တော့ ။
ဒီတော့ - ပထမ ဒါးဦးချွန်နှင့် ရှေ့ မျက်နှာစာအောက်နားက ဘူးသီးကြော်စာကို ကလော်ထုတ်သည် ။
သုံး လေး နေရာ ပဲ့ ထွက်သွားသည် ။ ကိစ္စမရှိ ၊ အပေါ်မှ အနန္တော အနန္ဒ ငါးပါး စာရေးကပ်လိုက်လျှင် ပြောက်သွားမည် ။
ဒုတိယ တိုးနယားရုပ်ကို ကလော်ထုတ်သည် ။
ဒါးဦးချွန်နှင့် ကလန့် သည် ၊
ဝက်အူလှည့်နှင့် ကော်သည် ၊
လက်မနှင့် ခပ်နာနာလေးဖိထဲ့သည် ၊
ဂျွတ် ခနဲ အသံနဲ့ အတူ စင်တခုလုံး ကျိုးကြေသွားတော့သည် ။
ကျနော် ဝမ်းနည်း ရမဲ့အစား ခိုးလိုးခွက်လက် အားရပါးရအော်ရယ်ပါတော့သည် ။
သြော် - သစ်လဲ မဟုတ် သံလဲမပါ ပလပ်စတစ်ကို ရွှေရောင်သုပ် အနှစ်မပါ အပေါ်ယံအလှ
ဈေးးချိုတော့မပေါ့ ။
ဘာဘဲဖြစ်ဖြစ် ဖုရားစင်တစင်တော့ ဆောက်ရလိမ့်မယ် ၊ ဒီတခါပိုးမထိုးအောင်ဘယ်လိုလုပ်မလဲ ။
ခါးတမာ

No comments: