၁၃၇၄ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်နေ့
( ၂၀၁၂ ခုနှစ်၊ ဇွန်လ (၁) ရက် )
၁.၆.၂၀၁၂
ရက်နေ့တွင် ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ကွန်ယက်၏ ဒုတိယအကြိမ်မြောက်အစည်းအဝေးကို
နံနက် ၁၀ နာရီတွင် စတင်ပြုလုပ်ခဲ့သည်။ ကွန်ယက်အစည်းအဝေးသို့ ကွန်ယက်အဖွဲ့ဝင် ၃၀
ကျော်တက်ရောက်ခဲ့သည်။
အစည်းအဝေး အခမ်းနားအစီစဉ်ကို ဦးသိန်းအောင် (ကိုကိုးကျွန်းပြန်) မှ သဘာပတိအဖြစ် အဖွင့်မှာစကားပြောကြားခဲ့သည်။ အစည်းအဝေးပွဲတွင် ကွန်ယက်၏ တစ်လ အတွင်း လုပ်ဆောင်ခဲ့သော လုပ်ငန်းများ၏ အောင်မြင်မှုအခြေအနေများ ၊ လုပ်ဆောင်နေဆဲ လုပ်ငန်းအခြေအနေများနှင့် ဆက်လက်လုပ်ဆောင်မည့်လုပ်ငန်းစဉ် များ
တစ်ဦးချင်းစီတင်ပြလာသော မိမိတို့ ရပ်ကွက် ကျေးရွာအတွင်းရှိ
ပြဿနာရပ်အသီးသီးတို့ကို အပြန်အလှန်တင်ပြဆွေးနွေးကာ ညှိနှိုင်းအဖြေရှာ
ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေး၏ ဆုံးဖြတ်ချက်များမှာ (၁) ကွန်ယက်အဖွဲ့ဝင်များသည်
မိမိနှင့်အနီးဆုံးနေရာများမှ ကွန်ယက်အဖွဲ့ဝင်အချင်းချင်း ချိန်ဆက်ရန် ၊ (၂) ဒေသခံ
လူထုမှာ အကြောက်တရားများရှိနေသဖြင့် အကြောက်တရားကင်းမဲ့ရန်နှင့် အသိတရားကြွယ်ဝရန်
ကွန်ယက်အဖွဲ့ဝင်များမှ အသိပညာပေးသွားရန် ၊ (၃) ကွန်ယက်အဖွဲ့ဝင်များသည်
ရောက်သည့်နေရာအသီးသီး၌ ဆက်လက်၍ ကွန်ယက်အင်အား တိုးချဲ့ရန် တို့ဖြစ်သည် ။
ကွန်ယက်အဖွဲ့ဝင်များသည် လဆန်း(၁)ရက်နေ့တိုင်းတစ်လတစ်ကြိ မ်
ပုံမှန်အစည်းအဝေးပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကွန်ယက်အဖွဲ့ဝင်အချင်းချင်း
ကွန်ယက်အင်အားတိုးပွားလာရန်နှင့် အပြန်အလှန်ဆက်သွယ်မှုများ မပြတ်စေရန်
ထိတွေ့ချိတ်ဆက် သွားမည်ဖြစ်သည်။
အစည်းအဝေး အခမ်းနားအစီစဉ်ကို ဦးသိန်းအောင် (ကိုကိုးကျွန်းပြန်) မှ သဘာပတိအဖြစ် အဖွင့်မှာစကားပြောကြားခဲ့သည်။ အစည်းအဝေးပွဲတွင် ကွန်ယက်၏ တစ်လ အတွင်း လုပ်ဆောင်ခဲ့သော လုပ်ငန်းများ၏ အောင်မြင်မှုအခြေအနေများ ၊ လုပ်ဆောင်နေဆဲ လုပ်ငန်းအခြေအနေများနှင့် ဆက်လက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်
မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင် ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော် မတီ
(၁.၆.၂၀၁၂)
ဆက်သွယ်ရန်လိပ်စာ
09-2059904
09-43155796
09-444012426
09-444013778
အစည်းအဝေး၏
ဗွီဒီယိုဖိုင်လင့်များ
အပိုင်း ၁ http://youtu.be/tL1NQLaMoKw
အပိုင်း ၂ http://youtu.be/IcaTxE_5pPk
အပိုင်း ၃ http://youtu.be/0fPAJAjzv6k
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment