၁၃၇၄ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်နေ့
( ၂၀၁၂ ခုနှစ်၊ ဇွန်လ (၁) ရက် )
နိုင်ငံတော်အစိုးရသည်
တောင်သူများ လယ်ယာမြေစိုက်ပျိုးနိုင်ရန်အတွ က် လိုအပ်သောရေကို
ထိန်းသိမ်းပေးပို့ နိုင်ရန်အတွက် မုန်တိုင်ဆည်ကိုတည်ဆောက်ပေးထား ခဲ့သည်။
မုန်တိုင်ဆည်သည် မိတ္ထီလာမြို့ရှမ်းမငယ်တိုက်နယ် တွင် တည်ဆောက်ထားပါသည်။
ထိုဆည်တည်ဆောက်ရန် လိုအပ်သောမြေနေရာ အကျယ်အ၀န်းကို လက်ပံအိုင့်ကျေးရွာ ၊
ညောင်ပင်သာကျေးရွာ၊ အိုင့်ကျေးရွာ၊ ဖလံကျင်းကျေးရွာများမှ
ဒေသခံတောင်သူများပိုင်ဆိုင်သော လယ်မြေများကို သိမ်းယူကာ တည်ဆောက်ခဲ့ပါသည်။
ထို့အတွက်ကြောင့် ဒေသခံတောင်သူများမှာ လယ်မဲ့ယာမဲ့ဖြစ်ခဲ့ရပြီး အလုပ်လက်မဲ့
ဖြစ်ခဲ့ရသည်။ အလုပ်လက်မဲ့ဖြစ်ခဲ့ရသော ဒေသခံတောင်သူများမှာ ၀မ်းစာအတွက်
မုန်တိုင်ဆည်ထဲတွင် ငါးသားပေါက်များကို ၀ယ်ယူကာမွေးမြူခဲ့ပြီး တံငါသည်ဘ၀အဖြစ်
ဆက်လက်ရပ်တည်နေခဲ့ရသည်။ ယခုအခါတွင် မုန်တိုင်ဆည်မှာ ရေနည်းချိန်ဖြစ်၍ စလေမြို့မှ
ဦးပေါဟန်သည် မုန်တိုင်ဆည်ထဲတွင် စက်လှေနှစ်စီးဖြင့် (ခန့်မှန်းပေ ၂၀၀၀
ခန့်ရှည်ပြီး ရေအနက် အတောင် ၂၀ ကျော်ရှိသော ပိုက်) ပိုက်နှစ်ဖုံဖြင့် လူအင်အား ၄၀
ကျော်ဖြင့် ၂၀၉ တပ်မှ တပ်ရင်းမှူ ကျော်ဝဏ္ဏနှင့် ပူးပေါင်း၍ ၂၀.၅.၂၀၁၂ ရက်နေ့မှစတင်ကာ
မုန်တိုင်ဆည်ထဲတွင် ငါးဖမ်းဆီးနေသည်။ တစ်နေ့လျှင် ငါးပိဿာချိန် ၁၀၀
ကျော်ဖမ်းဆီးရရှိနေပါသည်။ ထိုသို့လာရောက်လုပ်ကိုင်နေသည်မှာ
တစ်ကြိမ်တစ်ခါမကတော့ပါ။ ၂၀၉ တပ်မှ စစ်အာဏာပိုင်များက ဦးပေါဟန်
ငါးဖမ်းဆီးနိုင်ရန်အတွက် ဒေသခံ တံငါသည်များကို စစ်တပ်အမိန့်ဖြင့်
ဖယ်ရှားခိုင်းခဲ့သည်။ ဒေသခံများမွေးမြူထားသော ငါးများကိုဖမ်းဆီး၍
ရရှိသောငါးများထဲမှမလိုအပ်သော ငါးသားပေါက်များကို မြေပေါ်တွင်စွန့်ပစ်ထားသည့်အတွက်
ဆည်ထဲတွင် ငါးမျိုးစိတ်များပျက်စီးကုန်ပါ သည်။ လယ်မဲ့ယာမဲ့
ဖြစ်ခဲ့ရသောတောင်သူများမှာ ယခုအခါတွင် ဦးပေါဟန်နှင့် ၂၀၉ တပ်မှတပ်ရင်းမှူး
ကျော်ဝဏ္ဏတို့၏ လုပ်ရပ်ကြောင့် လက်ရှိရပ်တည်နေရသော တံငါသည်အလုပ်ကိုပါ
စွန့်လွှတ်ရတော့မည်ဖြစ်ပါသည်။ ထို့ကြောင့် ဒေသခံများမှာ ၎င်းတို့ဘ၀ရပ်တည်နိုင်ရေးအတွက်
တာဝန်ရှိသူများ အနေဖြင့် ဒေသခံများ၏ အကျိုးစီးပွားကို
ထိခိုက်နစ်နာအောင်ပြုလုပ်နေသော လူများအား တားဆီးပေးပါရန်တင်ပြ အပ်ပါသည်။
မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင် ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော် မတီ
(၁.၆.၂၀၁၂)
ဆက်သွယ်ရန်လိပ်စာ
09-2059904
09-43155796
09-444012426
09-444013778
သတင်းဗွီဒီယိုဖိုင်လင့်များ
အပိုင်း ၁ http://youtu.be/MxYxsE3Nm6o
အပိုင်း ၂ http://youtu.be/pyxUyucL1x8
အပိုင်း ၃ http://youtu.be/OtYd9NojgHo
အပိုင်း ၄ http://youtu.be/XH1MxVgB20M
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment