ပြန်လွတ်လာသည့်​ နိုင်ငံ​ရေး​အကျဉ်း​သား​သံဃာများ​၏ သိမ်တက်ပွဲ ပိတ်ပင်ခံရ

Published on February 1, 2012 by ​အေး​နိုင် (DVB)

ရန်ကုန်မြို့ ​မှာ ကျင်း​ပမယ့်​ နိုင်ငံ​ရေး​အကျဉ်း​သား​ သံဃာ​တွေရဲ့​ သိမ်တက်ပွဲကို တိုင်း​သံဃနာယကက ခွင့်​မပြုဘဲ တား​မြစ်လိုက်တဲ့​အတွက် ပွဲပျက်သွား​တယ်လို့​ ဦး​ဆောင်စီစဉ်သူ ဦး​ကိုကို​လေး​က ​ပြောပါတယ်။
မရမ်း​ကုန်း​ မြို့​နယ် ​ပေါက်​စေတီ​ကျောင်း​မှာ ဒီလ ၄ ရက်​နေ့​ ကျင်း​ပမယ့်​ သိမ်တက်ပွဲနဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​တွေ ​တွေ့​ဆုံပွဲမှာ လွတ်ငြိမ်း​ခွင့်​နဲ့​ ပြန်လွတ်လာတဲ့​ သံဃာ ၃၇ ပါး​ကို သိမ်တက်ဖို့​ ပြင်ဆင်ထား​တာဖြစ်ပြီး​ ၈၈ မျိုး​ဆက်​ကျောင်း​သား​ မင်း​ကိုနိုင်၊​ ရှမ်း​တိုင်း​ရင်း​သား​ခေါင်း​ဆောင် ခွန်ထွန်ဦး​တို့​လည်း​ တက်​ရောက် စကား​ပြောဖို့​ ရှိတယ်လို့​ ဆိုပါတယ်။
သိမ်တက်ပွဲပျက်ပုံကို ဦး​ကိုကို​လေး​က “တိုင်း​သံဃာနာယကအဖွဲ့​က ပိတ်လိုက်တယ်။ ဆရာ​တော်ကိုယ်တိုင် ဖုန်း​ဆက်ပြီး​တော့​ တား​တာပါ။ ပထမ​တော့​ အုပ်ချုပ်​ရေး​မှူး​နဲ့​ မြို့​နယ်မှူး​နဲ့​လာတား​တယ်။ တား​တဲ့​အခါကျ​တော့​ ဆရာ​တော်က ကျုပ်တို့​က ဘုန်း​ကြီး​တွေပဲ၊​ သံဃာ​တွေပဲ၊​ ခင်များ​တို့​ပြောတဲ့​အတိုင်း​ အလှူဒါနကို ပိတ်လို့​မရဘူး​၊​ ​ပြောလိုက်တဲ့​အခါ သူတို့​ သံဃာ့​နာယကကို သွား​လျှောက်ပုံရတယ်။ သံဃာ့​နာယကက​နေ လာတား​တယ်။ အဓိက​တော့​ နိုင်ငံ​ရေး​ပါလို့​ဆိုပြီး​ ပိတ်လိုက်တာပဲ။”
ဒီပွဲကျင်း​ ပဖို့​ ဖိတ်စာ​တွေလည်း​ ​ဝေငှစီစဉ်ပြီး​ အနား​နီး​မှ ကပ်ဖျက်ခဲ့​တာ​ကြောင့်​ အဲဒီသိမ်တက်မယ့်​ ကိုယ်​တော်​တွေထံကို သင်္ကန်း​ ပရိက္ခရာ လှူဖွယ်ဝတ္ထု​တွေကို လိုက်လံ ဆက်ကပ်မယ်လို့​ သူက​ပြောပါတယ်။
ပြန်လည်လွတ်​ မြောက်လာတဲ့​ သံဃာ​တော်​တွေကို လွန်ခဲ့​တဲ့​လက ရန်ကုန်က ဘုန်း​ကြီး​ကျောင်း​ တ​ကျောင်း​မှာ သိမ်တက်​ပေး​နိုင်ခဲ့​ပြီး​ အခု ကျန်ရှိတဲ့​ သံဃာ​တွေကို သိမ်တက်ဖို့​ စီစဉ်တာလို့​ ဦး​ကိုကို​လေး​က ​ပြောပါတယ်။

No comments: