ပန်းဝါ က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း နဲ့  ရုပ်ပွား တော် တွေ ကို အစွန်ရောက်ဘာသာရေးသမား တွေ မီးရှို့ 
UNIŠTENE STATUE
ဘင်္ဂလား ဒေရှ်  အစိုးရ က ဖွဲ့  စည်း ထား သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့  မှ ကနဦး အစီရင် ခံစာ အရ သိရှိရသည် မှာ ဘင်္ဂလား ဒေရှ် နိုင်ငံ ၊ ကောဇ့် ဘဇား ခရိုင် ၊ ပန်းဝါ မြို့  မှာ  ရှိတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်း နဲ့  စေတီ ရုပ် ပွားတော် တွေ ကို မီး ရှို့ ဖျက် ဆီးသူများ ဟာ မြန်မာ နိုင်ငံ ကနေ ပြီးခဲ့ တဲ့ လ အတွင်း က ထွက် ပြေး လာ ခဲ့ တဲ့ ဘင်္ဂါ လီ ရိုဟင်ဂျာ ဒုက္ခသည် တွေ လို့ ဆို ပါတယ်။
အဲဒီဒေသ မှာ ရှေးမဆွ ထဲ က ရှိ ခဲ့ တဲ့ အစွန်ရောက်ဘာသာရေးသမား တွေ လည်း ဆူပူမှု မှာ ပါဝင် ခဲ့ ပြီး ဖမ်းဆီး ရမိခဲ့ သူတွေထဲ မှာ အများ စု ကတော မြန်မာ နိုင်ငံ ဘက် ကနေ ဆူပူ သောင်းကျန်းမှု နဲ့   ထွက် ပြေး သွားခဲ့ တဲ့ ရိုဟင်ဂျာ တွေ ဖြစ် ပါတယ်။
နောက်ဆုံး ရ သတင်း တွေ အရ အောက်တိုဘာလ ၁ ရက် တနင်္လာ နေ့  မနက် အထိ ကော့ဘဇားမှာ အခြေ အနေ တွေ ထပ် ဆိုးလာ ပြီး စစ်တကောင်း အရပ်  က ပေါ်တီယာ ဒေသ က ဘုန်းကြီးကျောင်း တွေ အပါ အ၀င် ၊ ဒိုင်းနက် လူမျိုး တွေ နေတဲ့ ဒေသ   က  လူနေ အိမ် ခြေ တွေ ကို လည်းမီးရှို့ ဖျက် ဆီးခဲ့ တယ် လို့  သိရ ပါတယ်။
မီးရှို့ ဖျက်ဆီး ဖို့  လာတဲ့ လူတွေ ကို ရဲတပ် ဖွဲ့  က အသံ ချဲ  စက် နဲ့  နောက်ပြန် ဆုတ် ဖို့ သတိပေးခဲ့ ပေမယ့် ဂရုမစိုက် တာ ကြောင့် သေနတ် မိုး ပေါ် ထောင် ဖောက် ခဲ့ ရတယ် လို့  ဆို ပါတယ်။
ဆူပူ သောင်း ကျန်း သူ တွေ ကို ဖမ်းဆီးထား ပြီး တချို့  ဒေသတွေ မှာ လုံခြုံရေး အင်အား နည်းတာကြောင့် အခြေ အနေ တွေ ဆက် လက် ဆိုး ရွား နိုင်တယ် လို့  ဒေသ ခံ ဗုဒ္ဓဘာသာ ၀င် တွေ က ယူဆကြ ပါတယ်။
ဘင်္ဂလား ဒေရှ် နိုင်ငံ ၊ ကောဇ့် ဘဇား ခရိုင် ၊ ပန်းဝါ မြို့  မှာ  ဒေါသ ထွက် နေတဲ့ အစွန်ရောက်ဘာသာရေးသမား လူအုပ် ကြီးက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၊ သိမ်  ၂ ခု နဲ့  လူနေ  အိမ် ခြေ ၂၀ ကျော် ကိုတိုက် ခိုက် ဖျက် ဆီး တယ် လို့  CNN သတင်း မှာ ဖော် ပြ သွား ပါတယ်။
အဲဒီဒေသ က ဗုဒ္ဓဘာသာ လူငယ် လေး တစ်ဦးက သူ ရဲ့  Facebbok မှာ ကိုရ်ရန် ကျမ်းစာ ကို
မီးရှို့  နေတဲ့ ပုံ ကို တင်ထား လို့  တိုက်ခိုက်ရတယ် လို့  ဆူပူသူ တွေ ထဲ မှာ ပါ တဲ့ သူ တစ်ဦး ကကော့ဘဇား မြို့  က သတင်း စာ တစ်စောင် ကို ပြော ပါတယ်။
လွန်ခဲ့ တဲ့ နှစ် ပေါင်း ၂၀၀ ကျော် ကတည်း က တည်ထား တဲ့  ဘုရား စေတီ ရုပ် ပွား တော် တွေဖြစ်တဲ့ အပြင် မြန်မာ စစ်သူကြီး မဟာဗန္ဓုလ  ပန်းဝါ မြို့  နယ် ရာမားဂူနား ကို  စစ်ထွက် စဉ် မှာလာရောက် ဖူး မြော် ကြည်ညို ခဲ့ တဲ့   သမိုင်းဝင်း ဗုဒ္ဓ ရုပ်ပွား တော်တွေ ဖြစ်တယ် လို့  ကောဇ့် ဘဇားမှာ နေ တဲ့ ရခိုင် လူမျိုး တစ်ဦး ဖြစ်တဲ့ ဦးဦးထွန်း က ပြော ပါတယ်။
ဒေါသ ထွက် နေတဲ့ အစွန်းရောက် ဘာသာ ၀င်တွေ ဟာ စနေ နေ့  ညနေ က တည်း က ရာမူးမှာဆူပူ ဖို့  စတင်လူစု ခဲ့ တာ ဖြစ်တယ် လို့  ကောဇ့်ဘဇား ရဲတပ် တပ်ဖွဲ့  က ဒုရဲ အုပ် Saleem Jahangir ကCNN သတင်းဌာန ကို ပြောပါတယ်။
အခုတော့ အခြေအနေ တွေ အားလုံး ထိမ်းသိမ်း ထား လိုက် နိုင် ပြီ လို့  ရဲတပ် ဖွဲ့  က ပြောပေမယ့်အဲဒီ ဒေသ က ဗုဒ္ဓဘာသာ ၀င် တွေ က တော့ အစွန်းရောက်အစ်စလာမ် ဘာသာ ၀င်တွေ ထပ် ပြီး ရန် ပြု နိုင် တယ်လို့  ဆို ပါတယ်။
ဘင်္ဂလား ဒေရှ် ပြည်ထဲ ရေး ၀န်ကြီး Mohiuddin Khan Alamgir က ဆူပူသောင်းကျန်း မှု ကြောင့်ပျက် စီ ခဲ့ တဲ့ နေရာ တွေ ကို လာရောက် ကြည့် ရှု ခဲ့ ပါတယ်။
ဘင်္ဂလားဒေရှ် အစိုးရ က ချက် ခြင်း ပဲ ဒီကိစ္စ နဲ့  ပတ်သက် လို့  စုံစမ်း စစ်ဆေး ရေး ကော်မရှင် ဖွဲ့  စည်းခဲ့ ပြီး ဆယ် ရက် အတွင်း အစီ ရင်ခံ ဖို့  ညွှန်ကြား ထား ပါတယ်။
ဗုဒ္ဓဘာသာ ၀င် လူငယ် လေး ကတော့ Facebook မှာ ဒီဓာတ်ပုံ ကို တင်တာ သူ မဟုတ် ပဲ တစ်ယောက်ယောက် Tag လုပ်သွားတာ ဖြစ် ပြီး အခု တော့ သူ့  ရဲ့  Facebook လိပ်စာ ပါ မရှိ တော့ ဘူး လို့  ဆိုပါတယ်။
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments: