ဒုံရင်းမို့ လို့  ဒင်းကိုမယုံ

မြန်မာအစိုးရရဲ့ ပြုပြင် ပြောင်းလဲရေး ဘယ်ကို ဦးတည်နေသလဲ

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အစိုးရ အထူး ကိုယ်စားလှယ်
မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ ပြုပြင် ပြောင်းလဲရေး လမ်းစတွေဟာ အရင်တုန်းက မြန်မာ့ အရေး လေ့လာ စောင့်ကြည့်သူတွေ မြင်တွေ့ခဲ့ရတဲ့ အပြောင်းအလဲတွေ ရပ်တန့် ပိတ်ဆို့ နေတာနဲ့ ကွဲပြားတာကို မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် အစိုးရရဲ့ အထူးကိုယ်စားလှယ် Derek Mitchell ဒဲရစ် မစ်ချဲလ်က အသိအမှတ်ပြု ပြောကြားလိုက်ပါတယ်။
တကယ် စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်မှုတွေကို အမေရိကန် အစိုးရက ထောက်ခံ ကြိုဆိုနေပေမယ့် အခုတော့ မြန်မာ အစိုးရရဲ့ ပြုပြင် ပြောင်းလဲရေးက ဘယ်ကို ဦးတည်နေ သလဲဆိုတာ ကွဲကွဲပြားပြား မသိရသေးဘူးလို့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ မစ်ချဲလ်က ပြောပါတယ်။
ဒါ့အပြင် တိုင်းရင်းသား လူမျိုးစု ဒေသတွေမှာ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် ဒေသခံတွေ အပေါ် အစိုးရ တပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ သတင်းတွေ ဆက်လက် မြင်တွေ့ နေရတုန်းဘဲလို့ သူက ဆိုပါတယ်။
အဲဒီ ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ အထောက်အထားတွေ ဆက်တွေ့ နေရအုံးမယ်၊ ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေ အတိုက် အခံ အင်အားစု တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ မရှိဘူးဆိုရင်တော့ အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးတက် ပြောင်းလဲလာဖို့ မရှိဘူးဆိုတာကို အမေရိကန် အစိုးရဖက်က ပြတ်ပြတ်သားသား ပြောထားပြီးပြီလို့လည်း မစ္စတာ မစ်ချဲလ်က မနေ့က လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
အမေရိကန်အစိုးရနဲ့ ဆက်ဆံရေး လုံးဝကို တိုးတက် ပြောင်းလဲလာချင်တယ် ဆိုရင်တော့ မြန်မာအစိုးရအနေနဲ့ နောက်ထပ် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ တိုင်းရင်းသား တွေအပေါ် နှိပ်ကွပ် နေတာတွေကို အဆုံးသတ်ပေးဖို့ လိုတယ်လို့ မစ္စတာ မစ်ချဲလ်က ပြောပါတယ်။
မနေ့က လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ မစ်ချဲလ်က မြန်မာ အစိုးရဟာ ပိုပွင့်လင်း မြင်သာတဲ့ လမ်းကြောင်းဆီ ရှေ့ရှု သွားနေပုံ ရပေမယ့် တကယ်တမ်း ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေကို တကယ်တမ်း ဆောင်ရွက် နေသလား ဆိုတာနဲ့ ပတ်သက်လို့ ကတော့ မေးခွန်း ထုတ်စရာ ဖြစ်နေဆဲပဲလို့ ပြောသွားပါတယ်။
ဒါပေမယ့် သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာ အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေကြောင့် အကျိုးဖြစ်ထွန်းမှုတွေ ဖြစ်စေခဲ့သလို မြန်မာ အာဏာပိုင်တွေအနေနဲ့ သူတင်ပြ ပြောဆိုမှုတွေကို လိုလိုလားလား တုန့်ပြန် ဆွေးနွေးလိုစိတ် ပြခဲ့ကြပြီး မြန်မာ အစိုးရရဲ့ မကြာသေးခင်က လုပ်ဆောင်မှုတွေဟာ အားတက်စရာ ကောင်းပါတယ် လို့ ပြောသွားပါတယ်။
တခါ အမေရိကန် အစိုးရဖက်ကလည်း ပြီးခဲ့တဲ့ လတုန်းက New York မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ လာတက်တဲ့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ကို ဝါရှင်တန်မြို့ကို လာလည်ခွင့် ပေးခဲ့တာမျိုးလို မြန်မာ အစိုးရအပေါ် ခရီးသွားလာခွင့် ကန့်သတ်မှုတွေကို အမေရိကန် အစိုးရက လျှော့ပေါ့ပေးခဲ့ပြီး အပြုသဘော အရိပ်လက္ခဏာတွေ ပြခဲ့ပြီး ဖြစ်ပါတယ်လို့ မစ္စတာ မစ်ချဲလ်က ပြောပါတယ်။

No comments: