မကြုံဘူးလို့  ဝမ်းသာလုံးဆို့  သတိပါလစ်တယ် ဆိုဘဲ

ပခုက္ကူ ရေဘေး အတွက် ဒေါ်အောင်ဆန်းစုကြည် လှုဒါန်းမှု ပြု

ASSK birthday 5
မြန်မာ နိုင်ငံ အလယ် ပိုင်း မကွေးတိုင်း ပခုက္ကူ မြို့ နယ် ရှိ  ရေဘေး ဒုက္ခသည် များ အတွက်
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ကနဦး ငွေ ကျပ် သိန်း ၄၀
မတည် ကူညီကြောင်း FNG မှ သတင်း ရရှိ သည်။
ဒေါ်အောင်ဆန်းစုကြည် သည် ယမန် နှစ် က ဂီရိ မုန်တိုင်ဒဏ် ခံရသူများ၊ ယခု နှစ် အတွင်း
ပဲခူး တိုင်း ရေ ဘေး တို့ မှာ လည်း ငွေကြေး လှုဒါန်း ခဲ့ သည်။
ပခုက္ကူ မြို့ နယ် ရှိ  ရေဘေး ဒုက္ခသည် များ အား မြန်မာ အစိုးရ နှင့် အနယ်နယ် အရပ် ရပ်
မှာ အကူအညီ ပေးရေး အဖွဲ့  အစည်း များ နှင့် စေတနာ ရှင် များ က လည်း လှုဒါန်းကြ
သည်။
ပခုက္ကူ ရေဘေး တွင် သေဆုံး သူ ယနေ့ညနေ အထိ ၂၂၄ ဦး ရှိ သွား ပြီ ဖြစ်ပြီး ဒုက္ခသည်
လေးသောင်း ကျော်ရှိ သည်။
မြန်မာ စစ် ၊ အရပ်သား အစိုးရ  က သေဆုံးသူများ အတွက်  လျှော် ကြေး ပေး သည့် အတွက်
အချို့  ကျန် ရစ်သူ ကာယကံ ရှင် များ မှာ ၀မ်းသား လုံး ဆို့ ပြီးသတိလစ်
မေ့မျော ကုန်  ကြ သည် ဟု ပခုက္ကူ မြို့ မှ ကုန်သည် တစ်ဦး က ပြောသည်။

No comments: