***ပေးဆပ်သူရဲ့ နှလုံးသား***

တိုးမပွါးချင်နေ
ရိုးသားကြိုးစားရမှာက ငါ့တာဝန်....လို့
ခံယူထားတဲ့ မြင့်မြတ်သူတို့ရဲ့ နှလုံးသား
ပေါ်ဦးဆီမှာ ရှိတယ်။
ကိုယ်ကျိုးမပါ  အတ္တဗလာနဲ့
ဘဝကိုပေးဆပ်
ရဲရဲတောက် သံမဏိစိတ်ဓါတ်ပိုင်ရှင်
မင်းကိုနိုင်.....
ကျောင်းပုရဝိုက်မှာ ဒေါင်းအလံစိုက်မယ်....ဆိုတဲ့
ရဲရဲတောက် သူ့ရဲ့ကဗျာ၊
သမိုင်းတခေတ် အကောင်းအမှန်ပြောင်းဖို့
သမိုင်းရေးနေတဲ့ သူ့လက်များ၊
အမှန်တရားကို ချစ်မြတ်နိုးတဲ့ သူ့ရဲ့စိတ်ဓါတ်၊
ကိုယ်ကျင့်တရားတွေကို
အသက်ထက်တန်ဖိုးထားတဲ့ မြင့်မြတ်တဲ့ သူ့ရဲ့နှလုံးသား၊
မကြောက်တရားကို ကျောပိုးထားတဲ့ သူ့ရဲ့ ခံယူချက်၊
ယုံကြည်ချက်ကို မြဲမြဲဆုတ်ကိုင်ထားတဲ့ သံမဏိလူသား၊
ရည်ရွယ်ရာခရီးကို
မရောက်အရောက်လှမ်းမယ့် သူ့ရဲ့ဦးတည်ချက်၊
ကမ္ဘာကုန်တည်သ၍ တည်စေမယ့်
သမိုင်းတွင်ရစ်ကျန်မယ့် သူ့ရဲ့လုပ်ရပ်၊
ဒါတွေအကုန်လုံးဟာ....ပေးဆပ်သူ မင်းကိုနိုင်(ခေါ်)ကိုပေါ်ဦးရဲ့
မြင့်မြတ်တဲ့ နှသား အစစ်အမှန်ဆိုတာတွေပဲမဟုတ်ပါ....တကား။
( အမေ့သား) ဒိန်းမတ်
၄၉ နှစ်ပြည့်- ကိုမင်းကိုနိုင်မွေးနေ့အား ဤ- ကဗျာဖြင့် ဂုဏ်ပြုအပ်ပါသည်။

No comments: