ငါတို့ လယ်ယာ ပြန်ပေးပါ

ရန်ကုန် မှာ လယ်သမားတွေ ဆန္ဒပြ

aut11_16680561 ယနေ့ နံ  နက် ပိုင်းက ရန်ကုန် မြို့  ဗိုလ်ချုပ် အောင်ဆန်း လမ်း ပေါ် ရှိ အိုးအိမ် ဦးစီးဌာ ရှေ့ တွင်
သင်္ဃန်း ကျွန်း မြို့ နယ် နှင့် တောင် ဒဂုံ မြို့ နယ် များ မှ လယ်ယာမြေ အသိမ်း ခံရသည့်  လယ်
သမား များ လာရောက် စုရုံး ပြီး ၎င်း တို့  အသိမ်း ခံရသည့် လယ်ယာမြေများ ပြန်လည် ရရှိရေး၊ လန ၃၉ ဖျက်သိမ်းရေး တို့  အတွက်
တောင်းဆို ဆန္ဒပြ ခဲ့ကြ သည် ဟု FNG မှ သတင်း ရရှိ သည်။
ဆန္ဒပြ မှု များ ကို လယ်သမား အကျိုးဆောင် ရှေ့ နေ ဦးဖိုးဖြူ က ဦးဆောင် သည် ဟု
သိရသည်။
လယ်သမား များ ဆန္ဒပြ ရာ နေရာ သို့  ရန်ကုန် တိုင်း ရဲ တပ်ဖွဲ့ မှုး ရုံးမှ အဓိကရုဏ်း နှိမ်နှင်းရေး
ရဲကားများ ရောက် ရှိလာကာ ရဲမှုး တစ်ဦး မှ နေပြည်တော် မှ ညွှန်ကြား ချက် မကျ သေး ၍ လူ
စု ခွဲ ပေး ရန် ပြောဆို ခဲ့ ရာ  လယ်သမားများ က သိမ်ဖြူလမ်း အတိုင်း ကမ်းနား ဘက် သို့ ချီတက်
ပြီးနောက် လူ စု ခွဲ ခဲ့ ကြသည်။
ယနေ့ မနက် အစော ပိုင်း ကလည်း တောင်ဒဂုံ မြို့ နယ် တွင် လယ်သမား ဆန္ဒ ပြမှု တစ်ခု ဖြစ်ရာ
ဆန္ဒ ပြ လယ်သမား အချို့  ကို တောင်ဒဂုံ ရဲ စခန်း မှာ ရဲမှုး ၀င်းအောင် က ဦးဆောင် ဖမ်းဆီးခဲ့
သည် ဟု သိရသည်။

No comments: