ဖုန်းကြီးတွေကို ထောင်ထဲမှာ နှိတ်စက်

ထောင်တွင်းမှာ နှိပ်စက်ခံရလို့ ဆရာတော် ပြော

၂၀၀၇ သံဃာ့ အရေးအခင်းတုန်းက တောင်ဥက္ကလာ၊ ငွေကြာယံ ကျောင်းတိုက် ထဲကနေ အဖမ်းခံရပြီးနောက် ထောင်ဒဏ် လေးနှစ်ကျော် ကျခဲ့တဲ့ ဆရာတော် ဘဒ္ဒန္တကောဝိဒဟာ မကြာခင်ကပဲ သရက်ထောင်က လွတ်လာပါတယ်။
အဖမ်းခံရတဲ့အချိန်ကစလို့ ထောင်ထဲမှာ ရိုက်နှိက်တာတွေ၊ ရမ်းရမ်း ကားကား ပြောဆိုတာတွေ ခံခဲ့ရကြောင်း ဆရာတော်က ဘီဘီစီကို မိန့်ပါတယ်။
ဆရာတော်ကို ထောင်ထဲမှာ စိတ်ဝေဒနာရှင်တွေနဲ့ အတူထားပြီး သူတို့ ကလည်း ဆရာတော်ကို ရိုက်နှက်တာတွေ လုပ်တယ်လို့ ဆိုပါတယ်။
ဆရာတော် အရှင် ကောဝိဒဟာ ရခိုင်ပြည်နယ် ပေါက်တာမြို့ဇာတိဖြစ်ပြီး ရန်ကုန် ဒဂုံမြို့သစ် အရှေ့ပိုင်း၊ တက္ကသီလာ မဟာဇေယျ သိဒ္ဓိ ပဌာန်း ကျောင်းတိုက်ရဲ့ ဦးစီး ပဓာန နယက ဆရာတော် ဖြစ်ပါတယ်။
သက်တော် ၅၉ နှစ်ရှိ ဆရာတော်ဟာ လွတ်ရက်စေ့ဖို့ ရက်ပိုင်းအလိုမှာ လွတ်လာတာလို့လည်း သိရပါတယ်။

No comments: