သနားစရာရောလိုသေးလား

မိမိပြည်သူကို မစ်ဇိုင်းနဲ့ ပစ် လေယဉ်နဲ့ ဗုံးကြဲ သတ်ဖြတ်ခဲ့တဲ့ အာဏာရှင်သောက်ရူး ကိုယ့်အလှည့်ကြ ဟိုပြေးဒီပြေး ပုန်းအောင်းနေ မိပြန်တော့လဲ ခွေးလိုဝက်လိုအော် သနားဖို့ ရောလိုသေးလား ?

ကဒါဖီ သေဆုံးပြီ

ဗိုလ်မှူးကြီး ကဒါဖီ သေဆုံး သွားပြီ လို့ လစ်ဗျား နိုင်ငံ အသွင် ကူးပြောင်းရေး ကောင်စီ က ပြောပါတယ်။
ကဒါဖီ ကို ဖမ်းဆီး ထားမိပြီ လို့ လည်း အစောပိုင်း တုန်း က အဲဒီ အဖွဲ့ ပြောခဲ့ပြီး ကဒါဖီ ဒဏ်ရာ ရ ထားတယ် ဆိုတဲ့ သတင်း လည်း ထွက်ခဲ့သလို သူ သေဆုံး သွားပြီ ဆိုတဲ့ သတင်း လည်း ထွက် လာခဲ့ပါတယ်။
အခု နောက်ဆုံးရ တဲ့ သတင်း က တော့ ကဒါဖီ ကို ဖမ်းဆီးစဉ် ပစ်ခတ်မှု ကြောင့် သေဆုံးခဲ့တာ ပါ။
လစ်ဗျား ကြားဖြတ် အစိုးရ အဖွဲ့ရဲ့ တိုက်ခိုက်ရေး စစ်သား တဦး က ဆာတ့်မြို့ ထဲ က လှိုင်ခေါင်းပေါက် တခု မှာ ကဒါဖီ ပုန်းနေတာ ကို သူ တွေ့ကြောင်း နဲ့ ကဒါဖီ က သူ့ကို မပစ်ဖို့ တောင်းပန် တဲ့ အကြောင်း တွေ ကို ဘီဘီစီ ကို ပြောပြပါတယ်။
ဗိုလ်မှူးကြီး ကဒါဖီ ရဲ့ ရွှေ သေနတ် ကိုလည်း သူ ရခဲ့ ကြောင်း ပြောပြီး အဲဒီ ပစ္စတို သေနတ် ကို လေထဲကို မြှောက်ပြ ကာ ဝှေ့ယမ်းပြ နေပါတယ်
ကဒါဖီ ရဲ့ ပုံ ဆိုပြီး ခေါင်းမှာ သွေးစွန်းနေတဲ့ လူတဦးရဲ့ ပုံ လည်း အင်တာနက် မှာ ပျံ့နှံ့နေ ပါတယ်။ ဒီပုံ ဟာ ကဒါဖီ နဲ့ ဆင်တူပြီး ကဒါဖီ ရဲ့ ပုံ ဟုတ်မဟုတ် ဘီဘီစီ အနေ နဲ့ အတည် မပြု နိုင်သေးပါဘူး။
ကဒါဖီ ကို ဖမ်းဆီး ရပြီ ဆိုတဲ့ သတင်း ကြောင့် လစ်ဗျား အသွင် ကူးပြောင်းရေး တပ်ဖွဲ့ ဝင်တွေလည်း အခုလို အောင်ပွဲ ခံ ဟစ်ကြွေး နေကြ သလို လစ်ဗျား ပြည်သူ အများ အပြား လည်း အောင်ပွဲ ခံ နေကြ ပါတယ်။

No comments: