2011-10-17
အောက်တိုဘာလ ၁၈ ရက်နေ့မှာ ကျရောက်မယ့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ၄၉ နှစ်မြောက် မွေးနေ့ အကြို ဂုဏ်ပြုပွဲကို BG သွေးကူညီရေးအဖွဲ့က ဦးဆောင်ပြီး ဒဂုံမြို့သစ် တောင်ပိုင်းမှာ ရှိတဲ့ မြင်းခြံ ပိဋကတ်သုံးပုံ နိကာယ် ပရိယတ္တိ စာသင်တိုက်မှာ တနင်္ဂနွေနေ့က ကျင်းပခဲ့ပါတယ်။အောက်တိုဘာလ ၁၈ ရက်နေ့မှာ ကျရောက်မည့် ၈၈  မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၏ ၄၉ နှစ်မြောက် မွေးနေ့  အတွက် ဖိတ်ကြားလွှာ ဖြစ်ပါသည်။
             ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး အတွက် အာဏာပိုင်တွေရဲ့ ဖိနှိပ်  ညှဉ်းပန်းမှုတွေကို ကြံ့ကြံ့ခံပြီး ကိုယ်ကျိုးမဖက် အကျဉ်းထောင်တွေထဲမှာ  နှစ်ပေါင်းများစွာ ဖြတ်သန်းနေတဲ့ ကျောင်းသား ခေါင်းဆောင်  ကိုမင်းကိုနိုင်ရဲ့ စိတ်ဓါတ်ကို လေးစား ကြည်ညိုတဲ့ အနေနဲ့ မွေးနေ့  ဂုဏ်ပြုပွဲ ကျင်းပတာ ဖြစ်တယ်လို့ ဦးဆောင် စီစဉ်သူ တဦးဖြစ်တဲ့ BG  သွေးကူညီရေးအဖွဲ့ တာဝန်ခံ ကိုညီညီက အာအက်ဖ်အေကို ပြောပါတယ်။  အဲ့ဒီပွဲကို နာမည်ကျော် အဆိုတော်တွေ ဖြစ်တဲ့ ကိုဆောင်းဦးလှိုင်၊  ကိုသားထွေး၊ ဦးရဲသွင်နဲ့ သားဖေထင်တို့ တက်ရောက်ခဲ့ကြပြီး ကိုမင်းကိုနိုင်  အတွက် ဂုဏ်ပြု သီချင်းတွေ သီဆိုခဲ့ကြပါတယ်။  ဒါ့အပြင် BG သွေးကူညီရေး အဖွဲ့အနေနဲ့ ကိုမင်းကိုနိုင်ရဲ့ မွေးနေ့ဂုဏ်ပြုတဲ့  အစီအစဉ်တခု အနေနဲ့ အောက်တိုဘာလ (၁၂) ရက်နေ့ ကတည်းစပြီး  သွေးလှုဒါန်းနေတယ်လို့ ကိုညီညီက ပြောပါတယ်။  အောက်တိုဘာလ (၁၈) ရက် ကိုမင်းကိုနိုင် မွေးနေ့မှာ မြန်မာပြည်တွင်း သာမက  နိုင်ငံတကာမှာပါ မွေးနေ့ ဂုဏ်ပြုပွဲတွေ ကျင်းပဖို့ မြန်မာ့အရေး  လှုပ်ရှားသူတွေက စီစဉ်နေကြပါတယ်။              
No comments:
Post a Comment