ရေကြီးလို့ ဒုက္ခရောက်နေသူတွေရောက်

ပခုက္ကူ ရေကြီးမှု သေဆုံးသူ ၁၀၀ ကျော်ပြီ

ပခုက္ကူမှာ အောက်တိုဘာ ၂၀ ရက်နေ့ မနက်က ချောင်းရေ တိုက်စားလို့ ရေထဲ မျောပါ သေဆုံးသူ စာရင်းဟာ စနေနေ့ ညနေပိုင်းအချိန်ထိ တရာကျော် သွားပြီ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောကြောင်း သိရပါတယ်။
ရေကြီးမှု ဖြစ်ပြီး ၄ ရက်မြောက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာတော့ နိုင်ငံတော် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း လာရောက် ကြည့်ရှုပြီး၊ သေဆုံးသူတွေအတွက် အကူအညီ ပေးမယ်လို့ ပြောသွားပါတယ်။
ရေဘေးသင့် ဒေသခံတွေဟာ အနီးနားတဝိုက်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရ ဆဲဖြစ်ပြီး၊ စုစုပေါင်း ဒုက္ခသည် ၂ ထောင်ကျော်လောက် ရှိမယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ပျောက်ဆုံးနေသူတွေကိုတော့ ဆက်လက်ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။
ဘုန်းကြီးကျောင်းတွေမှာ မှီခိုနေတဲ့ ဒုက္ခသည်တွေကို သက်ဆိုင်ရာက ထမင်းထုတ်ဝေတာ မလောက်ငှတာကြောင့် ဘုန်းကြီးကျောင်းတွေကပဲ ချက်ပြုတ် ကျွေးနေရတယ်လို့ သိရ ပါတယ်။
ခုလိုဖြစ်ရတဲ့အကြောင်းအရင်းမှန်ဟာ မိုးရွာတာ သက်သက်ကြောင့်မဟုတ်ဘဲ အဲဒီဒေသမှာ ရှိတဲ့ ဆည်တွေနဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့ ဒီဖြစ်ရပ်ကို လေ့လာဆန်းစစ် နေတဲ့ အမျိုးသား စာပေဆုရ စာရေးဆရာ ဒေါက်တာသက်လွင်က ပြောပါတယ်။
မိုးရေချိန် လက်မ ၃.၇ လောက် နဲ့ အခုလို ဖြစ်စရာအကြောင်း မရှိကြောင်း၊ မိုးရေကျတာ ဆိုရင် တဖြည်းဖြည်း များများ လာပြီးတော့ အချိန်အကြာကြီး ရေကြီးနေရာမှာ ဖြစ်ကြောင်း သူက ပြောပါတယ်။
တနင်္ဂနွေနေ့ထုတ် အစိုးရ သတင်းစာတွေမှာတော့ ပခုက္ကူမြို့က သေဆုံးသူစာရင်းဟာ ၅၈ ဦး၊ ပေါက်မြို့နယ်မှာ ၁၉ ဦး မြိုင်မြို့နယ်မှာ ၅ ဦးဖြစ်ပြီး၊ ပျောက်ဆုံးသူတွေ ရှိသေးကြောင်း ဖေါ်ပြထားပါတယ်။

မြန်မာပြည် အလယ်ပိုင်း ရေကြီး ပြီး လူအသေအပျောက် တွေ တိုးလာ

စစ်ကိုင်းတိုင်းအထက်ပိုင်း ကလေးမြို့၊ ကလေးဝမြို့ နဲ့ မကွေးတိုင်း ဂန့်ဂေါမြို့ တွေမှာ မိုးများလို့ ရေကြီးခဲ့ပြီး ပခုက္ကူ ဒေသ က ရွှေချောင်း ချောင်းရေ ကြီး မှု မှာတော့ သေဆုံးမှု ဦးရေ မြင့်တက် လာနေပါတယ်။
အောက်တိုဘာ ၂၀ ရက် မနက်က ရွှေချောင်း ချောင်းရေ အင်နဲ့အားနဲ့ ကျခဲ့လို့ ရေတိုက်စား သွားတဲ့ ပခုက္ကူမြို့ အနီးမှာ စနေနေ့ ညနေ အထိ တွေ့ရှိရတဲ့ လူသေ အလောင်း က စုစုပေါင်း ၈၀ ကျော် သွားပြီ ဖြစ်ပါတယ်။
ဘုန်းကြီးကျောင်းတွေမှာ ဖွင့်ထားတဲ့ ရေဘေးကူညီရေး စခန်းတွေမှာ ဒုက္ခသည် ဦးရေ ဟာ လည်း ၂၀၀၀ ကျော် ရှိ သွား ပြီလို့ ဒေသခံတွေ အပြော အရ သိရပါတယ်။
ပခုက္ကူမြို့ က နောက်ဆုံး အခြေအနေ ကို လူမှုရေး ကူညီနေသူ တဦးက ဘီဘီစီ ကို ပြောပြ ရာမှာတော့ သေဆုံးသူ စာရင်း ကောက်တဲ့သူ ဒေါက်တာသက်လွင် ရဲ့ စာရင်း အရ အလောင်း ၈၃ လောင်း တွေ့ ရပြီ လို့ ပြောပါတယ်။
လက်ရှိ အခြေအနေမှာ ပျောက်ဆုံးစာရင်းက ၁၀၀ ကျော် ရှိ နေတယ်လို့ ခန့်မှန်း နေကြ ပါတယ်။
ချောင်းရေ တိုက်စား သွားတဲ့ အမှတ် ၃ ရပ်ကွက် အရှေ့ဖျား နေရာတွေ က ကျူးကျော် နေအိမ်တွေ အများစုဖြစ်လို့ အိမ်ထောင်စု စာရင်း မရှိ ကြသူတွေ လည်း ရှိနေ တာကြောင့် အာဏာပိုင်တွေ အနေနဲ့ စာရင်း အတိအကျ ကောက်ဖို့ ခက်ခဲ နေတယ်လို့ လည်း သိရ ပါတယ်။
ခုချိန်မှာတော့ ရွှေချောင်း ချောင်းရေဟာ ကျသွားပြီဖြစ်လို့ မန္တလေး မုံရွာ စတဲ့မြို့တွေကို သွားလာ နိုင်ဖို့ ကျိုးသွားတဲ့ တံတားအထက်နား မှာ ချောင်းပြင် ကို ဖြတ်ပြီး ယာယီ ကားလမ်းဖေါက်ပေးထား တယ် လို့ လည်း သိရ ပါတယ်။
မကွေးတိုင်း၀န်ကြီးချုပ် ကိုယ်တိုင်လည်း ရေဘေးသင့် ဒေသ ကို ကွင်းဆင်း စစ်ဆေး တာတွေ လုပ်နေတယ် လို့ ဒေသခံ တွေက ပြောပါတယ်။
အောက်တိုဘာ ၁၉ ရက် က မိုးများခဲ့လို့ စစ်ကိုင်းတိုင်း အထက်ပိုင်း ကလေး နဲ့ ကလေးဝ မှာလည်း မြစ်သာမြစ် နဲ့ နေရဉ္စရာမြစ်ရေ ကြီးလို့ ကလေးမြို့ပေါ် ရပ်ကွက် ၃ ခု နဲ့ ရွာ ၈ ရွာလောက် ရေမြုပ် နေပါတယ်။
ကလေးမြို့ ပတ်၀န်းကျင်မှာ ရေကြီးပြီး လမ်းတွေ ပျက်နေတာကြောင့် ကလေး ဒေသခံ တွေ အခက်အခဲ ဖြစ်နေတဲ့ အခြေအနေကို ဒေသခံ တယောက် က ဘီဘီစီ ကို ပြောပြ ရာမှာတော့ ညောင်ပင်သာ ဆိုရင် အရှေ့ဖျား၊ မင်္ဂလာဦးရပ်ကွက် ဆိုရင်လည်း အရှေ့ဖျား၊ နောက် မင်္ဂလာဦး ရပ်ကွက်က မြောက်ဖက်အဖျားက ကန်တလင်း အရှေ့ရွာ၊ နတ်မြောင်း၊ ဇိန်းကလင်း၊ ဖားအိုင်တဲ့ မဲဇလူ တို့ ရေကြီး နေကြကြောင်း နဲ့ ၊ တနေ့လုပ်မှ တနေ့စားရတဲ့ ဒေသခံတွေ ဟာ စားစရာလည်းမရှိ ကြ တာ၊ ရထားလမ်း ကလည်း မရှိ၊ ကားလမ်း ကလည်း မရှိ ဖြစ်နေ တဲ့ အခြေအနေ တွေ ကို ပြောပြ ပါတယ်။
ကလေးမြို့ က ရေဘေး ဒုက္ခသည် တွေကိုတော့ အောင်မင်္ဂလာ ဇာတ်ရုံ နဲ့ စာသင်ကျောင်း တွေမှာ ကယ်ဆယ်ရေး စခန်းဖွင့်ပြီး သက်ဆိုင်ရာက ကူညီ နေ ပါတယ်။
မကွေးတိုင်း ဂန့်ဂေါမြို့ မှာလည်း မြို့လယ် ကြိုးတံတား ပျက်စီး သွားသလို ချောင်းကူး တံတားတွေ အတော်များများ ပျက်စီးသွားလို့ သွားလာရေးတွေ ခက်ခဲ နေတယ် လို့ သိရ ပါတယ်။
ဒီလိုဖြစ်ရတဲ့ အခြေအနေတွေဟာ သစ်တောတွေ စည်းကမ်းမဲ့ ခုတ်လို့ မြေတိုက်စားတာတွေ၊ ဆည်တမံတွေရဲ့ ခံနိုင်အားတွေ နဲ့ သက်ဆိုင်တယ်လို့ သစ်တော သယံ ဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေး နဲ့ ထိန်းသိမ်းရေး အသင်း ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးအုန်းက သုံးသပ် ပါတယ်။
ချောင်းရေတွေ က မိုးများလို့ က တကြောင်း၊ ဆည်တွေက ရေဒဏ်ကို မခံနိုင်တော့ ဆည်ဘောင်တွေပါ ကျိုးကျတော့ ရွာတွေပါ အကုန်လုံးမျောပါသွားတယ်၊ ဒါက မြစ်ရိုး တလျှောက်မှာ ဆည်တွေလုပ်တာဟာ အန္တရာယ်များတယ်ဆိုတာကို သက်သေပြတာ ဖြစ်တယ် လို့ ဦးအုန်း က ပြော ပါတယ်။

No comments: