မြန်မာပြည်တွင် လွန်ခဲ့သည့်အပတ်က နိုင်ငံရေးအကျဉ်းသား ၂၀ဝ ခန့်  လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ပြီး မကြာမီတွင်လည်း နိုင်ငံရေးအကျဉ်းသား  ရာဂဏန်းခန့် ထပ်မံလွတ်ငြိမ်းခွင့်ရဖွယ်ရှိကြောင်း  အစိုးရအဆင့်မြင့်အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့ကပြောကြားခဲ့ကြောင်း သိရသည်။
သမ္မတဦးသိန်းစိန်၏  နိုင်ငံရေးအကြံပေးအရာရှိ ဦးကိုကိုလှိုင်က  တရားဝင်ဆုံးဖြတ်ရခြင်းမရှိသေးသော်လည်း မကြာမီတွင် နိုင်ငံရေးအကျဉ်းသားများ  ထပ်မံလွတ်ငြိမ်းခွင့်ရဖွယ်ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။  "ကျန်ရှိနေသေးတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကိုလည်း  မကြာမီလွတ်ငြိမ်းခွင့်ပေးတော့မယ်လို့ ကျွန်တော်ခံစားမိပါတယ်}}ဟု သူက Reutersကိုပြောကြားခဲ့သည်။  "တစ်ချို့ကို လွှတ်ပေးပြီးမှတော့ ကျန်တဲ့သူတွေကိုလည်း ထောင်ထဲမှာ  ဘာကြောင့်ဆက်ထားနေမှာလဲ။ အဓိပ္ပါယ်မရှိဘူးလို့ ကျွန်တော်ထင်တယ်}}ဟု  သူကဆိုပြီး ဆုံးဖြတ်ချက်မှာမူ သူပြုလုပ်ခြင်းမဟုတ်ကြောင်း သိရသည်။  စစ်အစိုးရမင်းမူခဲ့သော မြန်မာပြည်တွင် အဆင့်မြင့်အစိုးရအရာရှိများနှင့်  အစိုးရနှင့်နီးစပ်သူတို့၏ ယခုကဲ့သို့မှတ်ချက်ပေးမှုမှာ  ယခင်ကလွန်စွာရှားပါးကြောင်း သိရသည်။
မြန်မာပြည်တွင် အောက်တိုဘာလ ၁၂  ရက်နေ့က နိုင်ငံရေးအကျဉ်းသား ၂၀ဝ ခန့်လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ပြီး  နိုင်ငံရေးအကျဉ်းသား ၁၈၀ဝ ခန့် အကျဉ်းထောင်များတွင် ကျန်ရှိနေသေးကြောင်း၊  အချို့မှာ ဆယ်စုနှစ်တစ်ခုထက်ပိုသော ထောင်ဒဏ်များကျခံနေရကြောင်း  နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ရေးအဖွဲ့အစည်း Assistance Association  for Political Prisoners (AAPP) ကဖေါ်ပြသည်။ သို့သော် ဦးကိုကိုလှိုင်က AAPP  မှာ မြန်မာပြည်ပြင်ပမှ အချက်အလက်များကို ရယူတင်ပြခြင်းဖြစ်ရာ  အဆိုပါနိုင်ငံရေးအကျဉ်းသားဦးရေကိန်းဂဏန်းကို စောဒကတက်ထားပြီး  နိုင်ငံရေးအကျဉ်းသား ၆၀ဝ ခန့်သာရှိကြောင်း သူကဆိုသည်။ စစ်အစိုးရ၏ဥပဒေအရ  မြန်မာပြည်တွင် နိုင်ငံရေးအကျဉ်းသားမရှိကြောင်း၊ ထောင်ဒဏ်ကျခံနေရသူများမှာ  အခြားပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မများနှင့်သာဖြစ်ကြောင်း သိရသည်။
အမေရိက၊  ဥရောပနှင့် ဩစတြေးလျနိုင်ငံတို့က မြန်မာပြည်ကို  လူတကာရှောင်သောနိုင်ငံဖြစ်အောင်နှင့်  တရုတ်နှင့်ပိုမိုနီးစပ်အောင်တွန်းပို့နေသည့် ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုများ  ရုတ်သိမ်းစေရန်အတွက် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှုက  များစွာအရေးပါကြောင်း ထောက်ပြခဲ့ကြသည်။
မောင်သစ်စိမ်း
greenwood(MMCP)
No comments:
Post a Comment