မြန်မာတွေကို နာကျင်စေမည့် တရုတ်၏ ပိုက်လိုင်းသွယ်တန်းမှု...

ကိုယ့်ပြည်သူများ အသုံးပြုရန် မဟုတ်သည့် အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီ၍ တန်ဖိုးရှိသည့် ကိုယ်ပိုင် အရင်းအမြစ်များစွာ ကြွယ်ဝသည့် မြန်မာနိုင်ငံ၏ မြေပုံအလယ်ပိုင်းမှ ဖြတ်၍သွယ်တန်းထားသည့် အငြင်းပွားဖွယ်ရာ လောင်စာဆီနှင့် ဓါတ်ငွေ့ပိုက်လိုင်းသည် ရန်မီးစ ပွားနေသည့်
လက်နက်ကိုင်ပဠိပက္ခ ဖြစ်ပွားနေသည့်နေရာများပါ ဖြတ်သန်းသွားမည် ဖြစ်သဖြင့် အဆိုပါ ပိုက်လိုင်းသည် အိမ်နီးခြင်း တရုတ်ပြည်၏ စွမ်းအင်လုံခြုံမှုအား ခြိမ်းခြောက်နေသည်ဟု လှုပ်ရှားတက်ကြွသူများက ဆိုပါသည်။

ကျောက်ဖြူရှိ ရွှေ စီမံကိန်းနေရာမှ စတင်သည့် စီမံကိန်းပြ မြေပုံ

တရုတ်ပြည်မှ ဦးစီးဦးဆောင် ပြုလုပ်နေသည့်၊ လူ ထောင်ပေါင်းများစွာအား နေရာဖယ်ပေးရသည့်၊ လယ်သမားများနှင့် တံငါသည်များ၏ သက်မွေးဝမ်းကြောင်းမှုများအား ထိခိုက်စေသည့် အဆိုပါ 3,900 km (2,420 မိုင်) တစ်ဆက်တည်း ရှည်လျားသည့် ပိုက်လိုင်းသည် မြန်မာပြည်သူများ၏ အရေးထက် စွမ်းအင်ဆာလောင်မှု အလွန်အမင်း မြင့်မားလာသည့် တရုတ်ပြည်အတွက် ဦးစားပေးထားခြင်း ဖြစ်ပါသည်။

အဆိုပါ စီမံကိန်းတွင် တရုတ်အစိုးရပိုင်ဆိုင်သည့် China National Petroleum Corporation (CNPC)၊ အိန္ဒိယ နိုင်ငံ၏ Videsh လောင်စာဆီနှင့် ဓါတ်ငွေ့စွမ်းအင် ကော်ပိုရေးရှင်း၊ တောင်ကိုရီးယားနိုင်ငံ၏ ဒေ၀ူး ကော်ပိုရေးရှင်းတို့ ပူးပေါင်းပါဝင်ပါတယ်။ ယခု ဇွန်လမှာ စတင်ဆောက်လုပ်နေတဲ့ အဆိုပါလုပ်ငန်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်တဲ့ ရိုက်နှက်ခြင်း၊ အတင်းအဓမ္မအလုပ်စေခိုင်းမှု၊ ဥပဒေနှင့်မညီပဲ ဖမ်းဆီးခြင်း၊ သိက္ခာချခြင်း၊ အတင်းအကြပ် နှင်ထုတ်ခြင်း စသည်များကို ဖြစ်ပေါ်လာနိုင်တယ်လို့ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ “Sold Out” အစီရင်ခံစာမှာ ဖော်ပြထားပါတယ်...

ရွှေ စီမံကိန်းမှ ပြောဆိုမှုအရ မြန်မာအစိုးရအနေဖြင့် ပြည်တွင်းစွမ်းအင် မလောက်ငှမှုကို မည်သို့မျှ ပြုလုပ်ပေးနိုင်ခြင်း မရှိပဲ အဆိုပါ ပိုက်လိုင်းမှ တစ်နှစ်လျင် အမေရိကန်ဒေါ်လာ 1 ဘီလျံနှုန်းဖြင့် နောင်အနှစ် 30 အထိရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ ရွှေ ကမ်းလွန်စီမံကိန်းမှ ကုဗပေ ထီလျံနှင့်ချီသည့် သဘာဝဓါတ်ငွေ့များ ထုတ်လုပ်နိုင်ပြီး၊ လမ်းကြောင်းတစ်လျှောက် ပဠိပက္ခဖြစ်မှုများ၊ လောင်စာဆီ အလွဲသုံးစားပြုနိုင်မှုများနှင့် တိုင်းပြည်တစ်လျှောက်လုံးကို ဖြတ်သန်း၍ တရုတ်ပြည်သို့ ပိုက်လိုင်းသွယ်တန်းမှုများအစား ကမ္ဘာ့ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံ၏ (သူတို့ ခေါင်းစဉ်တပ်ထားတာနော်) လူမှုဘ၀ ဖွံ့ဖြိုးရေးနှင့်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကို ဖန်တီးပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။



2013 တွင် ပြီးစီးမည့် ပိုက်လိုင်းသည် စီးပွားရေး မဟာအင်အားကြီး တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ အနီးကပ် ဆက်ဆံမှု အကြောင်းရင်းခံ ဖြစ်လာပါတယ်။ တရုတ်ကြီးဟာ သူ့ အိမ်နီးခြင်း နိုင်ငံ၏ ကြွယ်ဝ၍ ဈေးသက်သာသည့် သယံဇာတများအား အနောက်နိုင်ငံမှ ပြိုင်ဘက်များ ဆိုရုံမျှတောင် မရှိပဲ လွယ်လွယ်ကူကူ ရရှိနိုင်ခြင်းကို ကျေနပ်ပျော်ရွှင်နေပါတယ်။ အဘယ့်ကြောင့်ဆိုသော အဆိုပါ အနောက်နိုင်ငံများဟာ စီးပွားရေးပိတ်ဆို့မှု ပေါ်လစီဖြင့် မြန်မာနိုင်ငံကို ဆွဲကိုင်ဆက်ဆံထားဆဲ ဖြစ်သောကြောင့်လည်း ဖြစ်ပါတယ်။

နားလည်ရ ခက်ခဲသည့် သဘောတူညီမှုများ ဖြစ်သည့် ဒေါ်လာ ဘီလျံနှင့်ချီပြီး တန်ဖိုးရှိသည့် စွမ်းအင်ကဏ္ဍ၊ သတ္ထုတူးဖော်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး နည်းပညာနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အဆိုပါ ကူးလူးဆက်ဆံမှုဖြင့် ဖုံးကွယ်ထားပါတယ်။ ၎င်းအကျိုးအမြတ်တွေဟာ သန်း 50 သော ပြည်သူများအတွက် အကန့်အသန့်ဖြင့်သာ ရရှိမယ်လို့လည်း ဆိုပါတယ်။

အနောက်မြောက်မှာ ရှိသည့် တရုတ်ပြည် အတွင်းပိုင်းတွင် လျှပ်စစ်ဓါတ် ထုတ်ယူနိုင်ရန် 2,800 ကီလိုမီတာ ရှည်သည့် ပိုက်လိုင်းတစ်လျှောက် နှစ်စဉ် မြန်မာနိုင်ငံမှ သဘာဝဓါတ်ငွေ့ ကုဗမီတာ သန်းပေါင်း 12 သန်းခန့် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ထို့ထက်ပို၍လည်း အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသမှ ရရှိလာမည့် လောင်စာဆီ တန်ပေါင်း 22 သန်းသော ပမာဏကိုလည်း အခြား 1,100 ကီလိုမီတာရှည်လားသည့် ပိုက်လိုင်းမှတစ်ဆင့် တရုတ်ပြည်သို့ သွယ်တန်းသွားမှာ ဖြစ်ပါတယ်...

မြန်မာနိုင်ငံအား ခါးလည်မှ ဖြတ်၍သွယ်တန်းမည့် ပိုက်လိုင်းပြ မြေပုံ...



မှတ်ချက် ။ ။ http://www.chinapost.com.tw/china/national-news/2011/09/07/315879/Chinese-pipeline.htm မှ ဆောင်းပါးအား ဘာသာပြန်ဆို ရေးသားခြင်းဖြစ်ပါသည်။ အစိုးရလုပ်သည့် စီမံကိန်းမှန်သမျှအား ဆန့်ကျင်သည့် သဘောမသက်ရောက်စေပဲ အများစု အသိဥာဏ် ပွင့်လင်းစေရန်နှင့် တရုတ်၏ စီးပွားရေး အမြတ်ထုတ်မှုမှ စုပေါင်းကာကွယ်နိုင်ရန်အတွက် နည်းလမ်းရှာကြံရန်နှင့် တရုတ်နှင့် ဆက်ဆံနေရပါကလည်း ထိုက်သင့်သည့် ခံစားခွင့်များ တောင်းယူနိုင်ရန် ရည်ရွယ်လိုရင်း ဖြစ်ပါသည်။ ယခုကတည်းကပင် တိကျ သေခြာသော မူဝါဒများ မရှိပဲ တရုတ်တို့အား လုပ်ချင်တိုင်းလုပ်ခွင့်ကို ပေးခဲ့ပါက နောင်တွင် မန္တလေးသို့ သွားလျင်ပင် ဗီဇာယူ၍ သွားရသည့် အဆင့်သို့ရောက်သွားမည်မှာ ဧကန်ပင် ဖြစ်ပါတော့သည်.....
James Mmt facebook

No comments: