ပြန်ကြားရေးနဲ့ လူမှုဆက်ဆံရေးဌါန ညွန်ကြားရေးမှူးချူပ် ဦးရဲထွဋ်၏ ပြောကြားချက်အပေါ် အနည်းငယ်ပြန်လည်တင်ပြဆွေးနွေးခြင်း။

by Ko Baloi on Friday, October 14, 2011 at 4:45pm

ကျနော်တို့ တိုင်းရင်းသားပြည်သူတွေဟာ....နှစ်ပေါင်းရာစုထက်ဝက်မက အဖိနှိပ်ခံဘဝနဲ့    မင်းဆိုးမင်းညစ်တွေရဲ့ဒဏ်တွေကို   အလူးအလိမ့်ခံစားနေကြရပြီး၊ ၎င်းတို့ပြုသမျှကိုလည်း  နုခဲ့ရကြပါတယ်။  မြန်မာတိုင်းရင်းသားပြည်သူတွေဟာ    ရေမဲ့နေတဲ့ ကန္တရခရီးသည်များရေငတ်နေသလို....ကျနော်တို့ပြည်သူတွေဟာလည်း လွတ်လပ်မှုနဲ့ တရားမျှတမှုတွေကိုကိုလိုနီအုပ်ချူပ်စဉ်ကတည်းက ရေဆာနေသလို ငတ်မွတ်နေကြသူတွေပါ။ကနေ့ဦးသိန်စိန်အစိုးရဦးဆောင်တဲ့လက်ထက်မှာ....ပြုပြင်ပြောင်းလဲမှုတွေရှိပါသည်၊  အစိုးရဘက်ကပြုပြင်ပြောင်းလဲမှုတွေအပေါ်   တချို့က အားမရပဲ  ပြုပြင်ပြောင်းလဲမှုတွေကို   တိုးမြှင့်လုပ်ဆောင်ဖို့   ပြောဆိုနေသံတွေထွက်ပေါ်နေတာတွေလည်းရှိပါသည်၊ အဲဒီ- အားမလိုအားမရဖြစ်နေတဲ့ လူတွေအပေါ်မှာ အစိုးရဘက်က နားလည်ပေးတာကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။  နောက်ထပ်အပြောင်းအလဲတွေ  ဖြစ်ပေါ်လာဦးမယ်လို့ .....ပြန်ကြားရေးနဲ့       လူမှုဆက်ဆံရေးဌါနညွန်ကြားရေးမှူးချူပ် ဦးရဲထွဋ်မှယ္ခုလိုပြောကြားတဲ့အပေါ်မှာလည်းထပ်မံကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်။အစိုးရက ပြောင်းလဲမှုအစလို့ပြောပေမယ့် စာသူငယ်ဟာ ခဲမှန်ထားဘူးတော့ မယုံမရဲစိတ်တွေရှိနေတဲ့သူတွေအပေါ် စာနာစိတ်နဲ့ နားလည်ပေးစေလိုပါတယ်၊ ဘယ်သူမဆို...ပျော်ပွဲစားခရီးထွက်တာမဟုတ်တဲ့ကြောင့် တစ်ရက်တာခရီးကို ၃-၄-၅ ရက်ကြာ မလျှောက်လှမ်းချင်ကြပါဘူး၊ ယနေ့- လျှောက်နေတဲ့ခရီးဟာ အမြန်ရောက်ချင်နေသူတွေ၊ ပုံမှန်ရောက်ချင်နေသူတွေ၊အရင်မလိုပဲ နှေးနှေးကွေးကွေးရောက်ချင်သူတွေနဲ့   နောက်ကြောင်းပြန်လှည့်ချင်သူတွေကြားမှာ....မြန်မာ့နိုင်ငံရေးဟာ  တည်နေသလိုဖြစ်နေပါတယ်၊   အဲဒီ- ခရီးမှာ ဦးဆောင်သူတွေက မြန်မြန်ရောက်ချင်တဲ့ ဆန္ဒရှိရင် မြန်မြန်ရောက်မယ်၊ ပုံမှန်ရောက်ချင်ရင်ပုံမှန်ရောက်မယ်၊   နှေးနှေးကွေးကွေးရောက်ချင်ရင် နှေးနှေးကွေးကွေးရောက်မယ်၊ နောက်ကြောင်းကိုတော့ ပြန်မလှည့်လိုက်ပါနဲ့....ဒီခရီးမှာ  ဦးဆောင်နေသူတွေသာ အဓိကကြပါတယ်၊ ပူးပေါင်းဆောင်ရွက်မှုမှာ ပြစ်တင်ဝေဖန်သံတွေနှောပြီး ရှေ့ခရီးကိုဆက်လို့မရဘူးဆိုတာကိုလည်း နားလည်လက္ခံထားပါတယ်၊ တခါတလေ အားရကြေနပ်မှုမရှိလို့-  ပြစ်တင်ဝေဖန်သံတွေနှောလာရင် အမြင်ကြည်ကြည်နဲ့ သဘောထားကြီးပြီးနားလည်ပေးစေလိုပါတယ်၊ အစိုးရတစ်ရပ်အနေနဲ့ ဒီမိုက
ရေစီအစိုးရလို့ မိမိကိုယ်မိမိ ခံယူထားမယ်ဆိုရင်....ဘယ်နိုင်ငံက ဒီမိုကရေစီအစိုးရကိုပဲကြည့်ကြည့် ပြည်သူတွေကမကြိုက်ရင် ပြည်သူတွေရဲ့ ပြစ်တင်ဝေဖန်မှုတွေကိုတော့ ခံနိုင်စွမ်းရှိရမယ်လို့....လက်ရှိ- ဦးသိန်းစိန်ဦးဆောင်တဲ့   အစိုးရအဖွဲ့ကို  တင်ပြဆွေးနွေးလိုပါတယ်။ လက်ရှိ- အစိုးရအနေဖြင့် ပြည်သူလူထုနဲ့ နိုင်ငံတကာထောက်ခံမှုကို ပိုမိုရရှိလိုလျှင်....ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများကို အမြန်တကအမြန်ဆုံးနည်းနဲ့လွတ်ပေးဖို့လိုကြောင်းတိုက်တွန်းပြောကြားလိုပါတယ်။နောက်ဆုံးအနေဖြင့် ကျနော့်အနေနဲ့ အစိုးရပြန်ကြားရေးဝန်ကြီးဌါန ပြန်ကြားရေးနှင့် လူမှုဆက်ဆံရေးဌါန ညွန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အား    သိစေလိုသည်မှာ....လူမှုဆက်ဆံရေးထါနမှာ    ညွန်ကြားရေးမှူးချုပ်ရာထူးကိုယူထားလျှင်....အခုရေတွင်းတူး-အခုရေကြည်သောက်ချင်တဲ့    ကိုယ့်လူမျိုးတွေရဲ့   အထာကိုလည်းနောကြေထားဖို့လိုအပ်ကြောင်း    တင်ပြဆွေးနွေးရင်း...နိဂုံးချုပ်လိုက်ပါသည်။

No comments: