အော်၊ ဗမာဆိုတာ မြန်မာပြည်ကလာတဲ့သူတွေကို ပြောတာပါဗျာ။ တခြားအဓိပ္ပါယ် အထွေအထူး မဟုတ်ရ ပါဘူး။ ခင်ဗျား ဗမာဆိုတာ ဘယ်လိုလုပ်သိသတုန်းဟုတ်လား။ ဟ၊ ခင်ဗျား သွားတွေမှာကပ်နေတဲ့ ကွမ်းဂျိုး တွေကို ကြည့်ရင် တန်းသိနေတာပဲ ။
ဘာလဲ၊ ခင်ဗျားက ထိုင်းလူမျိုးတချို့လည်း ကွမ်းစားတယ်ဆိုပြီး ဆင်ခြေကန်အုံးမလို့လား။ ထိုင်းတွေ ကွမ်း စားတယ်ဆိုပေမဲ့ အတော်အသက်ကြီးတဲ့ရှေးခေတ်အဘိုြး ကီး၊ အဘွားကြီးတွေမှ စားကြတာဗျ ။ခင်ဗျား လို အာယုသုံးဆယ်ဝန်းကျင်တွေ ကွမ်းစားတာ မရှိသလောက်ပဲဗျ။ဒီထက်ပိုသေချာတာ က ခင်ဗျာဘေးက အမျိုး သမီးရဲ့ပါးမှာ ဖျက်ထားတဲ့သနပ်ခါးတွေက သိပ်မပျောက်ချင်ဘူးဗျာ ။
ခင်ဗျားကြည့်ရတာ ကျုပ်လိုပဲ အညာသားထင်ပါရဲ့ ။ ဒါကိုလည်း သိပ်အံ့သြမသွားနဲ့အုံး။ စောစောက ခင်ဗျား ပြောလိုက်တဲ့စကားသံကို ကြားရတာ အညာလေဆိုတော့ ကျုပ်နားယဉ်နေလို့ပါ။ နည်းနည်းစပ်စုရရင် ခင်ဗျားဟာ ဒီဖူးခက်ပါတောင်ကမ်းခြေမှာ နိုင်ငံခြားဧည့်သည်တွေ စီးလေ့ရှိတဲ့ အပျော်စီးလေထီးပေါ်မှာ အတူတွဲလိုက်တဲ့သူ ထင်ပါရဲ့။ ဒါလည်း ခင်ဗျားရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ နေလောင်ထားတဲ့ အသားအရေ ကိုကြည့်ပြောတာပါဗျာ။
အော် ။ကျုပ်ပြောမှာက ကျုပ်အကြောင်းမဟုတ်ပါဘူး ။ခင်ဗျားအကြောင်း ၊အညာအကြောင်း၊လေထီး အကြောင်းလည်း မဟုတ်ရပါဘူး။ ကျုပ်အိမ်က ကြောင်ကလေးတွေ အကြောင်းပါ။ အလုပ်မရှိကြောင် ရေချိုးတယ်လို့တော့ မထင်လိုက်ပါနဲ့ ဗျာ။နည်းနည်းသည်းခံပြီးနားထောင် လိုက်ရင် ခင်ဗျား စိတ်ဝင်စား သွားမှာပါ။
………………………………………………
ဒီလိုဗျ။ ကျုပ်အိမ်မှာကြောင်မလေးတကောင်ရှိတယ်။ သူ့နာမည်ကနက်ကျားတဲ့ ။ကျုပ်အိမ်မှာပေါက်တဲ့ ကြောင် ဆိုပါတော့။အမှန်တော့ နက်ကျားအမေဟာ နက်ကျားတကောင်တည်းပေါက်ခဲ့တာတော့  မဟုတ် ဘူး။ ပေါက်တုန်းက စုစုပေါင်းသုံးကောင်။အဲဒီမောင်ေ တွကို ကြောင်ချေးပါနည်းသင်တန်းပေးရာက ကြောက် လန့်ပြီး ကျုပ်အိမ်က ပျောက်ချင်းမလှပျောက်သွားလိုက်ြ ကတာ တလကျော်လောက်ကြာတော့ နက်ကျား တကောင်တည်း သူ့အမေနဲ့ ကျုပ်အိမ်ကို ပြန်ပေါက်ချလာတာမို့ နက်ကျားဟာ ကျုပ်အိမ်ထောင်စု စာရင်း ၀င်ဖြစ်လာတော့တာပါပဲဗျာ။ ကျန်တဲ့ ကြောင်ပေါက်နှစ်ကောင်သတင်းတော့ အခုထက်ထိ သတင်း အစ အန မရတော့ဘူးဗျ။ တမိပေါက်တကောင်တည်း၊ အထီးကျန်မို့ ပုထုဇဉ်သဘာဝ ကျုပ်လည်း သံယောဇဉ် ဖြစ်မိတယ်ဆိုပါတော့ဗျာ။အဲဒီကြော င်လေးက အဖြူနဲ့အနက်ကျားလေးမို့ ကျုပ်လည်း နက်ကျားဆိုပြီး နာ မည်လွယ်လွယ်ပေးထားခဲ့တာပါပဲ။
အိမ်မှာကြောင်မွေးတယ်ဆိုတော့လည်း ကြောင်စားရေးသောက်ရေးတာဝန်ပိုလာ တာပေါ့ဗျာ။ အမယ် ။ ထိုင်းနိုင်ငံက ထိုင်းကြောင်တွေက ကျုပ်တို့နိုင်ငံကကြောင်တွေလို စားကြွင်းစားကျန်လေးနယ်ဖတ်ပြီး ကျွေးတာကို စားရကောင်းမှန်းမသိကြဘူးဗျ။ သူတို့အတွက် ကုန်တိုက်တွေမှာ တင်ရောင်းတဲ့ စပါယ်ရှယ် ပါကင်ထုပ် ကြောင်စာကိုမှ၊ ကြောင်စာထင်တတ်ကြတာကလား။ နက်ကျားဆိုတဲ့မယ်မင်းကြီးမ ကလည်း ကုန်တိုက်က၀ယ်ကျွေးတဲ့ ကြောင်စာကိုတောင် ခွက်ထဲမှာ ကျန်နေတဲ့ လက်ကျန်ကို မစားဘူးဗျ။ တော်တော်ကို ကိန်းခန်းကြီးတဲ့ဟာမ ။ထားလိုက်ပါဗျာ။ ကျနော့်အနေ အထားနဲ့ကြောင်တကောင်အစာ ဖိုးလောက်တော့ ထောင်းတာတယ်မဆိုလောက်ပါဘူး။
လိုရင်းဆက်ကြပါစို့ဗျာ။ ဒီလိုနဲ့ နက်ကျားဟာ အပျိုဖော်ဝင်ပြီး အရွယ်ရောက်လာတော့ အိမ်ထောင်ကျ၊ သားသမီးတွေမွေးရောဆိုပါတော့။ အော် ၊သူနဲ့ရေစက်ဆုံတဲ့ ကြောင်ထီးကိုတော့ ကျုပ်ဘယ်သိပါ့မလဲဗျာ။ ထားလိုက်ပါ။ အဲဒါက အရေးမကြီးလှပါဘူး။ပထမဆုံးအကြိမ် နက်ကျားပေါက်တာက သူ့အမေလိုပဲ သုံး ကောင် ပေါက်သဗျ။ ပေါက်တာကလည်း ကျုပ်အိမ်ရှေ့က ပုဏ္ဏရိပ်ခြုံထဲမှာဗျ။ ကြောက်ပေါက်ကလေး တွေ ဆယ်ရက်သားလောက်ရလာတော့ နက်ကျားက သူ့ကလေးတွေကို ဂုတ်ကနေကိုက်ချီပြီး အိမ်နောက်ဖက် ကို ရွေ့သွားသဗျာ။ ကျုပ်လည်း ဒါဟာ ကြောင်ဓလေ့ကြောင်ထုံးစံထင်ပါရဲ့ ဆိုပြီး ကြည့်နေလိုက်တာပါပဲ ။ ဒီလိုနဲ့နောက်ထပ်လေးငါးရက်ကြာ ပန်တော့ နက်ကျားဟာ သူ့ကလေးတွေကို ကားဂိုဒေါင်မျက်နှာကျက်ပေါ် ကိုရွေ့ပြန်ပါရောဗျာ။
သူ့အမေနဲ့သူ့သားသမီးရွေ့ချင် တဲ့နေရာရွေ့ပါစေလို့ ကျုပ်သဘောထားခဲ့ပေမဲ့ နောက်သုံးရက်အကြာ မှာတော့ ကြောင်ပေါက်ကလေးတွေရဲ့ ခေါင်း၊ခြေလက်အပိုင်းအစတွေ ကျနော့်ခြံထဲမှာ ဟိုတစဒီတစ တွေ့ရပါလေရောဗျာ။ တကယ့်ကို မမြင်ရက် မရှုရက်စရာဗျာ။ ဘာတွေဘယ်လိုဖြစ်ကုန်တယ်ဆိုတာ ကျုပ်ရော ၊ ကျုပ်နဲ့အတူနေတဲ့ တပည့်ကျော်၊နိုင်စိုးရော အဖြေမရှာနိုင်ကြပါဘူး။ ကျုပ်စိတ်ထင် အိမ်ဘေးခြံ ကကြောင်ကြီးတွေဝင်ပြီး နက်ကျားမရှိတုန်း ကိုက်ဖဲ့စားသောက်သွားကြလေသလားေ ပါ့။ နိုင်စိုးကတော့ နက်ကျားကို သေချာကြည့်ပြီး ဒီကောင်မ သူ့ကလေးတွေကို သူပြန်စားတာများလား မသိဘူးတဲ့ဗျာ။ ကျုပ်လည်း အထောက်အထားမခိုင်လုံပဲနဲ့တော့ တဖက်သတ်စွပ်စွဲလို့မဖြစ်ချေဘူး ဆိုပြီး မေ့မေ့ပျောက် ပျောက် နေမြဲအတိုင်း ဆက်နေခဲ့တယ်ဆိုပါတော့။
………………………………………..
အင်း ။ ဇာတ်လမ်းက မပြီးသေးဘူးဗျာ။ ကြောင်တို့ဓမ္မတာထင်ပါရဲ့၊လေးငါး လလောက်အကြာ နက်ကျား သားပေါက်ပြန်ပါရော ။ဒီတခါလည်းနက်ကျားဟာ အိမ်ရှေ့က ပုဏ္ဏရိပ်ခြုံမှာ ပေါက်တာပါပဲ။အမယ်။ ဒီတခါနက်ကျားပေါက်တာက လေးကောင်ဗျ။ ကြောင်ရေးရာကျွမ်းကျင်တဲ့ကျုပ် သူငယ်ချင်းစံလွင့် အပြောအရ ကြောင်လေးကောင်ပေါက်တယ်ဆိုတာ ကြောင်ကုတင်လို့ ခေါ်သတဲ့ ။အိမ်ရှင်တွေ လာဘ်ကောင်းတယ်ဆိုလား ။ ငွေအလုံးအရင်းဝင်တတ်တယ်ဆိုလားပဲ ဗျာ။ ပိုဆိုးချင်တော့ စံလွင့်မိန်းမ မစန္ဒာကပါ သူတို့အိမ်ဘေးခန်းမှာ ကြောင်ကုတင်မွေးတုန်းက ကြောင်ကလေးတွေ အိမ်ပြောင်းသွားလို့ ဆိုလား၊ မူလကြောင်ပိုင်ရှင်နဲ့ ၊ ကြောင်ကလေးတွေကို လက်ခံထားမိတဲ့ အိမ်ရှင်တွေ ရပ်ကျော်ရွာကျော် ရန်ဖြစ်ကြတယ်ဆိုတာလည်း ပါသေးဗျ ။
တကယ်တမ်းကျုပ်စိတ်မှာတော့ အယုံအကြည်ရှိလှတယ် မဟုတ်ပါဘူး။
ထူးခြားချက်ကတော့ တနှစ်ကိုတခေါက်တကျင်းရောက်လာတတ် တဲ့ ကျုပ်ဇနီးက ကြောင်ကုတင်ဆိုတာ ကံကောင်းတယ်။ လာဘ်ရွှင်တယ်လို့ ယုံဟန်ရှိသဗျ။ ကြောင်ကလေးတွေအေးမှာစိုးလို့ဆို ပြီး ပန်းခြုံကို တာလပတ်စတွေမိုး ၊ပန်းခြုံထဲမှာ ဂုန်နီအိတ်တွေ ခင်းပေး ၊ကြောင်စာတွေ ဂရုတစိုက်ဝယ်ခြမ်း ၊လုပ်နေပါ လေရောဗျာ။ သူက ကြောင်ကုတင်ဆိုပြီး အကဲပိုလေ ကျုပ်က ရင်ပူရလေပဲဗျာ။
အေးလေ။ နက်ကျားဇာတ်လမ်းဟောင်းက သိပ်မကောင်းလှဘူးမဟုတ်လား။ ဘယ်နေ့ကြောင်ခေါင်းပြတ်လေးတွေ ခြံထဲတွေ့ရမလဲဆိုပြီး နေ့စဉ်နဲ့အမျှ ပူနေရတာပါပဲဗျာ။ ကျုပ်ကလည်း တခါတလေ လာလည်တဲ့ ဇနီးသည်စိတ်မကောင်းဖြစ်မှာစိုး တာကြောင့်နက်ကျား ဇာတ်လမ်းကို ပြောမပြပဲ ရေငုံနှုတ်ပိတ်နေလိုက်တယ်ဆိုပါေ တာ့။ အော် ။နက်ကျားဇာတ်လမ်းဟောင်းကို သိနေတဲ့ တပည့်ကျော် နိုင်စိုးလည်း ကျုပ်ဆီက အလုပ်ထွက်သွားပြီဗျ။သူ့နေရာမှာ မြင်းခြံဆိတ်ဖြူဖက်က ကျော်ဝင်းဌေးဆိုတဲ့ ချာတိတ်အလုပ်ဝင်နေလေရဲ့ ။
………………………………..
နက်ကျားကတော့ မီးတွင်းကအထွက် ခုနှစ်ရက်မြောက်တဲ့နေ့မှာ ထုံးစံအတိုင်း ကြောင်ပေါက်လေးတွေကို တောင်ရွေ့မြောက်ရွေ့လုပ်ပြန်တာ ပါပဲဗျာ။ ကျနော့်ဇနီးကလည်း နက်ကျားရွေ့ထားလေရာမှာ စက္ကူပုံးတွေ သစ်သားပုံးတွေနဲ့ မှက်ခြင်ယင်မသန်းရအောင် ဂရုစိုက်နေခဲ့တာပါပဲ။သူက ကြောင်မိသားစုအပေါ် အကဲပါ လေ ကျုပ်မှာနေမထိထိုင်မထိ ဖြစ်လေပဲဗျာ။
ဒီလိုနဲ့ ဆယ့်ငါးရက်လောက်ကြာတော့ ကြောင်ကလေးတွေဟာ မျက်စေ့ပွင့်လာပြီး တညောင်ညောင်အော် ရင်း တောင်လျှောက်မြောက်လျှောက်လုပ် လာကြပါလေရောဗျာ။ ကျုပ်က အသံပေးလိုက်ရင် ကျုပ်နောက် ကို လေးယောက်တန်းကြီးလိုက်လာကြသဗျ။ ကျုပ်စိတ်ထဲ ပျော်သလိုလို၊ ကြည်နူးသလိုလိုပါပဲ။ တချို့စိတ်ပညာရှင်တွေကလည်း ကြောင်မွေးရင် နှလုံးရောဂါသက်သာတယ်ဆိုလား၊ဘာလား ။ကြားဖူးတာ ဟုတ်များနေရော့သလား မသိပါဘူး။ ကျုပ်ဇနီးသည်ကလည်းကြောင်ပေါက်ေ လးတွေ လမ်းသလားတာကို ကြည့်ပြီး ပြုံးပြုံး၊ ပြုံးပြုံးနဲ့ပေါ့ဗျာ။
မကြာပါဘူးဗျာ။နောက်လေးငါးရက်နေေ တာ့ နက်ကျားဟာ ကြောင်ပေါက်လေးတွေကို တောင်ချီမြောက်ချီ ထပ်လုပ်ပြန်ပါရော။ ဒီတော့ကြောင်ကလေးတွေရဲ့အသံသာ ကြားနေတယ်။ ဘယ်နေရာကအော်နေမှန်း မသိတော့ဘူးဗျ။ ကျော်ဝင်းဌေးအရှာကောင်းတာနဲ့ မျက်နှာကျက်ပေါ်မှာ တကောင်။ နောက်ဖေးက ထုံးပုံး တွေနောက်မှာ တကောင်၊ အိမ်ဘေးက ဆွီဒင်ကြီးရဲ့ ခြံထဲမှာတကောင် ပြန်တွေ့ပေမဲ့ နောက်ဆုံးတကောင် ကတော့ ဘယ်မှာမှ အစရှာမရအောင်ပျောက်သွားရောဆိုပါ တော့။
ကြောင်ကလေးတွေ ပြန်လိုက်စု၊ သားအမိတတွေတစုတစည်းတည်း ပြန်ထားလိုက်ပြီးတဲ့နောက်တနေ့ မနက်မှာတော့ နက်ကျားရဲ့သရုပ်မှန်ဟာ ဘွားကနဲပေါ်လာပါတော့တယ်။ ဖြစ်ပုံက၊ နက်ကျားဟာ သူ့ရင်သွေးကြောက်ပေါက်လေးတကောင် ကို ခြံဘေးကို ကိုက်ချီသွားပြီး မြောင်းဘောင်ပေါ်မှာ မြိန်ရည် ယှက်ရည်၊ကိုက်ဖဲ့စားနေ တာကို ကျော်ဝင်းဌေးလက်ပူးလက်ကြပ် ပက်ပင်း တွေ့တော့တာပါပဲ။ ဦးလေး ၊ ဦးလေးဆိုတဲ့ ကျော်ဝင်းဌေးရဲ့အော်သံကြောင့် ကျုပ်အောက်ထပ်ဆင်းပြီး ကြည့်လိုက်တော့ ကြောင်ပေါက် လေးရဲ့ ခန္ဓာကိုယ်တပိုင်းကို တွေ့ရပါတော့တယ်။စက္ကူပုံးထဲမှာကျ န်နေတဲ့ကြောင်ပေါက်ကလေးတွေကို သွားကြည့် လိုက်တော့လည်း ဇက်ကနေ နက်ကျားခါရမ်းထားဟန်တူပါရဲ့ ။ အသက်မျော့မျော့ပဲ ရှိကြပါ တော့သဗျ။
တကယ့် ကို ဥာဏ်နီဥာဏ်နက်များတဲ့ နက်ကျားပါပဲဗျာ။ တကယ်တော့ နက်ကျားဟာ ကျုပ်တို့ကို ရည်ရွယ်ချက်ရှိရှိနဲ့မှင်သေသေလှ ည့်စားခဲ့တာကလား။သူက သူ့ကလေးတွေကို စားတော့မှာမို့ တကောင်စီ လျှောက်နေရာရွေ့နေတာကိုး။ပျောက် သွားတဲ့ကြောင်ပေါက်လေးလည်းနက်ကျားလက်ချက်ဆိုတာ သေချာ ပြီပေါ့ဗျာ။ အသက်မျော့မျော့ကျန်တဲ့ နှစ်ကောင်ခမျာလည်း နာရီပိုင်းအတွင်း အသက်ပျောက်သွားကြရှာတာ ပါပဲ။
ကျုပ်လည်း ဒီလောက်တောင်ရက်စက်ယုတ်မာလှတဲ့ နက်ကျား၊မှတ်ကရောဟဆိုပြီး ဂုတ်ကနဲဆွဲ၊ လေးငါး ကြိမ်ကိုင်ပေါက် ပစ်လိုက်တယ်။ နံဘေးကိုလည်း လေးငါးဆယ်ချက်လောက်ခပ်ပြင်းပြင်းကန်ပစ်လိုက် တယ်။ခင်ဗျားက လည်းကျုပ်ကို ရက်စက်တတ်တဲ့သူဆိုတဲ့ အကြည့်နဲ့ကြည့်နေပြန်ပါပြီ။ တကယ်တမ်းကန် တာမ ဟုတ်ပါဘူးဗျာ။ စိတ်ထဲမှာ လုပ်ပစ်လိုက်ချင်စိတ်ပေါက်သွား တာကို ခင်ဗျားကိုယ်ချင်းစာနိုင်အောင် နိမိတ် ပုံလေး ပြောလိုက်တာပါလေ။
စိတ်နာနာနဲ့ ကျုပ်၊ နက်ကျားကို နှစ်လလောက် ခပ်တန်းတန်းနေ လိုက်မိတဲ့အထိပါပဲဗျာ။ကုန်တိုက် က ကြောင် စာလည်း မ၀ယ်တော့ဘူး။ ထမင်းဟင်းအကြွင်းအကျန် စားချင်သပ ဆိုရင်လည်း သူ့သဘော ပဲဆိုပြီး ပေလယျကံ ပစ်ထားလိုက်ရောဆိုပါတော့။ စံလွင်ကတော့ နက်ကျားကို ဂုံနီအိတ်ထဲထည့် ကား ပေါ်တင်ပြီး တနေရာရာ မှာသွားပစ်လိုက်ဖို့ အကြံပေးခဲ့ပါသေးတယ်။ ကျော်ဝင်းဌေးကလည်း ဦးလေး ဒီကောင်မ သူ့သားသမီးကို သူပြန်စားတယ်ဆိုတာ ကြောင်စုန်းဗျ။ အိမ်မှာမထားကောင်းဘူး လုပ်ပြန်ပါရော။ ဒါပေမဲ့ဗျာ။ ကျုပ်လည်း ဒီအသက်အရွယ်ရောက်မှ ကြောင်နဲ့ဖက်ရန်ဖြစ်နေလို့ မသင့်ချေဘူးဆိုပြီး ခန္တီတရား လက်ကိုင်ထားရင်း ၊ ကိုယ့်စိတ်ကိုယ်ဖြေ တိတ်တိတ်ပဲ နေလိုက်ပါတော့တယ်။
ကျုပ်ဇနီးကတော့ မျက်စိပျက်မျက်နှာပျက်နဲ့ ရက်စက်လိုက်တာ ၊ရက်စက်လိုက်တာ ဆိုပြီး တဖွဖွငြီးနေတာ ပေါ့ဗျာ။
အမယ်။ နက်ကျားကလည်း ခပ်တင်းတင်းပဲဗျာ။ သူ့ကို အစားဝယ်မကျွေးပေမဲ့ ကျုပ်တို့စားကြွင်းစား ကျန်တွေ ကိုလှည့်တောင်မကြည့်ပဲ အိမ်မြောင်တွေ လျှောက်ဖမ်းစားနေလေရဲ့ ။နောက်ပိုင်းတော့ ကျုပ်လည်း သတ္တ၀ါ တခု ကံတခုမို့ ကိုယ့်ဖက်က စေတနာမကွက်ကောင်းပါဘူးလေလို့ နှလုံးပိုက်ပြီး ကုန်တိုက်ကအစာ ပြန်ဝယ် ကျွေးလိုက်ရတာပါပဲ။
…………………………………….
ဇာတ်လမ်းက ဒီမှာတင် မရပ်ပြန်ဘူးဗျာ။ နောက်တခါလာပြန်ချည်သေး ဆိုသလို နက်ကျားဟာ နောက် ခြောက်လလောက်အကြာမှာ တတိယအကြိမ်မြောက် သားပေါက်ပြန်ပါရော။အမယ်။ ဒီတခါ နက်ကျား ပေါက်တာလည်း ကြောင်ကုတင်ဆိုတဲ့လေးကောင်ပဲဗျာ ။အော်၊ ကျုပ်လည်း တတိယမ္ပိ ပူပန်ရပြန်တာ ပေါ့ဗျာ။ ဒီတကြိမ်လည်း ကျုပ်ဇနီးလာလည်ချိန်နဲ့တိုက်ဆို င်နေပြန်ရောဗျို့။ သူ့ကြောင်ကုတင်အယူအစွဲ ကလည်း မပြတ်သေးတာကြောင့် ကြောင်ကလေးတွေကို ရက်သားမှာတင် နက်ကျားနဲ့ခွဲ၊ နို့ဝယ်တိုက် မယ်ဆိုပြီး ဇယား ဆွဲနေလေပြန်ရဲ့ဗျား။
ဒီတကြိမ်မှာတော့ ၊တပည့်ကျော်၊ ကျော်ဝင်းဌေးလည်း အိမ်ထောင်ကျပြီး ဆံထုံးနောက်ယောင်ပါ ၊သူ့မိန်းမ အလုပ်လုပ်တဲ့ စားသောက်ဆိုင်ကို ပြောင်းသွား ပြန်တာကြောင့် ကျော်ကျော်လင်းဆိုတဲ့ ပဲခူးသားလေးကို ခေါ်ထားတဲ့ အချိန်ပေါ့ဗျာ ။ကျုပ်မလည်း အတူနေ တဲ့ချာတိတ်တွေသာ ပြောင်းပြောင်းသွားကြတယ်၊ ပူရပင် ရတဲ့ ဒုက္ခကတော့ မဆုံးနိုင်သေးဘူးဗျ။
ဒီတခါတော့ ကျုပ်ရင်ပူပေမဲ့နက်ကျားလုပ်သမျှ ငြိမ်ကြည့်မနေတော့ဘူးဗျာ ။
ဆယ်ရက်မြောက်နေ့မှာ နက်ကျားကို ကြောင်ပေါက်လေးတွေနဲ့ခွဲထားလို က်တယ်။ အဲ၊ နို့တိုက်ချိန်တော့ သားအမိတတွေကို ပေးတွေ့တယ်ပေါ့ဗျာ။ ကျော်ကျော်လင်းကတော့ ကြောင်ထိန်းအလုပ်နဲ့ တနေကုန် အလုပ်ရှုပ်နေတော့တာပါပဲ။ ကျုပ်တို့အပြင်သွားချိန်ဆို နက်ကျားကို သူ့အခန်းထဲကနေ ကြောင်ပေါက်လေး တွေနဲ့ ခွဲပြီး အပြင်ထုတ်၊ အစာခွက်ထဲမှာ အစာအပြည့်ဖြည့်။ အပြင်ကပြန်လာတော့ အခန်းတံခါးဖွင့်ပြီး ကြောင်သားအမိကို ပြန်လည်နေရာချ။ ညညဆိုလည်း နက်ကျားက အပြင်ထွက်ချင်လို့ အသံပေးရင် တံခါး ထဖွင့်ပေး။တခါတခါ နက်ကျားက အလည်လွန်ပြီး နို့တိုက်ချိန်ပြန်ရောက်မလာရင် ညဥ့်နက်သန်းခေါင် အပြင်ထွက် ရှာရတာလည်း ရှိပေါ့ဗျာ။နက်ကျားက ကြောင်လည်မဗျ။ လူတွေအမြဲတမ်းစောင့်ကြည့်နေတာ သိနေပုံရလေသလားမဆိုနိုင်ဘူး။ ကြောင်ကလေးတွေကိုလူတွေရှေ့မှာ အန္တရာယ်မပေးဘူးဗျ ။
အခုတော့ ကြောင်ကလေးတွေပေါက်တာ ရက်နှစ်ဆယ်ကျော်နေပြီဗျ။ အားလုံးကျန်းမာပကတိချမ်းသာစွာ ရှိပါရဲ့။ ပူရပင်ရမှန်းမသိတဲ့ ရွှေကိုယ်တော်လေးတွေကတော့ ကျုပ်တခါတခါ သွားကြည့်မိရင် ဖင်ပေါ်ဂွေးပေါ် နဲ့ ပိုးလိုက်ပက်လက်အိပ်နေလိုက်ကြတာ များဗျာ။ တခါတခါတော့လည်း အခန်းထဲမှာ၊ယိုင်ထိုးယိုင်ထိုး နဲ့ လမ်းသလားကြသဗျ။ နို့ပေသိ၊ ဘယ်နေ့ ဘယ်အချိန်ကျုပ်တို့အလစ်မှာ နက်ကျား သူ့ဇာတိပြလေမလဲ တကြောင့်ကျကျဖြစ်ရတဲ့ ဒုက္ခကတော့ ရှိနေတုန်းပါပဲဗျာ။ကျော်ကျော် လင်းခမျာလည်း ကြောင်မီးနေခန်း စောင့်ရတဲ့ ဒုက္ခက မလွတ်သေးပါ ဘူးဗျာ။ကြောင်ပေါက်လေးတွေအရွယ်ေ ရာက်လာရင် တာဝန်ပိုကြီးအုံး မယ်။ ကြောင်စာဖိုးလေးကောင်စာ ကုန်အုံးမယ်ဆိုပေမဲ့ ကျုပ်တတ်နိုင်ပါတယ်လေ။ ဒီကောင်လေးတွေ ဟိုဟိုဒီဒီလမ်းလျှောက်တတ်လာရင်ေ တာ့နက်ကျားကို စံလွင့်အိမ်ဖက်ပို့ထားရတော့မှာ ပဲ။မတော်၊ ကျုပ်တို့ အလစ်မှာ ကိုက်သတ်လိုက်ရင်ဒုက္ခ။
……………………………………….
အေးဗျာ။ တောင်တောင်အီအီ နေရာတကာမှာ ပူပင်နေတတ်တာ၊ ထိတ်လန့်တဲ့စိတ်တမျိုးနဲ့ အမြဲလို ကျီးလန့်စာစား ဖြစ်နေရတာဟာ ကျုပ်အကျင့်စရိုက်လိုဖြစ်နေပြီ ထင်ပါရဲ့။ ဖြစ်ဆို ၊ကျုပ်တသက်မှာကြုံခဲ့ရ တာတွေက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ရှစ်လေးလုံးအရေးအခင်း၊ ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေး အဖွဲ့၊သံဃာ့အရေးအခင်း၊ ဒီပဲယင်း အရေးအခင်း၊ ဆိုတာမျိုးတွေချည်းမဟုတ်လား။ ကောင်းလာမလား၊ ပြောင်းလာမလားစောင့်ကြည့်နေရင်း ၊ရင်ကျိုးရတဲ့အကြိမ်မှ မနည်းတော့တာကလား။
အခုလည်း၂၀၁၀ ဖွဲ့စည်းပုံအခြေခံဥပဒေတို့ ၊ရွေးကောက်ပွဲတို့လုပ်ပြီး ဒီမိုကရေစီစံနစ်သစ်နဲ့စခန်းသွား နေပြီ လို့ တော့ ကြားနေရပြန်ပြီဗျ။ ဟင်း…၊ကျုပ်စိတ်ထဲမှာတော့ ခပ်လေးလေးပါပဲဗျာ။ဘယ်နေ့ကြောင်ေ ခါင်းပြတ် လေးတွေ မြင်ရမလဲ တထင့်ထင့်။ ကြောင်မကြီးကို ကြောင်ကလေးတွေနဲ့ခွဲထားတာဟာ လုပ်ထုံးလုပ် နည်း အမှန်ထင်ပါရဲ့ ။အော်၊ဘယ့်နှယ်၊ကြောင်အကြောင်းေ ပြာနေရင်းက စကားတွေက တောင်ရောက် မြောက် ရောက်ဖြစ်ကုန်တာပါလိမ့်။
ညနေစောင်းချိန်မို့ထင်ပါရဲ့ ။ကမ်းခြေမှာ ဧည့်သည်တွေ ကျလာပြီဗျ။ဟောဟိုက အဖြူကောင်စုံတွဲ၊ လေထီး စီးချင်လို့ထင်တယ်။ တောင်ကြည့်မြောက်ကြည့်လုပ်နေတယ် ဗျ။ ခင်ဗျားသွားခေါ်လိုက်လေ။ စကားကောင်း နေလိုက်တာ အိမ်ပြန်အုံးမှပါဗျာ။နက်ကျားကို အခန်းအပြင်ထုတ်ထားခဲ့တော့ ဒီအချိန်ဆို ကြောင်ပေါက် လေးတွေလည်း နို့ဆာရော့မယ်။ နက်ကျားလည်း တညောင်ညောင်နဲ့အစာတောင်းရော့မယ် ။ သွားပြီဗျို့။
………………………..
http://www.mindin.info/ မှယူသည်(မင်းဒင် ရေးသည်။)
No comments:
Post a Comment