မကွေးတိုင်း ၀န်ကြီး ချုပ် က ရေဘေး ဒုက္ခ သည် သတင်း ကို ဓာတ်ပုံ ရိုက် ခွင့် မပြု

by FNG on October 23, 2011

hPKK flas

စစ်ကိုင်း တိုင်း ဂန့် ဂေါ နဲ့  ကလေး မြို့  ရေကြီး မှု တွေ မှာ အနည်း ဆုံး လေးဦး သေဆုံး ခဲ့ပြီး
ကျောက်ဆည် ရေကြီး မှု မှာ တော့  တစ်နှစ် အတွင်း ရေကြီး မှု သုံး ခါ ဖြစ်ပေါ် ခဲ့တာ ကြောင့်
စပါး ခင်း ၊ ငရုတ်ခင်း တွေ အပါအ၀င် လူနေ အိမ်ခြေ အများ အပြား လည်း ပျက်စီး ဆုံး ရှုံး မှု
ဖြစ်ခဲ့ တယ် လို့  သိရပါတယ်။
မြန်မာ အစိုးရ ဒု သမ္မတ စိုင်းမောက်ခမ်းက ဒီနေ့ ပခုက္ကူ ရေဘေး ကို လာရောက် ကြည့် ရှု မယ်
လို့  သတင်း တွေ ထွက် ပေါ် နေပါတယ်။
လူ ရာ နဲ့  သေဆုံးပြီး ထောင်ပေါင်း များ စွာ အသက်ဆုံး ရှုံး ခဲ့ ရတဲ့ အထက်မြန်မာ ပြည် ရေလွှမ်း
မိုး မှု တွေ မှာ အစိုးရ က ထိထိရောက် ရောက် မကူညီ ဘုး လို့  သိရပါတယ်။ ဒါ နဲ့  ပတ်သက်ပြီး
ပခုက္ကူ ရေဘေး ဒုက္ခသည် တစ်ဦး က ” အစိုးရ က ထမင်း ထုပ် တစ်ခါ လာ ပို့ တယ် နောက် နေ့ 
တွေ မှာ ဘုန်းကြီး ကျောင်း ကို စေတနာ ရှင် တွေ က လာ လှု လို့  စား ရတယ်။ စရဖ က နင် တို့ 
ဒီရေဘေး ကိစ္စ ကို သတင်း ပို့  တာ တို့  အင်တာ ဗျူးတာ တို့  မလုပ် ရ ဘူး  နင် တို့  ကျူးကျော်
တွေ အိပ်ပါ ပျောက် သွား မယ်။ ဒါ ၀န်ကြီးချုပ် ပြောတာ ဆို ပြီး ခြိမ်းခြောက် ထား တယ် လို့ 
ပြောပါတယ်။
ပခုက္ကမှာ ရေကြီး ပြီး ချောင်းရေ လျှံ မှု ကြောင့် လူ ၂၀၀ ကျော် သေဆုံး ခဲ့ ရတာ ကို သွား
ရောက် သတင်း ယူတဲ့ သတင်း ထောက် တွေ ကို မကွေး တိုင်း ၀န်ကြီးချုပ် က ဓာတ်ပုံရိုက်
ခွင့် မပြု ဘူး လို့  FNG က သိရပါတယ်။

No comments: