သင် စိတ်ဓာတ် ကျခြင်း ခံစားနေရ ပါသလား။ အိုမီဂါ-၃ အဆီအက်စစ်များ (Omega-3  Fatty Acids) က သင် ခံစားနေရတဲ့ မပြင်း ထန်သော စိတ်ဓာတ် ညှိုးငယ်မှု     တွေကို မောင်းထုတ် ပေးနိုင် ပါလိမ့်မယ်။ 
မကြာသေးမီက ကနေဒါ မှာ  ပြုလုပ်ခဲ့တဲ့ လေ့လာမှု   တစ်ခုမှာ စိတ်ကျရောဂါ အပျော့စား ခံစားနေရတဲ့  အမျိုးသမီး တို့အား ယင်းငါး အဆီဖြည့်စွက် အားဆေးကို ရက်သတ္တ ၈ ပတ်ကြာ  တိုက်ကျွေးပြီး လေ့လာခဲ့ရာ ထိုအမျိုး သမီးများ တွင် အခြေအနေ သိသိသာသာ  ကောင်း မွန်လာကြောင်း တွေ့ရတယ်။ (ပြင်း   ထန်တဲ့ စိတ်ကျ ရောဂါ ခံစားရသူ  များအတွက် ယခု ဖြည့်စွက်စာက အရာ မရောက်နိုင်ပါ) အိုမီဂါ -၃ အဆီများက  ဦးနှောက်မှ Serotonin  ဓာတ်ပစ္စည်း ပမာဏ ထုတ်လုပ်မှု နှုန်းကို တိုးမြှင့်  ထုတ် ပေးခြင်းဖြင့် စိတ် အခြေအနေ ကို မြှင့်တင် ပေးခြင်းဖြစ် ကြောင်း  သိရပါတယ်။ Australian Heart Foundation  က နှလုံးရောဂါ ကျန်းမာရေး အတွက်  သာမန်လူများ အနေနှင့် တစ်နေ့လျှင် အိုမီဂါ ၃ အဆီအက်စစ် ၅၀ဝ မီလီဂရမ်  သောက်သုံးသင့်ပြီး နှလုံး ရောဂါရှိ သူများဆိုလျှင် တစ်နေ့လျှင် ၁ ဂရမ်  သောက် သုံးသင့်ကြောင်း ညွှန်ကြား ပေးထား ပါတယ်။ Ref : RD, Aug 2009

No comments:
Post a Comment