ကာသာပတေးနေ့၊ အောက်တိုဘာလ ၆၊ ၂၀၁၁
ကျနော်ရေးသားခဲ့သော“ရာဇသင်္ကြန်အမတ်ကြီးနှင့် ခေတ်သစ်တရုတ်-မြန်မာဆက်ဆံရေး” ဆောင်းပါ့ရဲ့ကောင့်မင့် အချို့ကိုဝင်ဖတ်ဖြစ်ခဲ့ပါတယ်။ ဧရာဝတီဘလော့ခ်မှာ“သီလ၀”မှတ်ချက် ကိုတွေ့ရပါတယ်။ ကျနော် ရှင်ဒိသာပါမောက် နေရာမှာ ရာဇသင်္ကြန်အမတ်ကြီးလို့ ရေးထား လိုက်ပါတယ်။ အဲဒါကျနော့်အမှားပါ။
ကျနော့်ဆောင်းပါးဖတ်မိသူတိုင်း ပြင်ဆင်ဖတ်ရှုပါလို့ ပြောလိုပါတယ်။ ကိုးကားမယ့်စာအုပ်ရှိပါတယ် “PAGAN (The Origins of Modern Burma)စာအုပ်ရဲ့ စာမျက်နှာ(၁၉၅)က “ Political events in the late Thirteenth Century: Immediate Causes)ရဲ့ဒုတိယစာပိုဒ်ရဲ့ဒုတိယစာကြောင်းမှာ ရှင်ဒိသာပါမောက် လို့ရေးထား ပါတယ်။ပွင့်ပွင့်လင်းလင်းဝန်ခံရရင် ကျနော်မဟာဝိဇ္ဇာတန်း တက်တုန်းက ကျောက်စာသင်ခဲ့ ရပါတယ်။ ကျနော်မှတ်မိတာကိုချရေးရင်းနှင့်အမှားကျူးလွန်မိတာပါ။ ခုနှစ်ကိုသိချင်တဲ့အ တွက်Michael Aung Thwin စာအုပ်ကိုဖွင့်ဖတ်တော့ စိတ်လောနေတဲ့အတွက် မှားသွားတာ ပါ။ အမှားကိုထောက်ပေးတဲ့အတွက် သီလ၀ ကိုကျေးဇူးတင်ပါတယ်။
၁၈၉၇ ခုနှစ် ဇွန်လ (၂၂) ရက်နေ့ကဟာဗြိတိသျ အင်ပါယာအတွင်းရှိနိုင်ငံများ အတွက်ရုံးပိတ် ရက်ဖြစ်ပေသည်။ လူဦးရေအားဖြင့်သန်း(၄၀၀) လောက်ရှိသည်။ အကြောင်းကတော့ဝိတိုရိ ယဘုရင်မကြီးရဲ့နန်းသက် (၆၀)ပြည့်တဲ့နေ့ထူးနေ့မြတ်ပါ။ ဇွန်လ(၂၂)ရက်နေ့ကတော့ အထိမ်း အမှတ်ရဲ့ အရှိန်အမြင့်ဆုံးနေ့ဖြစ်ပါတယ်။ အဲဒီအခမ်းအနားကို ဗြိတိသျအင်ပါယာ မှာရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းပြည်တွေက ၀န်ကြီးချုပ် (၁၁) ဦး နှင့်အတူမင်းညီမင်းသား တွေ၊ မြို့စားတွေ၊ သံတမန်တွေ၊ ကိုယ်စားလှယ်တွေ စုံညီတက်ရောက်ကြပါတယ်။ ကြည်းတပ်၊ မြင်းတပ်၊ အမြောက်တပ်တွေမှာ စစ်သား (၅၀၀၀၀) ငါးသောင်းဟာ စစ်ရေးပြအခမ်းအ နားတွေမှာ ပါဝင်ခဲ့ကြတယ်။ သမိုင်းပညာရှင်တဦးက မှတ်တမ်းတင်ခဲ့ပါတယ်။ တကယ့်ရော မအင်ပါယာကြီးကဲ့သို့လို့တင်စားခဲ့ပါတယ်။
အဲဒီအချိန် (၁၈၉၇) ခုနှစ်က သမိုင်းပညာရှင်ကြီးဖြစ်လာမယ့် အာနိုးတွိုင်ဘီဟာဟာ(၈)နှစ် သားဘဲရှိပါသေးတယ်။ သူ့ဦးလေးရဲ့ ပခုံးပေါ်မှာခွစီးပြီး ၀ိတိုရိယဘုရင်မကြီးရဲ့ နန်းသက်(၆၀) ပြည့် စစ်ရေးပြအခမ်းအနားကိုကြည့်နေခဲ့ပါတယ်။ဗြိတိသျအင်ပါယာကြီးဆိုတာကမ္ဘာ့ရဲ့ထိပ်ဆုံး မှာရှိတဲ့နိုင်ငံ၊ ဘယ်တော့မှပြိုကွဲမှာ မဟုတ်ဘူးလို့ ငယ်ငယ်ကထင်ခဲ့တဲ့ သမိုင်းပညာရှင်ကြီး အာနိုးတွိုင်ဘီဟာ ဗြိတိသျအင်ပါယာ ဘုန်းဘုန်းလဲပြိုကျတာ ကိုမျက်မြင်ကိုယ်တွေ့ ဖြစ်ခဲ့ပါ တယ်။
(၁၉၉၀)ကျော်တုန်းက မြန်မာနိုင်ငံအတွင်းတရုတ်ရဲ့ရင်းနှီုးမြှုတ်နှုံမှုက ဒေါ်လာသန်းဆယ်ဂ ဏန်းသာ ရှိခဲ့ပါတယ်။ အခုတွေ့နေရတဲ့တရုတ်ရဲ့ရင်းနှီုးမြှုတ်နှုံမှုကဘလီယံရာနီးပါးရောက် နေပြီ၊ အဲဒါကျနော်တို့ နယ်စပ်ဒေသမှာ ပြေးရင်းလွှားရင်းနှင့် ကိုယ်တွေ့ဖြစ်ခဲ့ရတာပါ။ ကျနော်တို့လည်း စစ်အစိုးရကိုတိုက်ခိုက်ရင်းနှင့် အန်တီစုကိုဝန်းရံကြဆိုတဲ့ကြွေးကြော်သံကို နားထောင်ရင်း၊ ပြည်တွင်း၊ ပြည်ပထုတ် စတိတ်မင့် တွေကိုဖတ်ရင်း၊ ကုလသမဂ္ဂကိုယ်စား လှယ်၊ အမေရိကန်အထူးကိုယ်စားလှယ်၊ အာစီယမ်အထူး ကိုယ်စားလှယ်ကို စောင့်မျော်ရင်း၊ ကိုယ်အချင်းချင်းတိုက်ခိုက်ရင်းနှင့် (၂၁)စုအလယ်မှာ တရုတ်ရဲ့ပြည်နယ်တခုများဖြစ်သွားလေမ လား(သို့)မော်ကြီးတည်ထောင်ခဲ့တဲ့ တရုတ်အင်ပါယကြီးပြိုကွဲသွား လေမလား တွေးရင်း…. ကျနော်သည်အနီမဟုတ်ပါ၊ ရခိုင်အမျိုးသားရေးဝါဒီ တဦးသာသို့သော် အစွမ်းမရောက် ပါကြောင်း။ ။
လေးစားစွာဖြင့်
လှရွှေ (Copy from DawnManHon)

No comments:
Post a Comment