ရဲဘော်တို့ ယနေ့ဟာငါတို့ချစ်ခင်မြတ်နိုးတဲ့၊ငါတို့နဲ့အတူတိုက်ပွဲဝင်ခဲ့တဲ့ကျောင်းသားတပ်မတော် ခေါင်းဆောင်တဦးဖြစ်
အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ရဲဘော်မောင်မောင်စိုးကိုနောက်ဆုံးနှမြောတသစွာနှုတ်ခွန်းဆက်ရတဲ့နေ့ဖြစ်လို့ရင်ထဲမှာနာကြင်နေမိတာအမှန်ပါ။ တိုင်းပြည်အတွက် အသက်ပေးတိုက်ပွဲဝင်နေကြတဲ့မကဒတရဲဘော်များအားလုံးအ တွက်ရော၊ အမိမြန်မာပြည်ကြီးအတွက်ပါ ၊ ငါတို့အားလုံးမျှော်မှန်းထား တဲ့ဒီမိုကရေ စီပန်းတိုင်မရောက်ခင်အကြွေစောသွားတဲ့ရဲဘော် မောင် မောင်စိုးကိုအောင် ပွဲရ တဲ့ အထိအတူရှိနေစေချင်ပေမဲ့ညှာတာမှုမရှိတဲ့ လောကဓံတရားကြောင့် ၊ ဒီကနေ့ ငါတို့ သူနဲ့ခွဲရတော့မယ်။ စောထစခန်းဟာမကဒတကျောင်းသားတပ်မတော်ရဲ့သူရဲကောင်း တွေမွေးထုတ် ပေးရာစခန်းတခုဖြစ်တယ်၊ ရဲဘော်မောင်မောင်စိုးဟာ ဒီစခန်းရဲ့ဥက္ကဌတာဝန် ကို ယူပြီးရဲဘော်တွေကိုကြောသားရင်သားမခွဲ ခြားဘဲလမ်းညွှန်အုပ်ချုပ်နိုင်ခဲ့သူဖြစ်တယ်၊ ရန်သူဖမ်းမိပြီးကျဆုံး သွားတဲ့ရဲဘော်ဒေါက်တာမင်းသိမ်း၊ ကင်းထောက်ရင်းရန်သူ့လက် တွင်းသက်ဆင်းရင်းကျဆုံးသွားရတဲ့ဗဟိုကော်မီတီဝင်ရဲဘော်ဆန်းလင်း၊ နအဖ တုန်လှုပ်သွား လောက်အောင်မြန်မာသံရုံးပေါ်မှာငါတို့ခွပ်ဒေါင်းအလံ ကိုစိုက်ထူခဲ့တဲ့ ဂျော်နီတို့ တသိုက်ဟာစောထသူရဲကောင်းတွေဖြစ် တယ်။ မောင်မောင်စိုးဟာလက်ရုံးရည်ရောနှလုံးရည်ပါစွယ်စုံရသူတဦးဖြစ်တယ်၊ စစ်ငြိမ်းစေ ဆိုတဲ့ကလောင်နဲ့စာပေရေးသားသလို၊ တေးသီချင်းတွေကိုရေးစပ်နိုင်တဲ့အပြင်တီးဝိုင်း ဖွဲ့ပြီးတီးခတ်နိုင်သူတဦးလည်းဖြစ်တယ်။ ဒီလိုအဖက်ဖက်ကထူးချွန်တဲ့ရှားပါးတဲ့အရည် အချင်းရှိသူတဦးဆုံးရှုးံရတာဟာအခုလိုပန်းတိုင်မရောက်ကျဆုံးရတာဖြစ်လို့အထူးဝမ်း နည်းကြေကွဲခြင်းဖြစ်ရတယ်။ ဒါပေမဲ့ငါတို့အားလုံးဝမ်းနည်းကြေကွဲနေယုံနဲမပြီးဘူး၊ မောင် မောင်စိုးကိုတကယ် ချစ်တယ် တကယ်လေးစားတယ်ဆိုရင် ငါတို့၊ မောင်မောင်စိုးတို့မျှော်မှန်းထားတဲ့ ဒီမိုကရေစီစံနစ်ကြီးမတည်ဆောင်မနိုင်မချင်း၊ ပြည်သူတွေလူ့အခွင့်အရေးအပြည့် အဝမရမခြင်းအားလုံးဆက်လက်ပြီး အတူတကွ လက်တွဲတိုက်ပွဲဝင်သွားကြဘို့ လိုတယ်။ ဒါမှသာငါတို့ဟာကိုယ့်ရဲဘော်ကိုတကယ်လေးစားရာရောက်လိမ့်မယ်။ မောင်မောင်စိုးလူ့လောက ကပျောက်ကွယ်သွားပေမဲ့ ရဲဘော်မောင်မောင်စိုး ဟာ ငါတို့ရဲ့နှလုံးသားထဲမှာထာဝရတည်ရှိနေမှာကတော့ကြိမ်းသေတယ်။ ရဲဘော်မောင်မောင်စိုးကောင်းရာသုဂတိလားပါစေ။
အလေးပြုလျက် တော်လှန်ရေးသစ္စာဖြင့်
ရဲဘော်ထွန်းအောင်ကျော်
ရဲဘော် မိုးသီးဇွန်
No comments:
Post a Comment