မင်းအောင်လှိုင် တရုပ်ခရီးစဉ်


မင်းအောင်လှိုင် တရုပ်ပြည်သွားတာဟာ သွားရှောင်တာပါ။ ဟီလာရီ က ဆရာမကြီးလို သမတ၊ စစ်ဦးစီချုပ်တွေကို လာ ဆုံးမတာဖြစ်လို့ သူတို့ မခံနိုင်သေးပါ။ သူ့ အစီအစဉ်နဲ့သူ ရှိပါတယ်။ (Own Schedule )ဆိုတာကို ပြတာပေါ့လေ။ နောက်တခုက အမေရိကန်နဲ့ တရုတ်ကြားမှာ Balance of Power  ယူဆချက်ကို ဖြစ်ပေါ်စေရုံကလွဲလို့ အကျိုးမရှိလှပါ။ တရုပ်ကိုယ်တိုင် က Balance of Power ကို အသုံးချမခံတာကို တွေ့ရတယ်။ ဒီဒေသမှာ စီးပွားရေး ပူးပေါင်းဆောင်ရွက် မှုကိုလုပ်ဖို့သာ အားလုံးကို ထပ်ခါထပ်ခါ ပြောလေ့ရှိတယ်။
မြန်မာ စစ်အုပ်စုက အမေရိကန်နဲ့ တရုတ်ကို Balance of Power  လုပ်မရပေမဲ့။ တရုပ်က ကချင်နဲ့ ၀ ကိုတော့ စစ်အုပ်နဲ့ Balance လုပ်ထားတယ်။ အဓိပ္ပါယ်က ငါပြောတာ နားထောင်။ နားမထောင်ရင် မင်းရဲ့ပြိုင်ဖက်တွေကို ကူညီလိုက်မယ် လို့ ခြိမ်းခြောက်ထားတယ်။ မြန်မာစစ်အုပ်စုနဲ့ ၀ ဆက်ဆံရေးမှာ ၀ ဟာ လုံးဝ အပေါ်စီးရခဲ့တယ်။ စစ်အစိုးရကို ၀ က မင်း ဖါသာ အပြင်မှာကြိုက်တာလုပ်။ ငါဒို့နယ်ထဲတော့ ၀င်မလာနဲ့တော့လို့ ပြောနိုင်လာတဲ့အထိ အောင်မြင်သွားတယ်။ တရုပ် ရဲ့ အားပေးမှုရခဲ့တဲ့သဘော ဖြစ်တယ်။
ဒါကြောင့် တရုတ်က အမေရိကန် မြန်မာပြည်ကို ၀င်လာတာကို ကြိုက်ပါတယ်။ တရုပ်က Open Market ကို enjoy ဖြစ် နေပြီ။ ယုံကြည်မှုရှိနေတယ်။ အပေါ်ယံမှာတော အမေရိကန်ရဲ့ Hegemony ကို တိုင်ဝမ်ကိစ္စ၊ တီဗက်ကိစ္စ၊ ရှင်ကျန်းကိစ္စ လောက်မှာပဲ ဆန်ကျင်တော့မယ်။ အမေရိကန်က တရုပ်ရဲ့ လောင်စာလိုအပ်မှုကို မနှောက်ယှက်သမျှ တရုပ် – အမေရိ ကန်ဟာ အိုကေ နေမယ်။ တရုတ်ရဲ့စစ်ရေးမသုံးတဲ့ သံတမန်ရေးနဲ့ စီးပွားရေးဗျူဟာက International actors ကြားမှာ sexy ဖြစ်နေတယ်။
မြန်မာ စစ်အစိုးရရဲ့ မိုတိုတွေဖြစ်တဲ့ အမျိုးသားရေး၊ လုံခြုံရေး၊ အာရှဒေသ၊ အနောက်ကမ္ဘာ ဆိုတဲ့ အဘိဓါန်တွေက တရုတ်တွေရဲ့ စီးပွားရေးဖွံ့ဖြိုးမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာ စတဲ့ အနှစ်သာရတွေနဲ့ ပြောင်ပြောင်ကြီးကို ဆန်ကျင် နေကြတယ်။ သူတို့ အတွေးအခေါ်တွေကို ဘယ်လောက်ပြောင်းလဲပြစ်လိုက်သလဲဆိုရင် သိသာတဲ့ တချက် လေးကိုပဲ ထောက်ပြချင်တာက တရုပ်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃ နှစ်အထိက သူတို့ပြည်သူကွန်ကရက်မှာ ကွန်မြူနစ်ယူနီ ဖေါင်း ဒါမဟုတ် တရုတ်အမျိုးသားဝတ်စုံတွေကို ၀တ်ပြီးတက်ကြတာ ဖြစ်တယ်။ အခုသူတို့ဟာ အနောက်တိုင်းဝတ်စုံကို အားလုံးဝတ်ပြီး တက်လာတာကို တွေ့ရတယ်။ မေဂျီဘုရင် ပြောင်းလဲမှုလုပ်သလိုကို လုပ်လိုက်တာလို့ ကျနော်မြင်တယ်။
၁၉၀၀ ခုနှစ် အဆန်းပိုင်းမှာ ဂျပန် မေဂျီဘုရင်က အနောက်တိုင်းဝတ်စုံကို အတင်းဝတ်ခိုင်း ဆာမူရိုင်းဝတ်စုံနဲ့ ဓါးကိုင်ပြီး ထွက်လာတဲ့ ဆာမူရိုင်းတွေကို ဖမ်းပြီး ပြစ်ဒဏ်ပေးတာတွေကိုလုပ်ပြီးတော့တောင် လုပ်ခဲ့တယ်။ ခေတ်သစ် ကမ္ဘာကို ဒီ လိုဝင်လို့မရတော့ဘူးဆိုတာ သူသိလာတယ်။
အမျိုးသားဝတ်စုံ အမျိုးသားရေးသင်္ကေတပါ။ ထိမ်းသိမ်းရမယ်။ လူမှုရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုတွေမှာ အသုံးပြုရမယ်။ နိုင်ငံရေး အပြောင်းအလဲမှာ တော့ အမျိုးသားရေး အစွန်းရောက်မှုဟာ တိုးတက်မှုကို အကြီးအကျယ်ဟန့် တားနေတယ်။ ဒါကို တရုတ်တွေသိလာတယ်။  ပြောင်းလဲပြစ်လိုက်ကြတယ်။
ဒီအချိန်မှာ မြန်မာ စစ်ဗိုလ်ချုပ်လူထွက်တွေက တောင်ရှည်ပုဆိုး ခေါင်းပေါင်းစတလူလူဟာ ကမ္ဘာကြီး ၀င်ဆန့်နိုင်တဲ့ အ တွေးအခေါ် မရှိသေးဘူး။ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးထဲမှာ ကျန်နေခဲ့တယ်။ ခေတ်နောက်ပြန်ဆွဲ နေတယ်ဆိုတာကို ပြနေတယ်။ မြန်မာစစ်အုပ်စုက မပြောင်းလဲနိုင်သေးဘူး။ ဒါမှမဟုတ် ဘယ်လိုပြောင်းလဲရမှန်း မသိဘူး။ တခုခုပေါ့။
မြန်မာစစ်ဗိုလ်တွေ ယူဆသလို တရုပ်က အမေရိကန်နဲ့ မြန်မာစစ်ဗိုလ်တွေအတွက် မျက်နှာပျက်ခံမှာ မဟုတ်ဘူး။
မင်းအောင်လှိုင် တရုတ်ပြည်ကို သွားတာဟာ အချိန်ကုန်တာ၊ ငွေကုန်တာ။ ကချင်နဲ့ ၀ ကိစ္စရော၊ အမေရိကန်နဲ့ ကိစ္စရော မအောင်မြင်ပါဘူး။
မိုးသီးဇွန်  
(နေ့ သစ်မှကူးယူသည်)

No comments: