အရင်အတိုင်းဘဲ ဟ

စစ်ကိုင်း​တိုင်း​တွင် အတင်း​အဓမ္မ ​ငွေ​ကောက်ခံမှုများ​ ရှိ​နေဆဲ

Published on December 7, 2011 by မင်းလွင်
အရပ်သား ​အစိုး​ရအဖြစ် ​ပြောင်း​လဲလိုက်​ပေမယ့်​ အရင် စစ်အစိုး​ရလက်ထက်ကလို ​ကျေး​ရွာ​တွေဆီက​နေ အတင်း​အဓမ္မ ​ငွေ​ကောက်ခံ​နေတယ်လို့​ သိရပါတယ်။
ပြန်ကြား​ရေး​ နဲ့​ယဉ်​ကျေး​မှု ပြည်​ထောင်စုဝန်ကြီး​ ဦး​ကျော်ဆန်း​ဟာ စစ်ကိုင်း​တိုင်​ဒေသကြီး​ ပုလဲမြို့​နယ် မင်တိုင်ပင်​ကျေး​ရွာက အထက်တန်း​ကျောင်း​ ​ကျောင်း​ဆောင်သစ်​ဆောက်ဖို့​ ပုလဲမြို့​နယ်အတွင်း​က ​ကျေး​ရွာ​တွေက​နေ ကျပ်​ငွေ ၂ သိန်း​က​နေ ၃သိန်း​အထိ ​ကျေး​ရွာ အုပ်ချုပ်​ရေး​မှုး​တွေထံမှတဆင့်​ အတင်း​အဓမ္မ ​ကောက်ခံတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။
“ဝန်ကြီး​က ဒီ​ကျောင်း​ဆောင်အသစ် ​ဆောက်ဖို့​အတွက်က သူ သိန်း​ ၃၀၀ မတည်ထား​တယ်​ပေါ့​နော်။ ကျန်တဲ့​ ၃၀၀ က ပုလဲတနယ်လုံး​က ရွာ​တွေက ခွဲတမ်း​ချ ပြီး​တော့​မှ ​ပေး​ရတာ။ တချို့​ရွာ​တွေကျ​တော့​ သတ်မှတ်ချက်နဲ့​ပေါ့​နော်။ ၂ သိန်း​ ၃ သိန်း​ အဲဒီလို ​ကောက်ခံတယ်။ ​နောက် မင်း​တိုင်ပင်မှာ ရှိတဲ့​ လူ​တွေအတွက်ကျ​တော့​ သူတို့​က အလှူ​ငွေအဖြစ်​ပေါ့​နော် သူတို့​ သဒ္ဒါသ​လောက် ​တောင်း​ခံတာ​ပေါ့​။ ကျန်တဲ့​ ​ကျေး​ရွာ​တွေကို​တော့​ ခွဲတမ်း​ချလိုက်တာ​ပေါ့​ မ​ပေး​မ​နေရ စနစ်ဖြစ်သွား​တာ​ပေါ့​။”
ပြည်​ထောင်စုဝန်ကြီး​ ဦး​ကျော်ဆန်း​က စစ်ကိုင်း​တိုင်း​ဒေသကြီး​ ပုလဲမြို့​နယ်ရဲ့​ ပြည်သူ့​လွှတ်​တော် ကိုယ်စား​လှယ်လည်း​ ဖြစ်ပါတယ်။
ပုလဲမြို့​နယ် မင်တိုင်ပင်ရွာ ​ကျောင်း​ဆောင်သစ် ဖွင့်​ပွဲခရီး​စဉ်ကို လာ​ရောက် ကြိုဆိုဖို့​အတွက်လည်း​ ဦး​ကျော်ဆန်း​က တရွာကို ၅ ဦး​နူန်း​နဲ့​ မလာမ​နေရ ဆင့်​ခေါ်တယ်လို့​လည်း​ သိရပါတယ်။ (DVB)

No comments: