“လောဘရယ် ဒေါသရယ် မောဟရယ် ... အ၀ိဇ္ဇာ ဖြစ်စရာ ... သင်္ခါရတဲ့ ... ပျော်ကြရွှင်ကြ ... ငိုကာ ရယ်ကာ ဘယ်ဟာ မတည်မြဲ ...”
ဓာတ်စက်သံ အကျယ်ကြီးဖွင့်ထားတဲ့ ဦးရတနာရဲ့ အသုဘ။ လိုက်ပါပို့ဆောင်ပေးမယ့် ပရိသတ်တွေကတော့ စည်ကားနေပြီ။ ဦးထုပ် ခပ်ငိုက်ငိုက် ဆောင်းထားတဲ့ အသားမဲမဲနဲ့ လူတယောက်လည်း လူအုပ်အထဲမှာ ရှိနေ တယ်။ ကျန်တဲ့လူတွေကတော့ ဦးထုပ်ဆောင်းမထားပါ။ သူကတော့ ထူးခြားနေသလိုပဲ။ ဒီလူ့နာမည်က ဦး ပြည်သူ။ အရင်က အိမ်ကြီးရှင် မျိုးရိုး။
* * * * * * *
ဦးရတနာရဲ့အလောင်းကို သယ်ဆောင်သွားကြပြီ။ သုဿာန်ဆီ။ “သူတော်ကောင်းကြီးရေ ဒီသားအမိတွေကို ချန်ထားပြီပေါ့” ဦးရတနာမိန်းမ အော်ငိုတယ်။ သူတော်ကောင်းကြီးလို့ ကြားလိုက်ရတော့ ဦးပြည်သူ ရယ်ချင် သွားတယ်။ သူခိုးကြီး လူလိမ်ကြီး ဓားပြကြီးကိုများဟု စိတ်ထဲ ပြောလိုက်တယ်။
* * * * * * *
ဒီအဖြစ်သနစ်တွေကို ဦးပြည်သူ ပြန်မစဉ်းစားချင်ပါ။ ဦးရတနာနေတဲ့ အိမ်ကြီးဟာ ယခင်က ဦးပြည်သူ ဘိုး ဘွားတွေပိုင်တဲ့ အိမ်ပါ။ ဦးပြည်သူရဲ့အဘိုး ဦးပြည်ကြီးက ပိုင်တာပါ။ ဦးပြည်သူ ဦးလေး ဦးဂျမ်းက အဘိုးဆုံး တော့ အိမ်ကြီးကို ဦးစီးခွင့်ရပါတယ်။ ဖခင် ဦးအန်းဆောင်ကတော့ အိမ်ကို ဓားပြလာတိုက်တော့ ခုခံရင်း ဆုံး ပါးသွားခဲ့ရှာတယ်။ ဦးဂျမ်း အသုံးအဖြုန်းကြီးတော့ အိမ်ကို ဦးရတနာရဲ့အဖိုး ဗိုလ်မှိန်ကို အပေါင်ထားလိုက်မိ တယ်။ ဦးဂျမ်းဆုံးပြီးနောက် ပြန်ရွေးမယ်ဆိုတာတောင် လက်မခံဘဲ အပိုင်ကို သိမ်းထားလိုက်တော့တယ်။ ဗိုလ်မှိန်လက်ထက်မှာကတည်းက ဦးပြည်သူက မကျေနပ်တော့ အတင်းပြန်တောင်းပါတယ်။ ဒါပေမယ့် ဗိုလ် မှိန် ရက်စက်တဲ့အတွက် ဦးပြည်သူ ဒုက္ခရောက်ခဲ့တယ်။ သားတကွဲ မယားတကွဲ။ တန်ရာတန်ကြေး ပေးပြီး ကိုယ့်ပစ္စည်းကို ပြန်ရွေးတာတောင် မပေးဘဲ သူသေတော့ သူ့သား ဗိုလ်ရမ်းကို လွှဲထားခဲ့တယ်။ ဗိုလ်ရမ်းဆို တဲ့အတိုင်း ဘယ်လောက် ရမ်းသွားသလဲဆိုတာကြည့်။ သူ့သား ရတနာနဲ့ပေါင်းပြီပေါ့။
ပိုက်ဆံရှိတယ်ဆိုတော့၊ အသိုင်းအ၀ိုင်းကောင်းတယ်ဆိုတော့ လုပ်ပုံ။ ဦးပြည်သူရဲ့သားသမီးတွေကို သတ်ပစ် တယ်။ ဥပဒေသိပ်မရှိတဲ့ အရပ်ဒေသဆိုတော့ ရမ်းချင်တိုင်းရမ်းလိုက်တာပါ။ တချို့သားသမီးတွေကို ထောင် ထဲ အပြစ်ရှာပို့တယ်။ “ဒီအိမ်ကြီးကို ငါတို့ပဲ ပိုင်တာကွ။ မင်းတို့အဖေ အန်းဆောင်အမျိုးတွေ အသုံးမကျလို့။ ငါတို့ ထိန်းသိမ်းပေးထားတာကွ” ဟူ၏။
ရယ်စရာကောင်းလိုက်လေခြင်းဆိုပြီး ဦးပြည်သူ တွေးနေမိတယ်။ မြို့ပေါ်က ဥပဒေပညာတွေ သင်လာတဲ့ အစ်မကြီး ဒေါ်နုတောင် အိမ်ကြီးပြန်ရအောင် မကြံတတ်တော့။ ဖခင်အန်းဆောင်ရဲ့ တဦးတည်းသောသမီး။
ဒီလိုနဲ့ပဲ အီလည်လည်ဇာတ်လမ်းကြီး မပြီး။
ဗိုလ်ရမ်းသေတော့ သူ့အချစ်ဆုံးသား ဦးရတနာမှ အိမ်ကြီးကို လွှဲပြောင်းယူတယ်။ ဦးပြည်သူတို့ မောင်နှမ ပြန် ရွေးကြပြန်ရော။ မရ။ သူတို့ပဲ ဆက်သိမ်းထားမယ်တဲ့။
ဦးရတနာ ဘာပြောလဲသိလား “မင်းတို့ကို သနားပါတယ်။ နေစရာမရှိရင် အခန်းတခန်း ပေးမယ်။ အတူတူတွဲ နေကြတာပေါ့။ ဒါဆိုရင် ရွေးစရာ ပိုက်ဆံလည်း မကုန်တော့ဘူး။ နောက်ပြီး ချက်ခြင်း ပြန်ပေးလိုက်ရင် ဒီအိမ် ကြီးကို ထိန်းသိမ်းမတတ်မှာ စိုးလို့ပါ” တဲ့။
ဘယ်လောက် ရင်နာစရာကောင်းလိုက်သလဲ။ ဦးပြည်သူက သိပ်မကျေနပ်။ ဒေါ်နုကတော့ လက်ခံလိုက် တယ်။ တဖြည်းဖြည်းချင်း ဒီအိမ်ကြီးကို မောင်လေးပြည်သူတို့ ပြန်ရအောင် အစ်မကြိုးစားပေးမယ်လို့ ဆိုရှာ တယ်။
အတူတွဲနေတော့လည်း ဦးပြည်သူ သားသမီးတွေမှာ စကားကျယ်ကျယ် ပြောလို့တောင်မရ။ လေလည်မိတာ တောင် ဦးရတနာတို့က သိပ်ကြည်တာမဟုတ်။ ကျနော်တို့ပိုင်တဲ့ အိမ်ပါဗျာ ဆိုမိတဲ့ ကလေးတွေကိုတော့ ဖွတ်အမြီးကြာပွတ်နဲ့ကို ရိုက်တော့တာ။
* * * * * * *
ဥပဒေပညာရှင်ကြီး အစ်မဒေါ်နုကတော့ သူတို့နဲ့ ပေါင်းပြီး ဒီအိမ်ကြီးကို ထိန်းသိမ်းသွားမှာတဲ့။ ဦးပြည်သူ စိတ် မရှည်တော့။ သားသမီးတွေကို သနားလာတယ်။ ဒီလို အနိုင်ကျင့် အစော်ကားခံနေရတာကြီးကို လက်ပိုက် ကြည့်မနေချင်တော့။
* * * * * * *
တနေ့ ဦးရတနာ အိမ်သာအသွား လူအလစ်မှာ နောက်ကနေ တွန်းချလိုက်တယ်။ ဦးရတနာ ချီးတွင်းအထဲ ကျသေသွားတယ်။
* * * * * * *
ဦးရတနာကတော်က သူ့ယောင်္ကျား ဆုံးပြီဆိုတော့ ပြန်ရွေးငွေတွေ လက်ခံပြီး တောပြန်သွားရှာတယ်။ မပြန် ခင်မှာသွားပုံမှာ “ကိုကိုရတနာ ချီးတွင်းထဲ ကျသေတယ်လို့တော့ မပြောကြပါနဲ့နော်။ ကိုးဆယ်ခြောက်ပါးရော ဂါကြောင့် သေတယ်လို့ ပြောပေးပါနော်” တဲ့။
* * * * * * *
ဦးပြည်သူ သူ့အမွေအိမ်ကို ပြန်ရပြီ။ သူ့ကလေးတွေလည်း လွတ်လပ်ပျော်ရွှင်လို့။ သူတို့အဒေါ် ဒေါ်နုကလည်း ဥပဒေအကျိုးဆောင်ပေးလိုက်ရလို့ ကြည်နူးနေတယ်။ အိမ်ကို အပေါင်ပြန်ရွေးပြီးကြောင်း လက်မှတ်ထိုးခိုင်း နိုင်လိုက်တယ်။ ဦးပြည်သူ သားသမီးတွေကလည်း အဘေးကြီး ပိုင်ခဲ့တဲ့ အိမ်ကြီးကိုကြည့်ပြီး နောက်တခါ လူ လိမ် လူပါးတွေလက်ထဲ ပြန်မပါအောင် ကောင်းကောင်းကြိုးစားတော့မယ်လို့ စိတ်ဆုံးဖြတ်လိုက်ကြတော့ တယ်။
* * * * * * *
သူများကို အိမ်သာထဲ တွန်းချပစ်ခဲ့တဲ့ ဦးပြည်သူမှာ ပြုံးလို့။ အသုဘကို ပျော်ပျော်ကြီး လိုက်ပို့ခဲ့သေးတယ်။ သူတော်ကောင်းကြီး ကောင်းရာသုဂတိလားပါစေ။ အမျှ ... အမျှ ... ...။
(မည်သူ့ကိုမှ မရည်ရွယ်ပါ။ အိမ်အပေါင်ထားပြီး ပြန်မရွေးနိုင်သေးလို့ စိတ်ပေါက်ပေါက်နဲ့ ရေးသားမိခြင်းဖြစ်ပါကြောင်း ...)
ယာမားရှီး
၅.၁၂.၂၀၁၁
ဒေါက်တာလွဏ်းဆွေ ဘလော့ မှ ယူတယ်
No comments:
Post a Comment