ဗြိတိန်နိုင်ငံမှာရှိတဲ့ Chatham House အဖွဲ့ ကြီးက မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို Chatham House Prize 2011 ဆကိုချီးမြှင့်ခဲ့ပါတယ် ။ ကြာသပတေးနေ့  ညနေ က လန်ဒန်မြို့  Chatham House မှာ ကျင်းပတဲ့အခန်းအနားမှာ ကြိုတင်သွင်းယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗီဒီယို ပြောကြားချက်မှတ်တမ်းကိုဖွင့်ပြခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က “မြန်မာအစိုးရထဲမှာ ဒီမိုကရေစီ တကယ်လိုချင်သူတွေရှိပါတယ် ဒီအချိန်ဟာ စွန့် စားသင့် စွန့် စားထိုက်တဲ့ အချိန်လို့  ကျမယူဆပါတယ်” လို့ ပြောသွားပါတယ် ။ Chatham House Prize 2011 ဆု ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Madaleine Albright (မက်ဒလင်း သြော်ဘရိုက်) က ဆုတက်ယူပေးပါတယ် ။
Chatham House Prize ဆု ဟာ နိုင်ငံတကာရေးရာတွေကို လွပါလပါစွာ သုံးသပ်ပြီး အဓိကျတဲ့ နိုင်ငံတကာဖြစ်ရပ်တွေကို သိရှိနားလည်အောင် ဆောင်ရွက်နေတဲ့ ထင်ရှားတဲ့ အဖွဲ့ ဖြစ်ပါတယ် ။ ကမ္ဘာ့နိုင်ငံရေး ကိစ္စတွေကို ထူးခြားစွာဆောင်ရွက်နိုင်သူကို နှစ်စဉ်ဆုချီးမြင့်၇ာမှာ ၂၀၁၁ နှစ်အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုရွေးချယ်ခဲ့ပါတယ် ။
ယခင်ရရှိပြီးသောဆုများ
No comments:
Post a Comment