နိုင်ငံရေးအကျဥ်းသားလွှတ်မြောက်ရေးလက်မှတ်ရေး

နိုင်ငံရေးအကျဥ်းသားလွှတ်မြောက်ရေးလက်မှတ်ရေးထိုးလှူပ်ရှားသူများကွန်ယက်၏ ထုတ်ပြန်ကြေငြာချက်

နိုင်ငံရေးအကျဥ်းသားလွတ်မြောက်ရေး လက်မှတ်ရေးထိုးလှုပ်ရှားသူများကဦးဆောင်၍
မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များနှင့်... ရဲဘက်စခန်းများအားလုံးရှိ နိုင်ငံရေးအကျဉ်းသားများစာရင်း အတိအကျကို
ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။

ပထမအဆင့်အနေဖြင့်အကျဉ်းထောင် (၁၀)ခုတွင်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများအရေအတွက်ကို
ဖော်ပြထားပါသည်။

သာယာဝတီအကျဉ်းထောင် ၆၀ ဦး (ကျား-၅၅ + မ-၅)
မြင်းခြံအကျဉ်းထောင် ၁၅ ဦး (ကျား-၁၃ + မ-၂)
ခန္တီးအကျဉ်းထောင် ၁၆ ဦး (ကျား-၁၄ + မ-၂)
လားရှိုးအကျဉ်းထောင် ၁၅ ဦး (ကျား-၁၃ + မ-၂)
သီပေါအကျဉ်းထောင် ၃ ဦး (ကျား-၃)
သရက်အကျဉ်းထောင် ၄၂ ဦး
ပခုက္ကူအကျဉ်းထောင် ၄ ဦး (ကျား-၄)
မြစ်ကြီးနားအကျဉ်းထောင် ၁၁ ဦး (ကျား-၁၁)
မော်လမြိုင်အကျဉ်းထောင် ၂၁ ဦး (ကျား-၁၈ + မ-၃)
ဗန်းမော်အကျဉ်းထောင် ၁၄ ဦး (ကျား-၁၁ + မ-၃)

မကြာမီအတွင်း အကျဉ်းထောင်အလိုက် နောက်ဆက်တွဲအရေအတွက်နှင့်အမည်စာရင်း အတိအကျကို ဖော်ပြ ပေးသွားမည်ဖြစ်ပါသည်။

ထိုစာရင်းတွင် မပါရှိဘဲ ကျန်ရစ်ခဲ့သူများရှိပါက မိသားစုများအနေဖြင့်အောက်ပါဖုန်းနံပါတ်များသို့ အမြန်ဆုံး ဆက်သွယ်ပေးပါရန်ကျေးဇူးတင်စွာဖြင့် ပန်ကြားအပ်ပါသည်။

ကိုတိုးကျော်လှိုင် - ၀၉၅၀၆၄၉၂၄၊ ၀၉၇၃၁၇၀၇၆၄ ၊ ၀၁၂၄၉၁၄၉
ကိုဖြိုးမင်းသိန်း - ၀၉၅၀၇၆၂၃၄

No comments: