ထပ္လႊတ္ပါ

နိုင်ငံရေး အကျဉ်းသားတွေ ထပ်လွှတ်ဖို့ NLD တောင်းဆို

မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အရ သီတင်းကျွတ် လပြည့်နေ့က အကျဉ်းသား ခြောက်ထောင် ကျော် ပြန်လွတ် လာတဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသား နှစ်ရာကျော် ပါဝင်ပြီး အန်အယ်လ်ဒီ အဖွဲ့ဝင် ၈၀ ကျော် ပါဝင် တယ်လို့ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြော ပါတယ်။
Prisoners' families are waiting outside Insein Prison
အကျဉ်းကျ နေသူတွေ ပြန်လွတ် မှာကို အင်းစိန် ထောင် ရှေ့မှာ မိသားစုတွေ စောင့် ခဲ့ကြ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က အခုလို အကျဉ်းသား တွေ လွှတ်ပေးတာ ကို ကြိုဆိုပေမဲ့ ကျန်ရှိ နေသေးတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေး ဖို့ တောင်းဆို တယ်လို့ ဘီဘီစီ ကို ပြောပါတယ်။
အရင်က လွတ်ငြိမ်း ချမ်းသာခွင့် တွေ အရ ပြန်လွှတ် ပေးခဲ့တဲ့ အကျဉ်းသားတွေ ထဲမှာ ပါဝင်တဲ့ နိုင်ငံရေး အကျဉ်းသား အရေ အတွက် ထက် အခု တစ်ခေါက် ပြန်လွတ် လာတဲ့ အရေ အတွက် ဟာ အချိုး အစား အရ များနေတဲ့ အချက် အပါအဝင် လက်ရှိ အနေအထား အရ နောက်ထပ် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက် လာလိမ့် ဦးမယ်လို့ အန်အယ်လ်ဒီက မျှော်လင့်နေ ကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
ပြုပြင် ပြောင်းလဲရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် ကြိုးပမ်း နေပါတယ် ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေ ကို ပြန်လွှတ် ပေးရေးက အရေးကြီးတယ်လို့ ထင်မြင်ကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
ဒါပေမဲ့ မြန်မာ အစိုးရက နိုင်ငံရေး အကျဉ်းသား ဆိုတဲ့ စကား အသုံး အနှုန်းကို သုံးဖို့တောင် တွန့်ဆုတ် နေပြီး နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ် မပေး သေးတာက သူတို့ ဘက်မှာ ဘာ အခက် အခဲတွေများ ရှိနေနိုင်တယ် ထင်ပါသလဲလို့ ဘီဘီစီက မေးရာ မှာတော့ ၁၉၈၈ ခုနှစ် ကနေ စတင်ပြီး အာဏာ ရယူ လာတဲ့ အစိုးရ အနေနဲ့ ဒီမိုကရေစီ အလေ့ အကျင့်တွေ မရှိကြဘူး၊ အဲဒီ အလေ့အကျင့် အတွက် သူတို့ အချင်းချင်း ကြားမှာ နားလည်မှု ရအောင် ဆောင်ရွက် နေရတဲ့ အခက် အခဲတော့ ရှိလိမ့် မယ်လို့ ယူဆ ကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
တခြား ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ကလည်း မြန်မာ အစိုးရ အနေနဲ့ ဒီမိုကရေစီ ရေး ပြုပြင် ပြောင်းလဲ နေပြီ လို့ အသိ အမှတ်ပြုတာ ခံလိုရင် နိုင်ငံရေး အကျဉ်းသား အားလုံး ကို လွှတ်ပေးဖို့ လိုတယ်လို့ ထောက်ပြ တောင်းဆို နေကြပါတယ်။

No comments: