မဟန်တော့ မာန်လျှော့ ပြန်ပေတော့ တရုတ်ရေ

မြစ်ဆုံစီမံကိန်း အပြီးရပ်တန့်ရေး လက်မှတ် ၁ သန်း တရုတ်အစိုးရထံပို့ဖို့ စီစဉ်။
0 Comments - 10 Oct 2011
မန္တလေး မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်၊ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ “မပြီးဆုံးသေးသော မြစ်ဆုံ” အမည်နဲ့ ဧရာဝတီနဲ့ သဘာဝ ပတ်ဝန်းကျင်ရေးရာများ ဟောပြောပွဲတရပ်ကို ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။ဒီဟောပြောပွဲမှာ ဆရာဦးဝင်းမျိုးသူနဲ့ စာရေးဆရာ ကိုတာ တို့ ဟောပြောကြပြီး စိတ်ပါဝင်စားသူ လူ ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ဟောပြောပွဲမှာ ဆရာဦးဝင်းမျိုးသူက ကောက်ခံရရှိတဲ့ လက်မှတ်တွေနဲ့အတူ တရုပ်အစိုးရနဲ့ CPI ကုမ္ပဏီကို သွားရောက် ဆွေးနွေးပြီး မြန်မာပြည်သားတွေရဲ့ သေ...

More Link
တနင်္လာနေ့၊ အောက်တိုဘာလ ၁၀၊ ၂၀၁၁
China, Myanmar agree to cooperate on suspended joint hydropower project
သတင်းဘာသာပြန်
BEIJING, Oct. 10 (Xinhua) -- China and Myanmar on Monday agreed to properly settle matters related a suspended joint hydropower project in Myanmar, and both sides pledged to increase cooperation and work toward bringing mutual benefits to the two nations.
တရုတ်ပြည်သူသမ္မတနိုင်ငံ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတို့ တို့မှ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ဆိုင်းငံ့ခြင်းနှင့် သက်ဆိုင်သောကိစ္စရပ်များကို ပြေလည်စွာ ဖြေရှင်းရန်အတွက် တနင်္လာနေ့တွင် သဘောတူညီခဲ့ကြပါသည်။ နှစ်ဖက် ကိုယ်စားလှယ်များမှ ရှေ့ဆက်၍ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ရန်နှင့် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းနိုင်မှုကို ရှေ့ရှု၍ လုပ်ကိုင်ရန် ကတိပေးပြောကြားကြပါသည်။

The agreement was reached in Beijing during talks held between Chinese Foreign Minister Yang Jiechi and his Myanmar counterpart U Wunna Maung Lwin, who is visiting China as a special envoy of Myanmar President U Thein Sein.
ထိုသဘောတူညီချက်မှာ တရုတ်ပြည်သူသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ယန်ဂျေချိ နှင့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်မှ အထူးစေလွှတ်သော မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့ ပီကင်းမြို့တွင်း တွေ့ဆုံဆွေးနွေးရာမှာ ရရှိစေခဲ့ခြင်းဖြစ်ပါသည်။

According to a press release issued by the Chinese Foreign Ministry after the talks, the two sides have conducted a thorough consultation over the Myitsone hydropower plant project, which was ordered to be suspended by Myanmar's president.
တရုတ်ပြည်သူသမ္မတနိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီးဌာနမှာ ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် နှစ်ဖက်နိုင်ငံများမှ မြစ်ဆုံ ရေးအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ သေချာစွာ စီစစ်မှုများဖြင့် စတင်ခဲ့ပါသည်။ သို့သော်လည်း မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်မှာ ထိုစီမံကိန်းကို ဆိုင်းငံ့ခဲ့ပါသည်။


The two foreign ministers also exchanged views on bilateral relations and other issues of common concern, with both voicing commitments to push forward the bilateral comprehensive and strategic partnership in a bid to achieve joint development, said the press release.

နှစ်ဖက် နိုင်ငံခြားရေးရာ ဝန်ကြီးများမှ နှစ်နိုင်ငံခြား ဆက်ဆံရေးနှင့် ပတ်သက်သော အမြင်များကို ဖလှယ်ဆွေးနွေး၍ ရှေ့တွင် ပူးပေါင်းပါဝင်ကာ လုပ်ကိုင်မည့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရပ်များအတွက် ကတိကဝတ်များ အမြင်များ ရှေ့လုပ်ငန်းစဉ် များကို ချမှတ် နားလည်ခဲ့ပါသည်။
=========================
မြစ်ဆုံ ကို ဆက်လက် လုပ်ကိုင်မယ်လို့တော့ မပါပါဘူး။ ဒါပေမဲ့လည်း သံတမန် ဆက်ဆံရေးအရ ထုတ်ပြန်တာ ဖြစ်ပြီး ဒီပြသာနာအတွက် တဖက် နဲ့ တဖက် ဘာတွေ တစ်ယောက်နဲ့ တစ်ယောက် အလျော့ပေးရသလဲဆိုတာကိုတော့ ရှင်းလင်းစွာ မပြောထားတာ ဖြစ်ပါတယ် ခင်ဗျာ။ ပုံမှန်အားဖြင့်တော့ အခုလို ဆိုင်းငန့်ခြင်းက တစ်ခေါက်တည်းနဲ့ တော့ အဆင်မပြေတတ်ပါဘူး ဆက်လက်ပြီးတော့ စကားပြောရအုန်းမှာပါ။

ဘာသာပြန်သူ.. မောင်ခြိမ့်(MMCP)

No comments: