လူထုနှင့် ကျမ္မာရေး [By Ko Baloi ]

လူသားတို့တွင် မွေးဖွားရာကအစ- သေဆုံးသည့်အထိ ကျမ္မာရေးကောင်းမွန်ဖို့သည် အဓိကအရေးဖြစ်သည်။
ကျမ္မာမှ အလုပ်လုပ်နိုင်မည်၊ ကျမ္မာမှ   စာသင်ကြားနိုင်မည်၊    ကျမ္မာမှ ဆော့ကစားနိုင်မည်၊  ကျမ္မာမှ သွားလာနိုင်မည်၊
ကျမ္မာမှ စိတ်၏ပျော်ရွှင်မှုကိုရရှိနိုင်မည်၊ ကျမ္မာမှ  စိတ်သွားတိုင်းကိုယ်ပါမည်၊     ကျမ္မာမှ  မိမိလုပ်ချင်သည့်အရာများနှင့်မိမိဖြစ်ချင်သည့်    ကိစ္စရပ်များကို     အကောင်ထည်ဖော်လုပ်ဆောင်နိုင်မည်ဖြစ်သည်။       ထို့ကြောင့်- လူသားတို့၏ဘဝတွင်  ကျမ္မာရေးကောင်းဖို့သည် မရှိမဖြစ် အမှန်တကယ်လိုအပ်သော အဓိကအရေးဖြစ်သည်။
ထိုသို့- လူသားများ၏ အဓိက အရေးဖြစ်သည့် ကျမ္မာရေးနှင့်    ပတ်သက်သောကိစ္စအဝဝကို   နိုင်ငံအုပ်ချုပ်သည့် အစိုးရများမှ  မိမိပြည်သူ- ပြည်သားများအတွက် တာဝန်ယူ ကူညီဆောင်ရွက်ဖြေရှင်းပေးရမည်ဖြစ်သည်။
ကျနော်တို့ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ   အစိုးရ၏ ညံ့ဖျင်းသော   ကျမ္မာရေးစောင့်ရှောက်မှုကြောင့်...ပြည်သူလူထုအများသည် ဆေးဝါးကုသမှုလုံလောက်စွာမရရှိသောကြောင့် မဆုံးရှူံးသင့်သည့် ခလေး၊ လူငယ်၊ လူကြီး များ၏ အသက်ပေါင်းများစွာဆုံးရှူံးခဲ့ရသည်။ အစိုးရတစ်ရပ်အနေနဲ့ ကျမ္မာရေးစရိတ်ကို နိုင်ငံတော်အတွက် မဖြစ်စလောက်ရာခိုင်နှုန်းသာအသုံးပြုထားလျှင်...တိုင်းပြည်ရှိ အခြေခံလူတန်းစားများအတွက် ကျမ္မာရေးနှင့်ပတ်သက်ပြီး အခက်ခဲပေါင်းမြောက်များစွာ
တွေ့ရှိနိုင်ပါသည်။ ဥပမာ ။  ။ ဆေးဝါးများဝယ်ယူရန်   ငွေအလုံအလောက်မရှိခြင်းကြောင့်     ဆေးမီးတိုနှင့် ဖြစ်သလိုကုသခြင်း၊ ငွေရေးကြေးရေးအခက်ခဲကြောင့် ဆေးရုံသို့တင်ရမည့်လူနာအား ဆေးရုံမတင်ပို့နိုင်ခြင်း၊ အဿပြာဆရာဝန်များကြောင့်ဆေးဝါးကုသရန်လူနာများအခက်အခဲများစွာရှိလာခြင်း၊ ဆေးဝါးဈေးကြီးမှုကြောင့်   တကယ်တမ်းထိရောက်တဲ့ဆေးများဝါးများနှင့် ကင်းဝေးကာ ဆေးမီးတိုများနှင့် ဒေါက်တာရမ်းကုများကို ယုံကြည်လာခြင်း၊ ကျမ္မာရေးအသိပညာပေးမှုအားနည်းခြင်းကြောင့် မဖြစ်သင့်- မဖြစ်ထိုက်သောရောဂါများ ဖြစ်ပေါ်လာပြီး၊ မကူးစက်သင့်သည့်ရောဂါများ ကူးစက်ပြန့်ပွါး
လားခြင်း စသည့်ဆိုးကြိုးများကို ကျမ္မာရေးအသုံးစရိတ်နည်းပါးမှုကြောင့် ထိုအခက်ခဲများကို အောက်ခြေရှိ- အခြေခံလူတန်းစားများ မလွဲမသွေ  ခံစားကြရမည်ဖြစ်သည်၊   ထိုသို့ဆိုလျှင်...ကျမ္မာရေးအသုံးစရိတ်ကို       အစိုးရမှ    အလုံအလောက်ပြည့်ပြည့်ဝဝ- အသုံးပြုသွားဖို့လိုအပ်ပါသည်။မြန်မာနိုင်ငံတွင် အကျိုးမရှိသည့် စစ်ပွဲများတွင်   စစ်ရေးစရိတ်သုံးနေမှုသည်ကြောက်မခန်လိလိကြီးထွားနေပြီး-တကယ်တမ်း
နိုင်ငံသူ- နိုင်ငံသားများအတွက် အကျိုးရှိမည့် ကျမ္မာအသုံးရေးစရိတ်ကိုမူ....မဖြစ်စလောက်ရာခိုင်နှုန်းသာ သုံးစွဲထားသည်မှာ-အစိုးရ၏ မှားယွင်းညံ့ဖျင်းသည့် စီမံခန့်ခွဲမှုကြောင့်ဖြစ်သည်။ ထိုမှားယွင်းနေသည့် အစိုးရ၏ စီမံခန့်ခွဲမှုများကို အမြန်ဆုံး  ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပစ်ရမည်၊   ထိုသို့-  ပြုပြင်ပြောင်းလဲပစ်မှသာ   နှစ်ပေါင်းများစွာ     ယိုယွင်းပျက်စီးနေသည့် ကျမ္မာရေး
အဆောက်အအုံ ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။
အချုပ်ဆိုရလျှင်....အစိုးရသည်    မိမိနိုင်ငံသူ- နိုင်ငံသားများအတွက်  ကျမ္မာရေးအသုံးစရိတ်ကို ပြည့်ပြည့်ဝဝ- လုံလုံလောက်လောက် သုံးစွဲခြင်းဖြင့်   မဖြစ်သင့်- မဖြစ်ထိုက်သည့်ရောဂါများ မဖြစ်စေပဲ၊   မကူးစက်သင့်သည့်  ရောဂါများလည်း ကူးစက်မှုများလျှော့နည်းပြီး  လူအသေအပျောက်များလည်း    နည်းလာမည်ဖြစ်ကြောင်း....အထူးသဖြင့်    အစိုးရသည်     မိမိပြည်သူ ပြည်သားများ၏        ကျမ္မာရေးကို   အလေးထား၍           ကာကွယ်စောင့်ရှောက်သွားရမည့်တာဝန်မှာ    အစိုးရတစ်ရပ်၏  မလွဲမသွေ  ထမ်းဆောင်ရမည့် အရေးကြီးသည့်တာဝန်ဖြစ်  တစ်ရပ်ပါကြောင်း ရေးသားလိုက်ရပါသည်။
( ကျမ္မာခြင်းသည်လဒ်တစ်ပါး....ကျမ္မာမှ အလုပ်လုပ်နိုင်မည် ) (ကျမ္မာမှ စိတ်၏ချမ်းသာခြင်းကို ဆောင်ကျဉ်းပေးနိုင်မည် )
( ကျမ္မာမှ မိမိဖြစ်ချင်သည့် အရာများနှင့် မိမိလုပ်ချင်သည့် အရာကိစ္စများကို ထမ်းဆောင်နိုင်မည် )

No comments: