နိုင်ငံ ရေး အကျဉ်းသား ၁၅၅ ဦးကို သာ လွှတ်ပေး

We Posted on BST Time 2:30 PM

ယနေ့  လွတ် မြောက် လာသည့် အကျဉ်း သား များ တွင် နိုင်ငံ ရေး အကျဉ်းသား အနည်း
ငယ် သာ ပါဝင် သည်။ အကျဉ်းသား ၂၀၀၀ ကျော် ကျန် ရှိ နေသေး သည့် အတွက် လက်
ရှိ မြန်မာ စစ်အစိုးရ ၏ လုပ်ဆောင် မှု များ မှာ အပြု သဘော မဟုတ် သည့် ပြင် အားရ
ကျေနပ် စရာ မရှိ ဟု တက်ကြွ လှုပ်ရှား သူ များ က ပြော
သည်။
ယနေ့  ပြန် လည် လွတ်မြောက် လာသူများ ထဲ မှ နိုင်ငံရေး အကျဉ်းသား နှင့် ရန်ကုန် စက်မှု
တက္ကသိုလ် ကျောင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်ဦးသူ ကိုကြည်သာထွန်း ” နိုင်ငံ ရေး အကျဉ်း
သား အား လုံး ကို ပြန် လွှတ်ပေး စေချင်တယ် ” ဟု FNG သို့ ပြောသည်။
ယနေ့  နိုင်ငံ ရေး အကျဉ်းသား ၁၅၅ ဦး နှင့် စစ် ထောက်လှမ်း ရေး ဟောင်း တစ်ဦး
သာ လွတ်မြောက် ပြီး ကျန် ရှိ နေသည့် စာရင်းပါ လွတ်လူ များ ကို ထပ် မံ စီစစ်၍
လွှတ်ပေး မည် ဟု အကျဉ်းဦးစီဌာန မှ အရာ ရှိ တစ်ဦး က FNG သို့  ပြောသည်။
We Posted on BST Time 12:10 AM
ယခု လွတ်မြောက် လာသည့် နိုင်ငံရေး အကျဉ်းသား များ မှာ ပထမ အသုတ် ဖြစ်ပြီး ကျန် ရှိ
နေသည့် အကျဉ်းသား များ ကို လည်း ထပ်မံ လွှတ်ပေး အုံး မည် ဟု သိရသည်။  မြန်မာ စစ်
အစိုးရ ၏ အကျဉ်းထောင် ထဲ ဉ် နိုင်ငံ့  ရေး အကျဉ်းသား ၂၀၀၀ ကျော် ကျန် ရှိ နေသေး သည်။
သာယာဝတီ အကျဉ်းထောင် မှ နိုင်ငံ့ရေး အကျဉ်းသား ၂၆ ဦး လွတ်မြောက် သည် ဟု သိရသည်။
We Posted on BST Time 12:00 AM
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် များ ၊ ဗကသ အဖွဲ့  ၀င် များ ဖြစ်သည့် ကိုကျော်ကိုကို
ကို ဒီငြိမ်းလင်း နှင့် ကို စည်သူ မောင် တို့  အပြင် သရက် အကျဉ်းထောင် ဉ် ထောင်ဒဏ်
၁၀၈ နှစ် အကျဉ်း ကျ ခံ နေ ရသည့် အထက် ဗမာ ပြည် ကျောင်း သား ခေါင်းဆောင် ကို
ကို ဘိုမင်းယုကို တို့  လွတ်မြောက် လာခြင်း မရှိ သေး ဟု သတင်း ရရှိ သည်။
အင်းစိန်ထောင် မှ အကျဉ်းသားများ လွတ်မြောက် လာရာ နိုင်ငံရေး အကျဉ်းသား ၇ ဦးသာ
ပါဝင် သည် ဟု သိရှိ ရသည်။
We Posted on BST Time 11:25  AM
အင်းစိန် နှင့် သာယာ ၀တီ အကျဉ်းထောင် မှာ အကျဉ်းသား များ ကို စတင် လွှတ်ပေး နေပြီ ဖြစ်
ရာ နိုင်ငံ ရေး အကျဉ်း သား များ ပါဝင် သည် ဟု သိရသည်။ မန္တလေး အကျဉ်း ထောင် မှ
နိုင်ငံ ရေး အကျဉ်းသား ၄၈ ဦး ပါဝင် ပြီး ယနေ့  ပြန်လည် လွတ်မြောက် မှု မှာ စုစု ပေါင်း ၂၆၈
ဦး ခန့်  ရှိ မည် ဟု သိရသည်။အသေးစိတ် ကို မူ ဆက်လက် စုံ စမ်း ဆဲ ဖြစ်ပါသည်။
ပူတာ အို ထောင် မှ ၁၉၉၈  ခုနှစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ၏ လွှတ်တော် ခေါ်ယူ
ရေးဦးဆောင် ဆန္ဒ ပြ သူ ကျောင်းသား ခေါင်းဆောင် ကို မျိုးမင်းဇော် လွတ်မြောက် လာ
ခြင်း မရှိ သေး ဟု သိရသည်။
ကိုညီညီ အောင် ၏ မိခင် ဖြစ်သူ ဒေါ်စန်းစန်းအောင် နှင့် ပူတာအို အကျဉ်းထောင် မှ မန္တလေး
NLD အဖွဲ့  ၀င် ဖြစ်သူ ဒေါ်ဝင်းဝင်းမြ တို့  ပြန်လည် လွတ်မြောက် လာ သည် ဟု သတင်း ရရှိ
သည်။
လွတ်မြောက် လာ သည့် နိုင်ငံရေး အကျဉ်းသား များ အား NDF ပါတီ ၀င် များ က အင်းစိန်ထောင်
ရှေ့ တွက် သွားရောက် ကြို ဆို မှု ပြု ပြီး အိမ် တိုင်ရာ ရောက် ပို့ ဆောင် ပေး မှု ပြု သည် ဟု NDF
ပါတီ ၀င် တစ် ဦး က ပြော သည်။
We Posted on BST Time 11:00 AM
မြစ်ကြီး နား ထောင် မှာ နိုင်ငံ ရေး အကျဉ်း သား အများစု ပြန် လည် လွတ်မြောက် လာ ပြီး ၊ ရန်ကုန်
မြို့  ဗဟို အကျဉ်းထောင် အင်းစိန် ကို FNG မှ ဆက်သွယ် မေးမြန်း ချက် အရ နိုင်ငံ ရေး အကျဉ်း
သား ၂၀ ကျော်ခန့် လွတ်မြောက် နိုင် သည် ဟု သတင်း ရရှိ သည်။
ရန်ကုန် အခြေစိုက် ELEVEN MEDIA GROUP နှင့် ကိုဇာဂနာ ဆက်သွယ်မေးမြန်း မှု မှကောက်
နှုတ် ဖော်ပြ ချက်
မေး- နိုင်ငံရေးအလုပ်ဆက်လုပ်မယ်ဆိုတာက လက်ရှိအခင်းအကျင်းထဲကနေ ပါတီတစ်ခု၊ ပါတီဝင်
တစ်ဦးအနေနဲ့ ၀င်ပါမှာကို ပြောတာလား။
ဖြေ- ပါတီထောင်ဖို့၊ ပါတီဝင်လုပ်ဖို့ဆိုတာထက် ၈၈တုန်းက ကျွန်တော်တို့ ဘာကြောင့် လမ်းပေါ်ထွက်ခဲ့ကြလဲ။
ပျင်းလို့ထွက်ခဲ့ကြတာမဟုတ်ပါဘူး။ လိုချင်တာတွေ ရှိလို့ထွက်ခဲ့ကြတာပါ။ ကျွန်တော်တို့ တကယ်လိုချင်တာ
ရပြီလား။ အပြည့်အ၀ မရသေးဘူးဆိုရင် ရအောင်လုပ်ကြရမယ်။ ရန်ကုန်ရောက်မှပဲ ဆက်ပြောကြတာပေါ့။
အခုတော့ လေယာဉ်ပေါ်တက်ရတော့မယ်။
We Posted on BST Time 10:00 AM
၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး တွင် ဦးဆောင် ခဲ့ သည့်  အသျှင် ဂမ္ဘီရ တို့  နှင့် ရှမ်းပြည်လွတ်
မြောက်ရေး တပ်မတော် က ထောင်ဒဏ် နှစ် ရှည် ချမှတ် ထားခြင်း ခံရတဲ့ ဗိုလ်ချုပ် ဆေထင်
တို့  ကို ယနေ့ မနက် တွင် ပြန် လွှတ် ပေး လိုက် သည် ဟု FNG မှ သတင်း ရရှိ သည်။
အသျှင် ဂမ္ဘီရ သည် စစ်ကိုင်း တိုင်း ကလေး အကျဉ်း ထောင် မှ ပြန်လည် လွတ်မြောက် လာ
ခြင်း ဖြစ် ပြီး ထောင်ဒဏ် ၆၃ နှစ် ချမှတ် ခံ ထား ရ သူ ဖြစ်သည်။
၂၀၀၈ ခုနှစ်နာဂစ် ဒုက္ခသည် တွေ ကို ကူညီပေး  ကြောင့်  မြစ်ကြီးနား ထောင်တွင် အကျဉ်းကျ
ခံ နေရ သည့် နာမည် ကျော် ဟာသပညာရှင်  ကိုဇာဂနာ  (ကိုသူရ) နှင့် ၈၈ မျိုးဆက် ကျောင်း
သား တစ်ဦး ဖြစ်သူ ကိုကိုကြီး (စမ်းချောင်း) တို့  ကို လက်ရှိ မြန်မာ အစိုးရ က ပြန်လည်လွှတ်
ပေး ခဲ့ သည်
ကိုကိုကြီး (စမ်းချောင်း) ရဲ့  ညီမ ဖြစ်သူ မဖြူဖြူထွန်း က သူမရဲ့  အကို ဖြစ်သူ ပြန်လည် လွတ်မြောက်
လာမှု ကြောင့် အရမ်းဝမ်းသာ တယ် လို့  FNG ကို ပြောသည်။
ယခင် စစ် အစိုးရ လက်ထက် က နိုင်ငံ ရေး အကျဉ်း သား ၅၀၀ ကျော် ကို ၂၀၀၂ ခုနှစ် နိုဝင်ဘာ
လ တွင် ပြန်လည် လွှတ်ပေး ခဲ့ သည်။
ယနေ့  ပြန်လည် လွတ်မြောက် သူများ တွင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်
သည့် ကိုမင်းကို နိုင် ပါဝင် ခြင်း မရှိ ဟု သိရသည်။

No comments: