နိုင်ငံရေးအကျဉ်းသား ရက်ပိုင်းအတွင်းလွတ်နိုင်ဟု ဦးရွှေမန်းပြော
“မကြာခင်ရက်ပိုင်းအတွင်းမှာ အကောင်အထည်ဖော်ပါမယ်။ မကြာခင် ရက်ပိုင်းအတွင်းပေါ့။”
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ အစိုးရကပြောဆိုပေမဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော် အကျဉ်းထောင်တွေထဲမှာ ရှိနေပြီး သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်း က တောင်းဆိုနေကြတာဖြစ်ပါတယ်။
နော်ဝေနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Espen Barth Eide နဲ့အဖွဲ့ဟာ အောက်တိုဘာလ ၆ ရက်ကနေ ၉ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ရှိနေပြီး မနေ့က စနေနေ့ကတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ နာရီခန့်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီမတိုင်ခင်ကတော့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
နော်ဝေ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Espen Barth Eide ဟာ ၂၀၁၀ ခုနှစ်က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲအပြီး နောက်ပိုင်း အခြေအနေတွေကို လေ့လာ သုံးသပ်ဖို့ မြန်မာနိုင်ငံကို လာရောက်ခဲ့တာဖြစ်ပြီး နော်ဝေနိုင်ငံဟာ မြန်မာ့ဒီမိုကရေစီရေးကို အစဉ်တစိုက် ထောက်ခံအားပေးလာခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။
အကျဉ်းသား လွှတ်ပေးဖို့ ကိစ္စ အကောင်အထည် ပေါ်လာမယ် (BBC)
မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ပြန်လွှတ်ပေးရေး မကြာခင် အကောင်အထည် ပေါ်လာတော့မှာပါလို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ပြောပါတယ်။
နော်ဝေ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးကို နေပြည်တော်မှာ လက်ခံ တွေ့ဆုံစဉ် ပြောသွားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ဒဏ်ခတ် ပိတ်ဆို့ အရေးမှုတွေ မရုတ်သိမ်းခင် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ် ပေးရမယ်လို့ နော်ဝေ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာ အစိုးရကို တောင်းဆိုနေရာမှာ အကျဉ်းသားတွေ လွှတ်ပေးဖို့ ကိစ္စ မကြာခင် အကောင် အထည် ပေါ်လာတော့မှာပါလို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက နော်ဝေ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Espen Barth Eide ကို ပြောကြား ခဲ့ကြောင်း နော်ဝေ အသံလွှင့် ဌာန NRK သတင်းမှာ ဖော်ပြ ထားပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ကျော် ရှိတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောနေ ပေမယ့် မြန်မာ အစိုးရတော့ နိုင်ငံရေးနဲ့ ပတ်သတ်လို့ အကျဉ်းကျခံနေရသူ မရှိဘူး ဆိုပြီး တချိန်လုံး ငြင်းဆန် နေတာ ဖြစ်ပါတယ်။
No comments:
Post a Comment