ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​ပြောစကား​ ဘယ်လို အဓိပ္ပာယ်​ဆောင်သလဲ

Published on September 22, 2011 by တိုင်းကျော် (DVB)

မြန်မာ့ ​နိုင်ငံ​ရေး​နဲ့​ ပတ်သက်ပြီး​ ဒီတပတ်အတွင်း​ ထူး​ခြား​မှု​တွေ ရှိခဲ့​ပါတယ်။ အဓိကက​တော့​ လူထု​ခေါင်း​ဆောင် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​ပြောစကား​တွေ​ကြောင့်​ပဲ ဖြစ်ပါတယ်။

ဒီတပတ်အတွင်း​ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်မှာပြုလုပ်တဲ့​ အပြည်ပြည်ဆိုင်ရာ ဒီမိုက​ရေစီ​နေ့​ အခမ်း​အနား​မှာ အမှာစကား​ တခု ​ပြောခဲ့​ပါတယ်။ ​နောက် ပြည်တွင်း​ထုတ် ဂျာနယ်​တွေနဲ့​ အင်တာဗျူး​လုပ်ခဲ့​ပြီး​ လျှပ်တစ်ပြက်ဂျာနယ်နဲ့​ ရန်ကုန်တိုင်း​မ်ဂျာနယ်မှာ ​ဖော်ပြခွင့်​ရခဲ့​ပြီး​ဖြစ်ပါတယ်။ ​ဒေါ်စုရဲ့​ ​ပြောစကား​တွေနဲ့​ ပတ်သက်ပြီး​ တုံ့​ပြန်ကြတာ​တွေနဲ့​ ​ရှေ့​အလား​အလာ​တွေကို ​ဆွေး​နွေး​တင်ပြသွား​မှာ ဖြစ်ပါတယ်။
ဒီမိုက​ရေစီ​ နေ့​တုန်း​က ​ဒေါ်​အောင်ဆန်း​စုကြည်​ပြောသွား​တဲ့​ စကား​တခွန်း​ဟာ အ​တော်​လေး​ကို ထူး​ခြား​ပါတယ်။ အဲဒီ​နေ့​မှာ ​ဒေါ်စုက မြန်မာနိုင်ငံဟာ အ​ပြောင်း​အလဲဖြစ်နိုင်တဲ့​ အ​ခြေအ​နေကို ​ရောက်ရှိ​နေပြီဖြစ်တယ်လို့​ ​ပြောလိုက်ပါတယ်။ ​ဒေါ်စု​ပြောတဲ့​စကား​ အပြည့်​အစုံက​တော့​ “ကျမတို့​နိုင်ငံဟာ အ​ပြောင်း​အလဲ ဖြစ်နိုင်တဲ့​ အ​ခြေအ​နေမှာ ​ရောက်ရှိ​နေပါပြီ။ အ​ပြောင်း​အလဲ ဖြစ်ပြီလို့​လည်း​ ကျမ မ​ပြောချင်ပါဘူး​။ ဒါ​ပေမယ့်​ ဒါ ကျမ လူသိရှင်ကြား​ ​ပြောပြီး​ဖြစ်ပါတယ်။ အ​ပြောင်း​အလဲ ဖြစ်နိုင်တဲ့​ အ​ခြေအ​နေ ​ရောက်​နေပြီလို့​ ကျမ ယုံကြည်တယ်။ ဒီအ​ပြောင်း​အလဲ​တွေဟာ ပြည်သူအတွက်၊​ တိုင်း​ပြည်အတွက် အ​ကောင်း​ဆုံး​ဖြစ်​အောင်လို့​ ဘယ်ပုံဘယ်နည်း​နဲ့​ လုပ်မလဲဆိုတာ လူတိုင်း​လူတိုင်း​ဟာ တာဝန်သိသိနဲ့​ ​လေး​လေး​နက်နက် စဉ်း​စား​ရမှာ ဖြစ်ပါတယ်” ဆိုပြီး​ ဖြစ်ပါတယ်။ တကယ်​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ခုလို​ပြောစကား​ဟာ မြန်မာ့​ဒီမိုက​ရေစီအ​ရေး​မှာ သူပါဝင်လှုပ်ရှား​ ဦး​ဆောင်ခဲ့​တဲ့​ ၂၃ နှစ်အတွင်း​ အထူး​ခြား​ဆုံး​ စကား​အဖြစ်​တောင် ​ကောက်ချက်ချကြပါတယ်။
အလား​တူပါပဲ။ ပြီး​ခဲ့​တဲ့​ စ​နေ​နေ့​ထုတ် လျှပ်တစ်ပြက်ဂျာနယ်နဲ့​ ​တွေ့​ဆုံတဲ့​ အင်တာဗျူး​မှာ ​ဒေါ်စုက “ကျမအ​နေနဲ့​ ​ပြောခဲ့​ပြီး​ပါပြီ။ သမ္မတဦး​သိန်း​စိန်ကို တကယ်ပဲ အပြုသ​ဘော​ဆောင်တဲ့​ အ​ပြောင်း​အလဲကို လိုလား​တယ်လို့​ ယုံကြည်ပါတယ်။ အစိုး​ရအဖွဲ့​ တခုလုံး​က​တော့​ ကျမ မသိဘူး​ပေါ့​နော်“ လို့​ ​ပြောခဲ့​ပြန်ပါတယ်။ အဲဒီ အင်တာဗျူး​မှာပဲ ဆက်ပြီး​ “ဘာမဆို ထာဝရမဟုတ်ပါဘူး​။ အကယ်၍ ဒီလိုအ​ပြောင်း​အလဲ​တွေကို မလိုလား​တဲ့​သူ​တွေ ရှိတယ်ဆိုရင်လည်း​ ဘာဖြစ်လို့​ အ​ပြောင်း​အလဲ​တွေ လိုအပ်တယ်ဆိုတာကို နား​လည်​အောင် ကျမတို့​ကြိုး​စား​ကြရမှာပဲ။ အ​ပြောင်း​အလဲ လိုအပ်တယ်ဆိုတာကို တကယ်သ​ဘော​ပေါက် နား​လည်လာတဲ့​အခါကျလို့​ရှိရင်​တော့​ အ​ပြောင်း​အလဲအတွက် အား​လုံး​ဝိုင်း​လုပ်ကြလိမ့်​မယ်လို့​ ကျမယုံကြည်ပါတယ်” ဆိုပြီး​ ထပ်​ပြောခဲ့​ပါတယ်။
နောက်ထပ် အင်္ဂါ​နေ့​ထုတ် ရန်ကုန်တိုင်း​မ်ဂျာနယ်မှာ​တော့​ လက်ရှိ ဖြစ်ပွား​နေဆဲ တိုင်း​ရင်း​သား​လက်နက်ကိုင်​တွေနဲ့​ ပြဿနာ၊​ ငြိမ်း​ချမ်း​ရေး​ပြဿနာနဲ့​ ပတ်သက်ပြီး​ တရား​မျှတမှု​တွေကို အ​ခြေခံတဲ့​ ​တောင်း​ဆိုချက်​တွေကို ဖြစ်​မြောက်​အောင် လုပ်​ပေး​ဖို့​ အား​လုံး​မှာ တာဝန်ရှိတယ်။ ဒီကိစ္စ သိပ် အချိန်ဆွဲလို့​မရဘူး​။ အချိန်ဆွဲလို့​ရှိရင် နိုင်ငံရဲ့​ဒဏ်ရာ​တွေ ပိုကြီး​လာမယ် ဆိုပြီး​ ​ပြောဆိုခဲ့​ပါတယ်။ ​နောက်ပြီး​ လက်ရှိ ​တွေ့​ဆုံ​ဆွေး​နွေး​မှု​တွေနဲ့​ ပတ်သက်ပြီး​ အခု ​ဆွေး​နွေး​ပွဲ​တွေဟာ အရင် စစ်အစိုး​ရလက်ထက် ​ဆွေး​နွေး​ပွဲ​တွေနဲ့​ မတူ မယ်မယ်ရရ ​ဆွေး​နွေး​တာ​တွေ ရှိ​ကြောင်း​ ​ဆွေး​နွေး​ပွဲနဲ့​ ပတ်သက်ရင်လည်း​ ​ရေရှည်အချိန်ဆွဲလို့​ ရတဲ့​ကိစ္စ မဟုတ်ဘူး​ဆိုတာ နှစ်ဘက်စလုံး​က နား​လည်ထား​ကြတယ်ဆိုပြီး​ ​ပြောခဲ့​ပါတယ်။
ဒီတပတ်အတွင်း​ ​ဒေါ်​အောင်ဆန်း​စုကြည်​ပြောခဲ့​တဲ့​ စကား​တွေကို ပြန်လည် ခြုံငုံသုံး​သပ်ကြည့်​ရင် ​ဒေါ်​အောင်ဆန်း​စုကြည်က သမ္မတဦး​သိန်း​စိန်ဟာ အ​ပြောင်း​အလဲကို တကယ်လိုလား​တဲ့​သူဖြစ်တယ်လို့​ သူယုံကြည်တယ်။ ဒီယုံကြည်ချက်အ​ပေါ် အ​ခြေခံပြီး​ မြန်မာနိုင်ငံဟာ အ​ပြောင်း​အလဲဖြစ်နိုင်တဲ့​ အ​ခြေအ​နေမှာ ​ရောက်​နေပြီဆိုတာကို သူယုံကြည်တယ်။ ဒါ​ပေမယ့်​ အစိုး​ရတဖွဲ့​လုံး​ကို​တော့​ သူမ​ပြောနိုင်ဘူး​ဆိုပြီး​ ​ပြောပါတယ်။
ဒီစကား​တွေကို အ​သေအချာ ပြန်စဉ်း​စား​ကြည့်​ရင် လက်ရှိအစိုး​ရဟာ အ​ပြောင်း​အလဲ လုပ်နိုင်မလုပ်နိုင်ဆိုတဲ့​ လမ်း​ဆုံလမ်း​ခွ​ပေါ်မှာ ​ရောက်​နေတယ်ဆိုတာလည်း​ ​ပေါ်လွင်လာပါတယ်။ အဓိပ္ပာယ်က​တော့​ လက်ရှိ အစိုး​ရအဖွဲ့​ထဲမှာ အ​ပြောင်း​အလဲကို လိုလား​တဲ့​သူ​တွေ ရှိသလို မလိုလား​တဲ့​သူ​တွေလည်း​ ရှိတယ်ဆိုတာ နား​လည်နိုင်ပါတယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်က​တော့​ အ​ပြောင်း​အလဲကို မလိုလား​တဲ့​သူ​တွေလည်း​ အ​ခြေအ​နေကို နား​လည်လာနိုင်​အောင် ကြိုး​စား​စည်း​ရုံး​ရမယ်လို့​ ဆိုထား​ပါတယ်။
လက်ရှိအ ​ခြေအ​နေကိုကြည့်​ရင် တကယ့်​အ​ပြောင်း​အလဲနဲ့​ ပတ်သက်ပြီး​ လက်ဆုပ်လက်ကိုင် ပြနိုင်စရာ မရှိ​သေး​တာက​တော့​ အမှန်ပါ။ ဥပမာ တိုင်း​ရင်း​သား​ အ​ရေး​ကိစ္စ ​ဖြေရှင်း​နေတဲ့​ အ​ခြေအ​နေ၊​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွှတ်​ပေး​ရေး​ကိစ္စ စတာ​တွေက​တော့​ သိသာထင်ရှား​တဲ့​ ကိစ္စ​တွေဖြစ်ပါတယ်။ ဒါတင်မက အခြား​ ကြည့်​ရှုနိုင်စရာ နမူနာ​တွေလည်း​ အများ​ကြီး​ရှိ​နေပါ​သေး​တယ်။ ဥပမာတခုဆိုရင် လက်ရှိ လွှတ်​တော်ထဲမှာ ​ဆွေး​နွေး​နေတဲ့​ ​အောက်​ခြေ ရပ်ကွက်​ကျေး​ရွာ အုပ်ချုပ်​ရေး​မှူး​တွေ ​ရွေး​ချယ်​ရေး​ကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့​ ပတ်သက်ရင် နဂိုက ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေထဲမှာ သက်ဆိုင်ရာ မြို့​နယ်အဆင့်​က​နေ ခန့်​အပ်ရမယ်လို့​ ​ဖော်ပြထား​ပါတယ်။ ဒါကို ပြည်သူလူထုက ​ပြောဆိုလာကြ​တော့​ အာဏာရပါတီဟာ ​ရွေး​ချယ်ထား​တဲ့​ ရပ်မိရပ်ဖ ၅ ဦး​လောက်က ​ရွေး​ပေး​ဖို့​ဆိုတဲ့​ ဥပ​ဒေပြင်ဆင်ချက် မူကြမ်း​ကို တင်လာတာ ဖြစ်ပါတယ်။ လွှတ်​တော်ထဲမှာ ပြည်ခိုင်ဖြိုး​ပါတီကလွဲရင် ကျန်ပါတီ အား​လုံး​လိုလိုက ​အောက်​ခြေရပ်ကွက် ​ကျေး​ရွာအဆင့်​မှာ အုပ်ချုပ်​ရေး​မှူး​တွေကို ပြည်သူလူထု မဲနဲ့​ ​ရွေး​ချယ်တင်​မြှောက်သင့်​တယ်ဆိုပြီး​ တင်ပြကြတာဖြစ်ပါတယ်။ ဒါကို လွှတ်​တော်ထဲမှာ ​ဆွေး​နွေး​ခွင့်​တောင် မရပါဘူး​။ ​ပြောရရင် အာဏာရ အစိုး​ရနဲ့​ အဖွဲ့​ဟာ ဒီမိုက​ရေစီအခွင့်​အ​ရေး​ကို ထိပ်ပိုင်း​ နိုင်ငံ​တော် အဆင့်​ အသာထား​လို့​ ​အောက်​ခြေ ရပ်ကွက် ​ကျေး​ရွာ အဆင့်​မှာ​တောင် မ​ပေး​ချင်ဘူး​ ဆိုတာ ​ပေါ်လွင်​နေပါတယ်။
ဒါ​ပေမယ့်​ တဖက်မှာလည်း​ ပြည်သူ​တွေကို နှစ်​ပေါင်း​များ​စွာ ဒုက္ခ​ပေး​ပြီး​ တိုင်း​ပြည်ပုံရိပ်ကိုလည်း​ ပျက်​စေခဲ့​တဲ့​ ကား​တင်သွင်း​ခွင့်​ ပိတ်ပင်ထား​တဲ့​ ပြဿနာကို ရှင်း​လင်း​ဖို့​ ကြိုး​စား​တဲ့​ စက်မှု ၁၊​ ၂ ဝန်ကြီး​ ဦး​စိုး​သိန်း​၊​ ရထား​ဝန်ကြီး​ ဦး​အောင်မင်း​တို့​လို အ​ပြောင်း​အလဲအတွက် တက်တက်ကြွကြွ လုပ်​နေသူ​တွေကလည်း​ ရှိ​နေပါ​သေး​တယ်။
ဒီအတွက် လူထု​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ စကား​တွေကို ပြန်အနှစ်ချုပ်လိုက်ရင် အ​ပြောင်း​အလဲ ဖြစ်နိုင်တဲ့​ အ​ခြေအ​နေမှာ​ရောက်​နေတယ်။ ဒီအတွက် အ​ပြောင်း​အလဲ လုပ်​နေသူ​တွေရဲ့​ လုပ်ရပ်​တွေကို အား​ပေး​ထောက်ခံပါ။ အ​ပြောင်း​အလဲကို မလိုလား​တဲ့​သူ​တွေလည်း​ အ​ပြောင်း​အလဲ​ကြောင့်​ တိုင်း​ပြည်​ကောင်း​လာမှာကို နား​လည်​အောင် စည်း​ရုံး​သိမ်း​သွင်း​ပါ။ ပြည်သူ​တွေအ​နေနဲ့​ အ​ပြောင်း​အလဲ ဖြစ်လာမှာကို ထိုင်​စောင့်​မ​နေဘဲ ကိုယ်ကျရာ​နေရာက​နေ အ​ပြောင်း​အလဲဖြစ်​အောင် အ​ကောင်အထည်​ဖော် ​ဆောင်ရွက်ပါလို့​ အဓိပ္ပာယ်ရ​ကြောင်း​ တင်ပြလိုက်ရပါတယ်။

No comments: