ရန်ကုန်၊မန္တလေး၊မြစ်ကြီးနား၊ပဲခူး နှင့် နယ်မြို့ များ တွင် အောက်တိုဘာ ၃ ရက်နေ့ ဉ် ဆန္ဒထုတ် ဖော် အုံးမည်

မြန်မာ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး၊ အားလုံး ပါဝင် နိုင်သည့် တွေ့ ဆုံ ဆွေးနွေးမှု ဖြစ် ရေး နှင့်  ဧရာဝတီ မြစ်ဆုံ ရှိ လျှပ် စစ်ဓာတ်အား ထုတ် ဆည် တည် ဆောက် နေခြင်း တို့ ကို ဆန့် ကျင် ကန့် ကွက် သည့် အနေ ဖြင့် အောက်တိုဘာလ ၃ ရက် နှင့် ၄ ရက် နေ့ များ တွင်ရန်ကုန် မန္တလေး နှင့် နယ် မြို့ များ ဉ် ဆန္ဒဖော်ထုတ် ၊ ဆုတောင်း လမ်းလျှောက် ပွဲ များ ကျင်းပအုံး မည် ဟု FNG မှ သတင်း ရရှိ သည်။

ပြီးခဲ့သည့် တနင်္လာ နေ့ က ဆန္ဒ ထုတ်ဖော်ပွဲ တွင် ပါဝင်ခဲ့ သည့် အမျိုးသမီး တစ်ဦး က ” ကျွန်
မတို့  နိုင်ငံ ရေး အကျဉ်းသား တွေ မလွတ် သ၍ ၊ ရေကာ တာ တည်ဆောက် မှု မရပ် သ၍ ဆက်
လုပ် ရ အုံး မည် ဟု ပြောသည်။

ရေကာတာ တည်ဆောက်မှု ဆန့် ကျင် ကန့် ကွက် ပွဲ တစ် ခု ကို စက်တင်ဘာလ ၁၉ ရက်နေ့ 
က ရန်ကုန် မြို့  ဒဂုံ မြို့  နယ် ရှိ တရုတ် သံရုံး ရှေ့ တွင် လည်း ကျင်း ပရန် စီစဉ် ခဲ့ ပြီးနောက်
တစ်ရက် အကြာ တွင် ထိုသံရုံး ရှေ့  ဉ် တစ်ကိုယ် တော်ဆန္ဒပြမှု တစ်ခု ဖြစ်ပွား ခဲ့ သည်။

ယခု အပတ် တနင်္လာ နေ့  က ရန်ကုန် မြို့ နေရာ သုံး ခု ခန့် ဉ် ဆန္ဒ ထုတ် ဖော် ပွဲ များ လုပ်
ရာ လူ နှစ်ရာ ကျော် ခန့်  ပါဝင် ခဲ့ သည်။

ဧရာဝတီ မြစ်ဆုံ ဒေသတွင် တည် ဆောက် မည့်  စင်္ကာပူ နိုင်ငံ နီးပါး ခန့် ကျယ်ဝန်း သည့်
ဆည် ကြီး သည် တရုတ် နိုင်ငံ ၏ စွမ်းအင် လိုအပ် ချက် အတွက် တည် ဆောက် ခြင်း ဖြစ်
သည်။

ထိုဆည် တည်ဆောက် ပါက မြန်မာ နိုင်ငံ ၏ သဘာဝ ပတ်ဝန်းကျင် နှင့် ဂေဟ ဗေဒ စနစ်
များ ပျက်စီးကာ ဧရာဝတီ မြစ် ပါ တိမ် ကော ပ ပျောက် နိုင်သည် ဟု ပညာရှင် များ က သုံး
သပ် ထား ကြသည်။

ဆည်တည် ဆောက် သင့် ၊ မဆောက် သင့် ကို လွှတ်တော် ၏ ဆုံး ဖြတ်မှု ကို ခံယူ မည် ဟု
ဆိုကြ သော် လည်း ကြံ့ဖွတ် ပါတီ နှင့် စစ်တပ် ကြီး စိုး သည့် စစ်တပ် မှ ပြည်သူ ၏ ဆန္ဒ ကို
ကိုယ်စား ပြု သည့် ဆုံး ဖြတ် ချက် ထွက် ပေါ် မည် မဟုတ် ဆို သည့် ယူဆ ချက် များ ကြောင့်
ယခု ကဲ့ သို့  လူထု လှုပ်ရှား မှု များ ပေါ် ပေါက် လာရ ခြင်း ဖြစ် သည် ဟု ၂၀၀၇ မျိုး ဆက်
ကျောင်းသား များ အဖွဲ့  မှာ တာဝန် ရှိ သူ တစ်ဦး က ပြောသည်။

မြစ်ဆုံ ဆည် တည် ဆောက် မှု ကန့် ကွက် ရေး လှုံဆော် မှု သည် မည်သည့် နိုင်ငံရေး နှင့်
အစိုးရ ဆန့် ကျင် ရေး မှ ပါဝင် သည် မဟုတ် ပဲ နိုင်ငံ နှင့် လူမျိုး အကျိုး ၏ အနာဂတ် နှင့်
ပစ္စုပ္ပန် အတွက် လုပ်ဆောင် မှု တစ်ခု သာ ဖြစ်သည် အတွက် အား လုံး ပါဝင် ကြ ရန်တိုက်
တွန်းထား သည်။

No comments: